မဖြေနိုင်ဟုမေးသောမေးခွန်းများ အဖြေ ( ၁ )





ဦးစွာ အထက်ပါ အကြောင်းအရာနှင့် စပ်လျှဉ်း၍ အတိအလင်း ဆိုရပါမူကား။ ယနေ့မျက်မှောက်ခေတ်မှာသာမက ခေတ်အဆက်ဆက်ကပင်၊ လူတို့သည် ဘုရား၊ တရား၊ သံဃာ တည်းဟူသောရတနာမြတ်သုံးပါးတို့အား စော်ကား၊ မော်ကား

ပြုလျှက်ရှိပါသည်။ ဆိုပါစို့ ကမ္ဘာဦး အားဒံနှင့် ဧ၀မှပင် ဖြစ်သည်။ ထို့ကြောင့်လည်း `ငှက်ပျောပင်စိုက် မိလိုက်ဖသာ´ ဆိုသော ဆိုရိုးစကားနှင့် အညီ မြန်မာနိုင်ငံတွင်လည်း၊ အကြံအဖန် ဆရာကြီးဖြစ်သော အရိယဓမ္မနှင့် ရှင်ဥက္ကဋ္ဌ တို့၏

ဘုရားမဲ့၊ တရားမဲ့ နောက်ဆုံးတွင်ကား ``လူသေ လူဖြစ်´´ ဆိုသော လမ်းစဉ်ဖြင့် အသေပင်မဖြောင့်ကြရရှာပဲ ယနေ့ထက်တိုင်အမည်ဆိုးဖြင့်သာ သမိုင်းတွင် တင်ကျန်ရစ်လေတော့သည်။



          ထိုသို့တိုင်အောင်ဖြစ်သော်လည်း၊ ယနေ့ ရိုးသားသော ပြည်သူလူထုကို ဘုရား၊ တရား၊ သံဃာ တည်းဟူသော ရတနာ မြတ်သုံးပါတို့နှင့် ဝေးကွာစေ၍ သံသရာတည်းဟူသော အို၊ နာ၊ သေခြင်း ဆင်းရဲဒုက္ခတွင်မလှမပ ဖြစ်စေရန်အရေး

ခေတ်အဆက်ဆက်က စာတန်မာရ်နတ်၏ နည်းဗျူဟာအတိုင်း `` ဘမျိုး ဘိုးတူ ချိုနဲ့ကားကား´´ ဆိုသည့်အတိုင်း အောက်ပါ မေးခွန်းများကို ကောက်နှုတ်၍ မေးခွန်းပညာရှင်က၀ိကြီးများသဖွယ် အထက်ပါ အရိယဓမ္မနှင့် အရှင်ဥက္ကဋ္ဌ တို့၏

စာအုပ်များမှပင် တတ်ယောင်ကားဖြင့် မေးနေကြဆဲပင်ဖြစ်လေသည်။ ၄င်းတို့အတွက်မူကား ``စာမူစည်းကမ်း ခွင့်ပြုချက်မလို´´  တောကြိုအုံကြား၊လှည်းနေလှေအောင်း၊ မြင်းစောင်းမကျန် အခမဲ့ဖြင့် ထုတ်ပေးနေကြဆဲပင်ဖြစ်သည်



၁။ ကောင်းကင်နှင့်မြေကြီး မဖန်ဆင်းခင် ထာဝရဘုရား သခင် အဘယ်မှာနေပါသနည်း။

ပရိတ်ကြီးပါဠိတော်၊ ရတနာသုတ်၌ ၊ ဝရောဝရညုဝရဒေါဝရဟရော အနုတ္တရောဓမ္မာရံ အဒေသယိ ဟော တော်မူလေသည်။ ။

အနက်ကား။ ။

ဝရော၊ မြတ်သော။

ဝရညု၊ မြတ်သော တရားကို သိတော်မူတတ်သော။

ဝရဟရော၊ မြတ်သော အစီးပွားကိုလည်း ဆောင်တော်မူတတ်သော။

ဝရဒေါ၊ မြတ်သော လောကုတ္တရာ တရားကိုလည်း ပေးတော်မူတတ်သော။

အနုတ္တရော၊ လွန်သောသူမရှိသော မြတ်စွာဘုရားသည်။

ဓမ္မဝရံ၊ ပရိယတ္တိ တရားတော်မြတ်ကို။

အဒေသယိ၊ ဟောတော်မူ၏ ။ဟုလာသောကြောင့်၊ ဘုရားကဟောမှ တရားတော်ရှိကြောင်း ထင်ရှားလေသည်။ ထိုသို့ဖြစ်လျှင်  ဘုရားသည် တရားတော် အရင်ရှိနှင့်သတည်း။

သမ္မာကျမ်းစာ၌ကား ဘုရားသခင်ဟူသည် ပုဂ္ဂိုလ်တော်သည် ပကတိအားဖြင့် ဘုရားဖြစ်တော်မူသောကြောင့် သယမ္ဘူဖြစ်တော်မူ၏။ "ဘုရားသခင်ကလည်း ငါဖြစ်သည့်အတိုင်း ငါဖြစ်၏" ( ထွက်မြောက်ရာ ၃း၁၄)။ ပါရမီဖြည့်ကျင့်သောကြောင့် ဘုရားမဟုတ်၊ ဘုရားဖြစ်သောကြောင့် ဘုရားဖြစ်၏။ ကောင်းမြတ်စုံလင်သော ဆုကျေးဇူး ရှိသမျတို့သည် အလင်းတို့အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။ ထိုအဘသည် ပြောင်းလဲခြင်းမရှိ၊ လှည့်၍လည်း အရိပ်ကျစေတော် မမူတတ်၊ ယာကုပ် ၁း၁၇ ၌လာသည့်အတိုင်း။ မြတ်စွာဘုရားသခင်သည် စုံလင်တော်မူသော အရှင်ဖြစ်၍၊ သာ၍စုံလင်တော်မူရန်မလို၊ မစုံလင်သော လူသတ္တဝါသာလျှင် စုံလင်အောင် ကျင့်ရ။ ပါရမီဖြည့်ရလေသည်။ ထိုကျမ်းစာ စကား၌ "ပြောင်းလဲခြင်းမရှိ" ဟုလာသောကြောင့်။ ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်မှ  နောက်ကမ္ဘာအဆက်ဆက်တိုင် ထာဝရဘုရားဖြစ်တော်မူ၏။

၂။ ထာဝရ ဘုရားကို မည်သူဖန်ဆင်းခဲ့သနည်း။ ထာဝရဘုရား၏ အတ္ထုပ္ပတ္တိကို ဖေါ်ပြပါ။

မေးခွန်းနံပါတ် (၁) နှင့် (၂) တို့၏ အဓိကမေးလိုသောမေးခွန်း၏ ဆိုလိုရင်းမှာ အဓိပ္ပါယ်မှာ တူညီနေသောကြောင့် ဤနေရာတွင် ဖြေဆိုရာတွင် ထပ်လောင်း၍ရှင်းလင်းစေရန် ဆက်လက်၍  ရေးသားသွားပါမည်။

