- ရှင်မဟိန္ဒ။
- ရှင်မတိဋိယ၊
- ရှင်သမ္ပလ၊
- ရှင်ဘဒ္ဒသေလ၊
- သုမဏသာမဏေ၊
- ဗန္ဓုသိက ဥပါသကာတို့ကို အမှုထားလျှက်
ရှင်ဂေါတမ ကွယ်လွန်သည့်နောက်၊ ၂၃၅ ခုနှစ်မြောက် နယုန်လပြည့်နေ့တွင်၊ သာသနာပြုရန် သီဟိုဠ်ကျွန်းသို့ စေလွတ်လေ၏။
- ၎င်းနောက် တပြိုင်တည်း၊ သောဏထေရ်၊ ဥတ္တရထေရ် ၂ ပါးကိုလည်း၊ နောက်ပါ ရဟန်းငါးပါးနှင့်၊ သုဝဏ္ဏဘုမ္မိတိုင်း သထုံပြည်သို့ စေလွတ်လေကြောင်း မဟာရာဇ၀င်ကျမ်းတွင် ပြထားလေ၏၊ စူလ၀င်။ ဒီပ၀င်ကျမ်းတို့၌ကား၊ ကိုးတိုင်း ကိုးဌာနသို့ စေလွတ်သည်ဟု၊ အရိပ်မျှ မြွတ်ဆိုလေ၏။ သို့ သော်လည်း မည်သည့်တိုင်း ဌာနသို့၊ မည်သည့် ရဟန်းကို စေလွတ်သည်ဟု သေချာစွာ အမည်မဖေါ်ပြသောကြောင့်၊ ရမ်းဆ၍ အလိုရှိရာရေးသည်ဟု ဆိုဘွယ်ရာရှိ၏။ဤအချိန်ကစ၍၊ သီဟိုဠ်ကျွန်း မြန်မာ၊ ရှမ်း၊ ယိုးဒယားပြည်၌၊ တဖြည်းဖြည်း ရှင်ဂေါတမ သာသနာသည် ပြန့်ပွားလာကုန်၏။ ၎င်းအချိန်တွင် ပေထက်အက္ခရာ တင်သော ပိဋိကတ်သုံးပုံသည် မပေါ်မရှိသေး။