အတုမရှိသော ဘုရားသခင်ကို၎င်း၊ ဘုရားသခင်ဖန်ဆင်းတော်မူသော လောကဓါတ်ကို၎င်း၊ မကြံစည်အပ်သည်ကို ပိဋကတ်ကျမ်းလာသည်နှင့်အညီ ပြဆိုညွန်ပြသွားပေအံ့။လောကေ၊ လောကကို၊ နစိန္တတံ၊ မကြံစည်အပ်သည်ကို စိန္တာယဿ၊ ကြံစည်သောသူအား ဥမ္မတဿ၊ သူရူးနှင့်လည်းတူ၏။  အဝိဂတဿ၊ စိတ်ဖေါက်ပြန်သောသူနှင့်လည်းတူ၏။

ဗုဒ္ဓဿ၊ အတုမရှိသောမြတ်စွာ ဘုရားသခင်ကို၎င်း၊ နစိန္တတံ၊ မကြံစည်အပ်သည်ကို စိန္တာယဿ၊ ကြံစည်သောသူအား ဥမ္မတဿ၊ အရူးနှင့်လည်းတူ၏ဟု လောကဒီပကာသာရကျမ်း၌ ပြဆိုထားပါသည်။

မကြံစည်အပ်သော အရာများ။

          ၁။ ဗုဒ္ဓဝိသယော။ ဘုရားသာသိအပ်သည်ကို မကြံစည်အပ်။

          ၂။ ဈာယိဿ။ ဈာန်အဘိညာဉ်အရာကို မကြံစည်အပ်။

          ၃။ ကမ္မဝါပါကော။ ကံ၏ အကျိုးပေးပုံကို မကြံစည်အပ်။

          ၄။ လောကောစိန္တာ၊ နေ၊ လ စသော လောကတည်ပုံကို မကြံစည်အပ်။

ကြံစည်လျှင် ရူးသွပ်ခြင်း၊ ဆင်းရဲခြင်း၊ ပင်ပန်းခြင်း အဖို့ဖြစ်၏။ (အင်္ဂုတ္ထိုရ်ပါဠိ စတုက္ကနိပါတ် အပဏ္ဏကဝစ်)။

မှန်သော ဘုရားသခင်၌ လူအပေါင်းတို့ထက်သာလွန် ထူးကဲ့တော်မူသော အစိန္တေယသဒ္ဒါ၊ အပမေယသဒ္ဒါတို့နှင့် အညီ ဂုဏ်တော်၏ အချုပ်ကိုဆိုလျှင် လေးပါးရှိ၏။  (ဖေါ်ပြပြီးဖြစ်သည်) လေးပါးဟူမူကား…….

         ၁။ ရူပအစိန္တေယ။

        ၂။ ဣတ္ထိအစိန္တေယ။

        ၃။ ညဏအစိန္တေယ။

        ၄။ ဝါစအစိန္တေယဟူ၍ ဂုဏ်ပုဒ်လေးပါရှိတော်မူ၏။ ထိုအနန္တဂုဏ်ပုဒ်လေးပါး မဂဓပါဠိစကားတို့ကို အဘိဓါန်ကျမ်လာသည့်အတိုင်း မြန်မာလိုပြန်ဆိုလျှင်..... ရူပါအစိန္တေယပုဒ်၌ ။

ရူပါ၊ ရုပ်ကို၊

အစိန္တေယ၊ မကြံစည်အပ်။

အပမေယ၊ မနှိုင်းယှဉ်အပ်။

ဣတ္ထိအစိန္တေယပုဒ်၌ ဣတ္ထိ၊ တန်ခိုးတော်၊

အစိန္တေယပုဒ်၌ ဥာဏ်တော်ကို၊

အစိန္တေယ၊ မကြံစည်အပ်။

အပမေယ၊ မနှိုင်းယှဉ်အပ်။

ဝါစအစိန္တေယ၊ ဝါစ၊ စကားတော်၌၊

အစိန္တေယ၊ မကြံစည်အပ်၊ အပမေယ၊ မနှိုင်းယှဉ်အပ်။ ထိုသို့ မကြံစည်အပ်၊ မနှိုင်းယှဉ်အပ်သော အနန္တရုပ်တော်၊ အနန္တတန်ခိုးတော်၊ အနန္တစကားတော် အပေါင်းတို့နှင့်ပြည့်စုံတော်မူသော်မူမှသာလျှင် လူအပေါင်းတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော မှန်သော ဘုရားသခင်ဖြစ်တော်မူ၏။

ကျေးဇူးတော်အစုံ၊ ဂုဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော ဘုရားသခင်သည် အဘယ်အချိန်ကာလကစ၍ အဘယ်တိုင်းနိုင်ငံ၊ အဘယ်အရပ်ဒေသတို့တွင် ဖြစ်သနည်းဟု ကြံစည်၍မေးဖွယ်ရာမရှိ။ အဘယ့်ကြောင့်ဆိုသော် မှန်သော ဘုရားသည် လောကီပုဂ္ဂိုလ်မဟုတ်၊ လောကုတ္တရာ ပုဂ္ဂိုလ်ဖြစ်တော်မူ၏။ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားတို့နှင့်မကင်းသော သင်္ခါရနယ်၊ လောကီဘုံသားအတွင်းမှာ မွေးဘွားခြင်းကို ခံသောပုဂ္ဂိုလ်မဟုတ်၊ အိုခြင်း၊ နာခြင်း၊ သေခြင်းနှင့်အစဉ်ကင်းစဉ်တော်မူ၍၊ နိစ္စ၊ သုခ၊ အတ္တနှင့်ပြည့်စုံတော်မူသော လောကုတ္တရာ၏ ဘုရားဖြစ်တော်မူသောကြောင့်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တနယ်အတွင်းမှာ မွေးဘွားခြင်းကိုခံရသည့် ပညတ်သတ္တဝါဖြစ်ကြကုန်သော လောကီဘုံသား အပေါင်းတို့က လောကီညာဏ်နု၊ မံသစက္ခုပညတ် မျက်စိဖြင့် ကြည်ရှု၍ မေးဖွယ်ကြံဖွယ်ရာ မဟုတ်ချေ။ ( တိပိဋကတ် ဝိနိစ္စယကျမ်း။ မောင်ပန်းရည်၊ ဒု-တွဲ၊ နှာ ၁၄-၁၆)။

သမ္မာကျမ်းစာလာသည့်အတိုင်း၊ ပရောဖက် ဟေရှာယ " ထာဝရ ဘုရားမိန့်တော်မူသည်ကား…… ငါ့ရှေ့မှာ ဖန်ဆင်းရာထဲက အဘယ်ဘုရားသခင်မျှ မဖြစ်၊ ငါ့နောက်မှာလည်း အဘယ်ဘုရားသခင်မျှမရှိရာ…… နေ့ရက်ကာလ မဖြစ်မှီ ငါသည် ဘုရားဖြစ်၏" ( ဟေရှာယ ၄၃း၁၀-၁၃)။ "ငါဖြစ်သည့်အတိုင်း ငါဖြစ်၏" ( ထွက်မြောက်ရာ ၃း၁၄)။ "ငါသည် အာလဖဖြစ်၏၊ ဩမေဃလည်းဖြစ်၏၊ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏၊ အစနှင့်အဆုံးလည်းဖြစ်၏" ( ဗျာဒိတ် ၂၂း၁၃)။

ယနေ့မျက်မှောက်ခေတ်တွင် လူတို့သည်"သာသနာတော် နှစ်ထောင်ကျော် နောင်သော်ရောက်သောအခါ၊ တရားကင်းကြ ခပင်းပါပ မုချ အုပ်စိုးမှာ"ဆိုသော စကားအတိုင်း ယနေ့လူတို့သည် ဘုရားကားအောက် မျောက်ကား အထက်ဆိုသည့်အတိုင်း မိမိ အလိုဆန္ဒကို ရှေ့တန်းတင်ကာ၊ ပါးစပ်က လူမြင်ကောင်းအောင် "ဘုရား၊ ဘုရား ဟူ၍ " တကာအော်နေကြသော်လည်း လက်တွေ့ကျင့်သုံးရာတွင်မူကား ဘုရားကို ပေယျာလကံပြုကာ နေကြလေတော့သည်တကား။ အတိအလင်း ဥကမာကို ပြဆိုရပါက၊ "အဇ္ဇတဂ္ဂေပါဏုပေတံ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ" အသက်ထက်ဆုံး ဘုရားအား ကိုးကွယ်ရာ အဖြစ် ဆည်းကပ်ပါသည်ဟု ဆိုငြားလည်း။ တဖက်၌ကား " အတ္တာဟိ အတ္တနောနာထော ကောဟိနာထော ပရောသိယာ" မိမိကိုယ်သာ အားကိုးရာဟူ၍ အပြောနှင့် အလုပ်မညီညွတ်ကြပါတော့ချေတကား။ ဤ၍ကား အမှန်အကန်ဖြစ်နေသော ယနေ့ မျက်မှောက် လောကီသားတို့၏ အခြေအနေမှန်ပင်ဖြစ်ပေတော့သတည်။

တစ်ရံရောအခါ၊ ယုံကြည်သူ ခရစ်ယာန် ပညာရှင်တစ်ဦးနှင့် မယုံကြည်သူ ဘုရားမဲ့ ဝါဒီပညာရှင်တို့သည် လုပ်ဖေါ်ဆောင်ဖက်များဖြစ်ကြ၍ တစ်ဦးနှင့် တစ်ဦး ကူညီယိုင်းပင်းကာ ချစ်ချစ်ခင်ခင် ရင်းနှီးသောမိတ်ဆွေများဖြစ်ကြသည်။ တစ်နေ့သ၌ ခရစ်ယာန် မိတ်ဆွေက မိမိအိမ်၌ စာကြည့်ခန်းတွင် စကြာဝဠာအတွင်း ဂြိုလ်ကြီးကိုးလုံး၏ လည်ပါတ်ပုံကို ပုံစံငယ်ထုတ်ထားသည့်အတိုင်း ပုံဖေါ်၍ မော်တာကို အသုံးပြုကာ စကြာဝဠာအတွင်း ဂြိုလ်ကြီးကိုးလုံးတို့၏ ဂြိုလ်ပတ်လမ်းကြောင်း အသီးသီးတို့၌ လည်ပတ်ပုံကို တီထွင်ဖန်တီးနိုင်ခဲ့လေသည်။ တစ်နေ့မှာတော့ သူ့ရဲ့မယုံကြည်သူ မိတ်ဆွေကို ညစာမိတ်ဆုံစားပွဲလာရောက်ဖို့ ရက်ချိန်းပေးပြီး ဘိတ်ကြားထားပါသည်။ အချိန်တန်သည်ရှိသော်၊ မယုံကြည်သူ မိတ်ဆွေရောက်လာပြီး၊ ပြင်ဆင်ထားသော ညစာစားပွဲကို နှစ်ဦးသား မြိန်ရည်၊ ယှက်ရည်ဖြင့် သုံးဆောင်ခဲ့ကြသည်။ စားပြီးသည့်အခါတွင် ခရစ်ယာန် မိတ်ဆွေက၊ သူ့ရဲ့ မယုံကြည်သူ၏ လက်ကိုကိုင်ဆွဲကာ မိမိ၏ စာကြည့်စားပွဲခန်းသို့ ခေါ်ဆောင်သွားပါတော့သည်။ မယုံကြည်သူ သူ့မိတ်ဆွေသည် ၄င်းစကြာဝဠာပုံစံငယ်လေးကို သက်ဝင်လှုပ်ရှားနေသည့် အလားအလာကို မြင်လိုက်ရသည်နှင့် ခဏတာမျှကြည့်ရှုပြီး သူ့ရဲ့ခရစ်ယာန် မိတ်ဆွေဘက်သို့လှည့်ကာ  မေးလိုက်သည်။

"ဒါဘယ်က ရလာတာလည်း။ တော်တော့ကို ပီပြင်တာဘဲ။ ဘယ်သူလုပ်တာလဲ"

ခရစ်ယာန်မိတ်ဆွေကလည်း အေးအေးဆေးဆေးဘဲပြန်ဖြေပါတယ်။

"ဘယ်သူမှ မလုပ်ပါဘူးကွာ၊ သူ့ဟာသူဖြစ်လာတာပါ" ဟူ၍ပြန်ဖြေလိုက်လေသည်။

ဒီအဖြေကို မယုံကြည်သူ မိတ်ဆွေက မကျေနပ်သည့်အတွက် ခရစ်ယာန် မိတ်ဆွေဘက်သို့ လှည့်ပြီး ပြောသည်မှာ။

" ဒီမှာ မင်းငါ့ကို အရူးအောက်မေ့နေလို့လား၊ ငါယုံမယ်များ မင်းထင်သလား"ဟူ၍ ဆိုလိုက်လေသည်။

အဲ့ဒီအခါမှာ

"အေးဟုတ်ပေသားပဲ"ဟု ဆိုကာထွက်ခွါသွားလေသည်။

ထိုနည်းတူစွာပင် အဆွေ၏ မေးခွန်းများအား ဤမျဖြေကြားရင်း ရပ်နားလိုက်ပါတော့မည်။

၃။ မွေးဖွာလာစကပင် တစ်ဦးနှင့် တစ်ဦး မတူညီဖြစ်ရသည့်အကြောင်းမှန်ကို ရှင်းပြပါ။

ပိဋကတ်ကျမ်းအဆိုအမိန့်အတိုင်း လူတမျိုးနှင့် တမျိုး၊ အယုတ်အမြတ်မှတ်သားလျှက် ရှိလေသည်။ အထူးသဖြင့် ကရင်နှင့် ချင်းလူမျိုးကို ယုတ်ညံ့သော လူသားများအဖြစ် ရှုမြင်သုံးသပ်ပုံကို ပိဋကတ်ကျမ်းလာရင်းအတိုင်း ပြဆိုပေအံ့။

ဒုစရိုက်ဆယ်ပါး၊ အကုသိုလ် တရားတို့ကို လိုက်စားပြု၍ လုပ်အားထုတ်ကျင့်ကြံသောသူတို့သည် သေသည့်အခြားမဲ့၌ ငရဲစသော အပါယ်လေးပါးသို့ သွားရောက်ခံစားရပါသည်။ ငရဲအစရှိသော အပါယ်လေးပါးမှ လွတ်၍ လူဖြစ်ပြန်ပါကလည်း ကံဟောင်းနေ့က ဖန်တီးပုံအရကြောင့် ဝိပါက အကျိုးပေးလျှက်ရှိ၏။ အဆိုပါ ဒုစရိုက်ဆယ်ပါး အကုသိုလ် တရားတို့၏ ဝိပါက အကျိုးပေးပုံမှာ ပါဏာတိပါတ ကံကြောင့် အနာရောဂါများ၍ အသက်တိုရခြင်း။ အဒိန္နာဒါနကံကြောင့်  စည်းစိမ်ဥစ္စာ မတည်ကြရခြင်း။ ကာမေသုမိစ္ဆာစာရကံကြောင့် မိန်းမ၊ ယောင်္ကျားကောင်းဘဝကို မရရခြင်းဖြစ်သည်။ မုသာပြောသောကြောင့် ခံတွင်းပုတ်၍၊ သူတကာက မိမိပြောသောစကားကို မယုံကြည်ခြင်း။ စသည်ဖြင့် တွေ့ရပါသည်။ ထိုဗျာပါဒကံကြောင့် ထွီဖွန်ဟာဟေး၊ တံတွေးထွေးလျှက်၊ ဟန်ရေးမသာ ရွှံရှာစက်ဆုပ်၊ ရတနာသုံးအင်၊ နှလုံးမယှဉ်တဲ့၊ ကရင်၊ ချင်းရိုင်း၊ ထိုင်းမှိုင်းပူထူ၊ မလက္ခုအမျိုး၌ ဖြစ်ရခြင်း၊ ဤသို့သော အပြစ်များကို ကာလရှည်လျားအောင် ခံစားရပါသည်။ (ဂီဟီဝိနယငါးစောင်တွဲကျမ်း။ စာမျက်နှာ ၈)။

တဖန်။ ။ရှင်တော်ဂေါတမ အလောင်း နိယတဗျာဒိတ် ခံသည်ကိုပြခြင်းကိုကြည့်ပါကလည်း ငုံးငှက် တိရိစ္ဆာန်အဖြစ်မှသည် ဇာတ်နုငါးရာ၊ ငါးဆယ့်ဘွဲ့ထဲတွင် ဝေဿန္တရာဇာတ်ကို အဆုံးထား၍ သုတ္တံနိပါတ်၊ အဌကထာ၊ ဗုဒ္ဓဝင် အပါအဝင် အပါဒါန်ကျမ်းတို့တွင်ပြသည်။ ထို့ကြောင့် ၄င်းပြဆိုခဲ့သော အကြောင်းအရာတို့တွင် ချင်း၊ ကရင်၊ တောင်သူလူမျိုးတို့သည် မိမိကိုယ်ကို စဉ်းစားဆင်ခြင်လျှင် ရှင်တော်ဂေါတမကို အလွန်စိတ်နာစရာကောင်းပေသည်။ အဘယ့်ကြောင့်ဆိုသော် ရှင်တော်ဂေါတမအလောင်းသည် ငုံးငှက်အောက်ငယ်သော တိရိစ္ဆာန်နှင့် ဆင်ထက်ကြီးသော တိရိစ္ဆာန်အမျိုး၌သာလျှင် မဖြစ်သည်။ ၄င်းငုံးငှက်နှင့် ဆင်တို့အကြားရှိသော တိရိစ္ဆာန်တို့၌ တမျိုးမျိုးတွင်ဖြစ်နိုင်သော်လည်း။ ချင်း၊ ကရင်၊ တောင်သူအမျိုးတို့တွင်ကား အလျှဉ်းမဖြစ်နိုင်ဆိုသောကြောင့်၊ ဗုဒ္ဓဘာသာပိဋိကတ်ကျမ်းဆိုအလိုအားဖြင့် ချင်းကရင်၊ တောင်သူတို့ကို တိရိစ္ဆာန်ထက် ယုတ်ညံ့သည်ဟု ဆိုသော်လည်း၊  စဉ်းစားဆင်ခြင်၍ အမြော်အမြင်ရှိသော ချင်း၊ ကရင်၊ တောင်သူလူမျိုးတို့မှသာလျှင် ရှက်ကြောက်နာကျင်ခြင်းရှိမည်။ နတ်မိမ္ဆာနှင့် ခေါင်ရည်ကို မစွန့်လိုသည့် ချင်း၊ ကရင်၊ တောင်သူတို့မှာ ရှက်ကြောက်ခြင်း၊ နာကျဉ်ရခြင်းကောင်းသည် ရှိမည်မဟုတ်။ သို့သော်လည်း ဗုဒ္ဓဘာသာပိဋကတ်က ချင်း၊ ကရင်၊ တောင်သူတို့သည် တိရိစ္ဆာန်တို့ထက် ယုတ်ညံ့သည်ဟု ဆိုသော်ငြားလည်း။ ထိုစကားတော်အတိုင် ချင်း၊ ကရင်၊ တောင်သူတို့သည် ထိုတိရိစ္ဆာန်တို့ထက် အလျှဉ်းမယုတ်ကြောင်းကို ယခုခေတ်တွင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့နိုင်ပေသည်။

ဤနေရာတွင် ကွဲပြားခြားနားခြင်း မရှိအားလုံးသောသူတို့၏ တူညီသော သဘောသဘာဝကို အသင်စာရှုသူ၏ အမြင်၌ ဖြေရှင်းရန် စိတ်မရှိပါသော်လည်း၊ ထိုကွဲပြားချက်များ၏ အစမူလမှာကား အပြစ်တရားကြောင့်သာ တနည်း အကုသိုလ်ကြောင့်သာဟုပင် ဆိုရပေမည်။လူအချို့တို့တွင် ကိုယ်လက်အင်္ဂါချို့ယွင်းသည့်ဘဝ၌သော်လည်းကောင်း။ အချို့က ဆွံ့အခြင်း၊ နားမကြား၊ မျက်မမြင်၊ အစရှိသောဘဝဖြင့်သော်လည်းကောင်း အသက်ရှင်နေကြသည်မှာ အမှန်ရှိပါ၏။ ဤကဲ့သို့ မလိုလားအပ်သော လူ့ဘဝဖြစ်စဉ်သည် ဘုရားရှင်အား အပြစ်တင်ဝေဖန်ရန်အလျှဉ်းမရှိပါလေ။ အကြောင်းအရင်းရှင်းရသော်ကား မိဦး၊ ဖဦးဖြစ်ကြသော အာဒံနှင့် ဧဝသည် ဘုရားစကားနားမထောင်ခြင်းမှ အစပြုခဲ့ရာ၊ မင်္ဂလာအပေါင်းနှင့်ပြည့်ဝ ခညောင်းနေသော ဧဒင်ဥယျာဉ်မှ သူတို့ကို နှင်ထုတ်လိုက်ရာမှ တရားစာရေသင့်ခြင်းနှင့်ပြည့်သောအသက်တာ၊ ဘုရားစာရေသင့်သောဘဝအသက်တာ စသော ကျိန်ခြင်းခံရသော ဤမြေကမ္ဘာသို့ ချင်းနင်းဝင်ရောက်လာခဲ့ရလေသည်နှင့်အမျှ အာဒံနှင့် ဧဝတို့၏ ဘဝသည် လူလုံးမလှ ယူကြုံးမရဖြစ်ခဲ့ရလေတော့သည်။ အာဒံနှင့် ဧဝမှ ဆင်းသက်သော လူသားမျိုးနွယ်အပေါင်းတို့သည်လည်း၊ လူ့ဘဝ၏ ဆိုးမွေ၊ ကောင်းမွေများဖြစ်သော မျိုးရိုးဗီဇဖောက်ပြန်ချို့ယွင်းမှု၊ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု၊ ရောဂါဘယ ဖိစီးနှိပ်စက်မှု၊ ပါတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ကျရောက်မှု၊ လူလူချင်းခေါင်းပုံဖြတ်မှု၊ မတရားအာဏာအလွဲသုံးစားခြင်းခံရမှုမှစ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်မှုရေးရာအစရှိသည်တို့သည်လည်း မတည်မငြိမ်ဖြစ်လာကာ မေတ္တတရားခေါင်းပါးသော ဤကမ္ဘာလောကကြီးထဲ၌ ကျဉ်လည်ခဲ့ရလေတော့သည်။

ထို့ကြောင့် ခရစ်တော်သည် သူ၌ရှိသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ကို ကျွန်ုပ်တို့ပြန်လည် ရရှိစေရန် ကြွလာတော်မူခြင်းဖြစ်ပြီး၊ ကျွန်ုပ်တို့အား အသိပညာ၊ ဖြောင့်မတ်ခြင်းနှင့် ဘုရား၏အနွယ်ဝင်များ မည်ကဲ့သို့ဖြစ်လာနိုင်ကြောင်းတို့မှ အစမည်သို့ ပြန်လည်၍ လူနှင့်ဘုရား ပေါင်းစည်းနိုင်ကြောင်း ဟောဖေါ်ညွန်ပြသွန်သင်တော်မူခဲ့ပါသည်။ ယခင်က ဆရာဝန်နှင့် ဆေးသိပ္ပံပညာရှင်များမှ သက်ဆိုင်ရာ ရောဂါဖြစ်ပွားလာရခြင်း၏ ဇစ်မြစ်အမှန်ကို မဖေါ်ထုတ်ပေးနိုင်သည့်ခေတ်ကာလ၌ စုန်းလား၊ နတ်လား၊ ကဝေကဝလား၊ အစရှိသည့် "လားပေါင်းများစွာ" ဖြင့် ရော်ရမ်းမှန်းဆကာ ထင်ကြေးပေးခဲ့ကြသည်။ သို့သော်လည်း ယခုခေတ်ဆေးသိပ္ပံပညာအရ လျှင်မြန်စွာ တိုးတက်လာသည်နှင့်အညီ ရောဂါဖြစ်ပွားရခြင်း၏ ဇစ်မြစ်များတို့၏ အမှန်ကို ဆက်တိုက်ဖေါ်ထုတ်ပေးနိုင်ပေပြီ။ တစ်ချိန်က အနူရောဂါကို ကံနာ၊ ဝဋ်နာ၊ ဟိုဒီယိုးမယ်ဖွဲ့ကာ လူမတန်ကံချ ဆိုသော အမြင်ကျဉ်းမြောင်းသော ဝါဒဖြင့် သတ်မှတ်ခဲ့ကြသော်လည်း။ ယနေ့သိပ္ပံဆေးပညာ၏ တွေ့ရှိချက်အရ၊ အနူရောဂါသ်ည အနူရောဂါကို ဖြစ်ပွားစေသည့် မိုင်ကိုဘက်တီးရီးယားလက်ပရေးပိုးတစ်မျိုးကြောင့်ဖြစ်ကြောင်း၊ ယနေ့ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်ပင် အနာကြီးရောဂါ လုံးဝပပျောက်ရေး စီမံချက်ဖြင့် ကျန်းမာရေးဌာနက ဆောင်ရွက်ရာတွင် အောင်မြင်စွာအကောင်အထည်ဖေါ်လျှက်ရှိကြောင်း၊ ယခုလက်ရှိဆေးဝါးများဖြင့် လူနာကို နှစ်အတွင်းမှာပင် ရောဂါလုံးဝ ပျောက်ကင်းနိုင်နေပြီး၊ ကူးစက်မှုနုန်းလည်း သိသိသာသာကျဆင်းလာပြီးဖြစ်သည့်အတွက် "အနူဆိုတာ ချိုနဲလားကွယ်"  ဆိုတဲ့ခေတ်ရောက်လာပါလိမ့်မည်။ နောက်တွင်ကား "အနူဆိုတာ၊ ကြက်နာ၊ ဝက်နာ၊ ဘဲနာ၊ ဟိုဒီနာလားကွယ်" ဟူ၍ ဆိုလာနိုင်ပေတော့မည်။

နောက်ပြီး ယနေ့ မျက်မှောက်ခေတ်တွင် ကျယ်ပြန့်စွာ သုံးနေကြသောစကားမှာ " တစ္ဆေ၊ သရဲဆိုတာတွေလား၊ ခရစ်ယာန်တွေကိုသာထားလိုက် ကိစ္စချောသွားလိုက်မည်" ဆိုသော စကားပင်ဖြစ်သည်။ အကြောင်းပေတည်။

၎။ ခရစ်ယာန်ဘာသာဝင်တွင် ရှေ့ဘဝနောက်ဘဝ ရှိပါသလား။

ထိုအရာများအတွက် အဖြေကို ကျွန်ုပ်ကိုယ်စား အရှင်ဥာဏ ဓမ္မဝိဟာရီ ကပင်ဖြေကြားပေးပါလိုက်မည်။ ( မှတ်ချက်၊ မာလ်တီပလ်ကွန်ယက်မှ ယူထားပါသည်)

ဘဝပြဿနာငြိမ်းချမ်းမှုနှင့် လွန်ဝေးကွာ

နောက်ဘဝ ရှိသည်၊ နောက်ဘဝ မရှိ။ အတိုင်းအဆမရှိခြားနားလှသောဤအဖြေနှစ်ရပ်သည်ငြိမ်းချမ်းမှုနှင့်အလွန်ဝေးကွာလှသော အဖြေနှစ်ရပ်ဖြစ်သည်။အဘယ့်ကြောင့်နည်း?နောက်ဘဝရှိသည်ဟု ခံယူသူသည် နောက်ဘဝအရှိကို အခြေခံထား၍ပြုလုပ်၊ပြောဆို၊ ကြံစည်မည် ဖြစ်သည်။နောက်ဘဝမရှိ ခံယူသူသည် နောက်ဘဝမရှိကိုအခြေခံထား၍ပြုလုပ်၊ပြောဆို၊ကြံစည်မည်ဖြစ်သည်။အကယ် ကြံစည်၊ပြောဆို၊ပြုလုပ်မှုများအတွက် အခြေခံထားသင့်သောအရာသည် "နောက်-နောင်" ဖြစ်သင့်ပါသလော၊ ယခုပင်ဖြစ်သင့်ပုံကို လူတိုင်းပင် သိကြပြီးဟုတ်ပါလော။ထို့ပြင်နောက်နောင်သည်သေချာသောအရာဖြစ်ကြောင်းသက်သေအထင်အရှားပြနိုင်ပါမည်လော။

ထို့ပြင်လည်း "နောက်နောင်"ကိုသိသောအသိသည် မှန်ကန်သောအသိဖြစ်ကြောင်း လူတိုင်း မြင်သာအောင် ပြနိုင်ပါမည်လော။ ဤသို့ပင်နောက်ဘဝရှိ၊မရှိအဖြေသည်ငြိမ်းချမ်းမှုနှင့်အလွန်ဝေးကွာလှပေသည်။နောက်ဘဝရှိနှင့်မရှိအယူများငြိမ်းချမ်းမှုနှင့်ဝေးကွာနေသောအကြောင်းသည် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဤမျှ ခက်ခဲနက်နဲစွာပင် စဉ်းစားတွက်ချက်နေရန်

မလိုသောအရာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓအရှင်မြတ်ဖြစ်သောဗုဒ္ဓဘာသာတို့၏ ဆရာထိပ်ခေါင်တင်၏ မိန့်မြက်စကား အထင်အရှား ဦးထိပ်ရွက် ပန်ဆင်ခွင့် ရကြသောကြောင့်ဖြစ်သည်။ဗုဒ္ဓအသျှင်မြတ်သည် ပုဂ္ဂိုလ်ပေါင်းများစွာအား နေရာပေါင်းများစွာ၌အကြိမ်ပေါင်းများစွာပင် နောက်ဘဝရ၊မရှိ မယူသင့်ပုံကို အကြောင်းပြစကားပေါင်းများစွာဖြင့် ဟောကြားခဲ့သည်။နောက်ဘဝရှိနှင့်မရှိ အစရှိသောခံယူချက်သည်-

"ဒိဋ္ဌိခရီးကြမ်း၊ ဒိဋ္ဌိဆူးညှောင့်ဖြစ်သည်။ ကိလေသာ နီဝရဏများပွားကြောင်း ဖြစ်သည်။ ငြိမ်းအေးကြောင်း၊ အသိဥာဏ်ရကြောင်း၊ လွတ်မြောက်ကြောင်း မဟုတ်သောအရာ ဖြစ်သည်"၊ အစရှိသဖြင့် ဖြစ်သည်။ဗုဒ္ဓ၏တရားတော်၌ လဲလျောင်းမိကြသော ဗုဒ္ဓဘာသာဝင်များ အနေဖြင့်မူ ဗုဒ္ဓ၏ ဤညွှန်ပြချက်ကို ကောင်းစွာ သဘောပေါက်ကြသောကြောင့် ရှေ့၊နောက်ဘဝဖြစ်နှင့်မဖြစ် အယူကို ဗုဒ္ဓတားမြစ်တော်မူချက်အတိုင်း လိုက်နာခါမယူဘဲ နေနိုင်ခဲ့ကြသည်။ရှေ့နောက်ဘဝရှိ၊မရှိ အယူသည် စိတ္တဇအယူ ဖြစ်သည်။

မိမိငြိမ်းချမ်းရေးအတွက် အရေးမပါ အရာမရောက်သောအယူ ဖြစ်ရုံမျှမက အနှောင့်အယှက်ပြုသောအရာ ဖြစ်သည်။ ရှေ့နောက်ဘဝရှိနှင့်မရှိအဖြစ် ယူဆမှုဖြစ်သောလူကိုကျော်လွှား တွေးထင်မှုတစ်ခုခု ရှိနေသမျှ တရားမှန်ကို သတ်မှတ်မရ ဖြစ်မည်။ တရားမှန် သတ်မှတ်မရသမျှ မကျင့်ကြံနိုင် ဖြစ်မည်။ မကျင့်ကြံနိုင်သမျှငြိမ်းချမ်းမှုမရ ဖြစ်မည်။ ဤသို့ပင် ဗုဒ္ဓတရားတော်၌ လဲလျောင်းမိကြပြီးသူ ဗုဒ္ဓဘာသာဝင်များ သိကြသည်။သူတို့သည် ဗုဒ္ဓတရားတော်၌ ညွှန်ပြထားသော"ကံ"ကိုလည်းကောင်း၊ကံ၏အကြောင်းတရားဖြစ်သော "ကိလေသာ"ကိုလည်းကောင်း၊ ကံ၏အကျိုးတရားနှင့် ကိလေသာ၏အကြောင်းတရားဖြစ်သော ဝိပါက်ကိုလည်းကောင်း၊ ဝဋ်သုံးပါးကို "သသည သမနက ဗျာမမတ္တ ကဠေဝရ"-ဖြစ်သော အသိစိတ်ဓာတ်နှင့် အမှတ်သညာရှိသော ဤတစ်လံမျှကိုယ်၌ အလင်းအထင်ပင် လည်ပတ်ဖြစ်ပွားနေပုံကို သိမြင်နေကြသည်။သူတို့သည်ကံ၊ကိလေသာ၊ဝိပါက်များနှင့်စပ်၍ သဒ္ဓါ၊ရုစိ၊အနုဿဝ၊အာကာရ ပရိဝိတက္က၊ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ-ဟူသော အယုံ၊ အကြိုက်၊ သူပြော၊ ကြံလုံး၊ထင်လုံးများဖြင့် ကြည့်မြင်ခြင်း မရှိ။ အဟုတ်တကယ်ရှိနေသည်ကို အဟုတ်တကယ် ရှိနေသည့်အတိုင်း ကြည့်မြင်သူများ ဖြစ်ကြသည်။ထို့ကြောင့် သူတို့သည် ကိလေသာ၊ကံ၊ဝိပါက်ဟူသော ဝဋ်ဒုက္ခသံသရာ၌ လူများ လည်နေကြခြင်းမဟုတ်ဘဲ၊ လူ၌ ကိလေသာ၊ကံ၊ဝိပါက်-ဟူသော ဝဋ်ဒုက္ခသံသရာများ လည်ပတ်နေကြပုံကို သိမြင်ကြသည်။ လူသည် ဝဋ်ဒုက္ခသံသရာ၏ ဌာနီမဟုတ်၊ ဝဋ်ဒုက္ခသံသရာသည် လူ၏ဌာန မဟုတ်။ လူသည်သာဝဋ်ဒုက္ခသံသရာ၏ ဌာနဖြစ်သည်။ ဝဋ်ဒုက္ခသံသရာသည်သာ လူ၏ ဌာနီဖြစ်သည်။ ဤသို့ ကိုယ်တိုင်သိမြင်ကြသည်။ထို့ကြောင့် ဗုဒ္ဓတရားတော်၌ စိတ္တဇကင်းစွာ လဲလျောင်းမိကြသော ဗုဒ္ဓဘာသာဝင်ဖြစ်သောသူတို့ အနေဖြင့်နောက်ဘဝရှ၊မရှိ အယူများသည် ငြိမ်းချမ်းရေးနှင့် ဝေးကွာကြောင်း၊ ခက်ခဲနက်နဲစွာ စဉ်းစားတွက်ချက်မှု မလိုခြင်း ဖြစ်သည်။

ရှေ့နောက်ဘဝရှိ၊မရှိ တစ်ခုခု အယူသည် ခေတ်သစ်သိပ္ပံနိယာမများထက် ခက်ခဲနက်နဲပါသည်။ အိုင်စတိုင်း၊နယူတန် စသူတို့၏ ခေတ်သစ် သိပ္ပံနိယာမများသည် တည်ဆောက်၍ရသည်ကို တည်ဆောက်ထားခြင်း ဖြစ်သော်လည်း ရှေ့နောက်ဘဝ ရှိနှင့်မရှိ အယူတစ်ခုခုသည် ကတ္တားမပါသော ကြိယာကိုတည်ဆောက်ရခြင်းဖြစ်၍ ဝါကျဖြစ်အောင် တည်ဆောက်၍ရလေဟန် ဖြစ်သည်အထိ လုံးပန်းရသောကြောင့် ဖြစ်ပါသည်။လူသတ္တဝါသည် မွေးပြီးမှ မသေမီအထိ လူသတ္တဝါအဖြစ် ရှိပြီး၊ဤသို့သာရှိသော လူသတ္တဝါကတ္တားကို လူသတ္တဝါမမွေးမီနှင့် လူသတ္တဝါသေပြီးကာလတို့၌ ဖြစ် သို့မဟုတ် မဖြစ်-ဟူသော ကြိယာများဖြင့် ဝါကျတည်ဆောက်ခြင်း ဖြစ်သည်။ ဤကြိယာများအတွက် ဤကြိယာများ တည်ရှိချိန်၌ ဤကြိယာများကိုပြုမူသူ ကတ္တားသည် အလျဉ်းမရှိ၊ ဘိတ်မရှိ ဖြစ်သည်။ထို့ကြောင့် လူသတ္တဝါ ရှေ့နောက်ရှိçမရှိ ပြဿနာသည် အိုင်းစတိုင်းတို့၏ သိပ္ပံနိယာမများထက် ခက်ပါသည်။ အမှန်အတိုင်းဆိုလျင် လုပ်၍မရသည်အထိပင် ခက်ခဲပါသည်။ဤသို့ ခက်ခဲသော ရှေ့နောက်ဖြစ်၊မဖြစ် အရာတစ်ခုခုကို ယူငင်ခြင်းသည် ခက်ခဲမှုကိုကျော်လွှားခြင်း မဟုတ်ဘဲ ခက်ခဲမှုအတွင်း သက်ဆင်း ကျရောက်သွားခံရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အကျိုးရမှုအနေဖြင့်လည်း သိပ္ပံနိယာမများကြောင့်ရရှိသော အကျိုးအရေအတွက်မျှမက အကျိုးယုတ်မှု အရေအတွက်များ လွန်စွာဖြစ်ပွားမည် ဖြစ်ပါသည်။ဤသို့ပင် ရှေ့နောက်ဘဝပြဿနာသည် ငြိမ်းချမ်းမှု အလွန် ဝေးကွာပါသည်။ သက်တော်၉၈နှစ်အရွယ်ရှိ မင်းကွန်းတောင်ရိုးမှ တရားပြဆရာတော်ကြီးဖြစ်သော သုံးဆယ်ပေးဆရာတော်ကြီး မိန့်ကြားတော်မူသည့် အဖြစ်အပျက်မှာ ဧရာဝတီမြစ်ရိုး ရွာတစ်ရွာ၌ ဖြစ်သည်။ ရွာမှ မိန်းကလေးတစ်ယောက်သည် ရွာကိုဆိုက်ကပ်၍ အောက်ပြည်မှဈေးရောင်း ဈေးလှေကြီးပေါ်မှ လူငယ်တစ်ယောက်နှင့် လူငယ်တို့ဘာဝ ချစ်ကြိုက်နေခဲ့သည်။ ရက်အတန်ကြာ၍ ရွာမှဈေးလှေကြီး စုန်ထွက်သောအခါ တိတ်တဆိတ် လိုက်သွားခဲ့သည်။

ဤသို့ လိုက်သွားသည်ကို မိဘများမသိရန် လှည့်စားမှုတစ်ခု ပြုထားခဲ့သည်။ ရေခပ်အိုး၊ဖိနပ်၊ ဆပ်ပြာနှင့် အဝတ်အစားများကို ရေစပ်မှာထားခဲ့သည်။ မိဘများက သူတို့သမီး ရေနစ်သေပြီဟု မှတ်ယူကြသည်။ အလောင်းရှာကြသည်။ မတွေ့သောအခါ လက်လျှော့ပြီး ဆွမ်းသွတ်ကြသည်။ တစ်နေ့၌ ရွာတွင်မွေးဖွားသော ကလေးတစ်ယောက်သည် ရေနစ်သေသူဝင်စား ဖြစ်ကြောင်း ပြောလာသည်။ အကြောင်းထုပ္ပတ္တိနှင့် ဇာစ်မြစ်များကို မကြွင်းမကျန် ပြောနေသည်။အောက်ပြည်သို့ ချစ်သူနောက်လိုက်သွားသော မိန်းကလေးသည် သားသမီးတစ်ယောက်နှစ်ယောက် ရပြီးနောက် မိဘနှင့်ရွာကို လွမ်းဆွတ်သည်နှင့်ကလေးများကိုပိုက်၍ မိဘရပ်ထံ ပြန်လာခဲ့သည်။ ရွာရေဆိပ်အရောက်၌ သေသူမိန်းကလေးပြန်လာပြီဟု ရွာသူရွာသားများ အုတ်အော်သောင်းနင်း ပြောဆိုကြသည်။ ဤအသံကိုကြားရပြီးနောက်၌ ဝင်စားဆိုသူသည် ထိုမိန်းကလေး အကြောင်း မည်သို့မျှ မပြောတတ်ဘဲ အ-သွားခဲ့သည်ဟူ၍ ဖြစ်သည်။

ဤအဖြစ်အပျက်သည် မသေဘဲ ဝင်စားမှုဆိုင်ရာ အဖြစ်အပျက်တစ်ခုဖြစ်သည်။

ဤအကြောင်း နောက်တစ်ခုလည်း မှတ်သားရန် ဖြစ်သည်။ ဤအဖြစ်အပျက်ကိုပြောပြသူမှာ မင်းကွန်းတောင်ရိုး ရန်ကင်းချောင်မှ ဆရာတော်ဦးဒီပဖြစ်သည်။ ဆရာတော်မိန့်ကြားစဉ်က အမှတ်တမဲ့ဖြစ်၍ မြို့အမည်ကို မေ့ခဲ့သည်။မြို့တစ်မြို့ဟူ၍သာ မှတ်မိတော့သည်။အဖြစ်အပျက်မှာ ထိုမြို့ ကျောင်းတစ်ကျောင်း၌ ဖြစ်သည်။ နှစ်အတန်ကြာက ထိုကျောင်းဘုန်းကြီးသည် သေလုမျောပါး နာဖျားမကျန်းဖြစ်သည်။ ဤကျောင်းသို့ ကလေးတစ်ယောက်လက်ဆွဲ၍ တကာမတစ်ယောက် ရောက်လာသည်။ ဘုန်းကြီးသည် တကာမကို ဘယ်ကလာသည်၊ ဘာကိစ္စလာသည်ကိုမေးမြန်းရာ တကာမက သူလာရခြင်းမှာ ဤကလေးက ဤကျောင်းသွားလို

ကြောင်း၊ ဤကျောင်းမှာ သူ့နောက်ဘဝက ဘုန်းကြီးအဖြစ် ကျောင်းထိုင်ခဲ့သောကျောင်း ဖြစ်ကြောင်း အထပ်ထပ်ပူဆာ၍ ဖြစ်ကြောင်း လျှောက်ထားသည်။ကလေးကို ဘုန်းကြီးမေးမြန်းသည်။ ဒါ-မင့်ကျောင်းဖြစ်တယ်ဆိုလျင်မင်းက သည်ကျောင်းထိုင်သွားတဲ့ ဘုန်းကြီးဘယ်သူလဲ-ဟူ၍ ဖြစ်သည်။

ကလေးကလည်း ပြန်ဖြေသည်။ သူဟာ ဘုန်းကြီးဦးဥာဏော-ဟူ၍ ဖြစ်သည်။ ဘုန်းကြီးက ပြန်ပြောသည်၊ "ဘုန်းကြီးဦးဥာဏောက ငါကွ၊ မင်းက ဘုန်းကြီးဦးဥာဏောဝင်စားတာဆိုလျင် ဦးဥာဏောရဲ့လျှို့ဝှက်ချက်ကို သိမြင်အောင် ဘာပြနိုင်သလဲ"ဟု ဖြစ်သည်။ ကလေးငယ်ကလည်း ပြန်ပြောသည်။ တပည့်တော် ဦးဥာဏောအစစ်ဖြစ်ကြောင်း ဦးဥာဏောဘဝက မြှုပ်ထားခဲ့သည့်ငွေအိုးကို ပြပါမယ်ဟုဆိုခါ ဦးဥာဏော အမှန်တကယ်မြှုပ်နှံထားသည့် ငွေအိုးကို ပြသသည်။ ဦးဥာဏောလည်း ပြောစရာစကား ကုန်သွားသလိုဖြစ်ခါ သည်လိုဆိုတော့ သည်ငွေအိုးတဝက်ကို မင်းယူကွာ၊ ငါ-တစ်ဝက်ပဲယူတော့ပါတော့မယ် ပြောခါ ငွေအိုးတဝက်ကို ပေးလိုက်ရသည်ဟူ ဖြစ်သည်။ ဤသက်သေခံချက်များအရ လူဝင်စားသည် လူဝင်စားဟု ဆိုရသော်လည်း အကယ် ဝင်စားခြင်းမရှိသော လူဝင်စားဖြစ်သည်။ ထို့ကြောင့် လူဝင်စားကို အမှန်အကန်ကျအောင်ခေါ်လျင် "သူမဟုတ်သူဝင်စား" ဟူ၍သာ ဖြစ်မည်။ဝင်စားခံရသူ၌ ဝင်စားခံရသူမဟုတ်ဘဲ ဘယ်အရာဟုမသိသော အရာတစ်ခုဝင်စားခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘယ်အရာဟုမသိသည်ကို အမည်တပ်ပြောဆိုခြင်း မပြုဘဲ အဝင်စားခံရခြင်းကိုသာ အမည်တပ်ပြောဆိုသောအနေဖြင့် "သူမဟုတ်သူဝင်စား"-ဟူ၍ ခေါ်ဝေါ်ရခြင်း ဖြစ်သည်။

ဤသို့ပင် လူဝင်စားသည် လူဝင်စားမဟုတ်ဘဲ "သူမဟုတ်သူဝင်စား"သာ အမှန်ဖြစ်သည်။ ဤသို့ဖြစ်လျင် "သူမဟုတ်သူဝင်စား"သည် လူဝင်စားလောက် သိလွယ်မြင်လွယ်မှုမရှိ ဖြစ်သွားသည်။ လူဝင်စားသည် ဝင်စားသည်မှာလူဖြစ်သည်ဟု ကောက်ချက်မခက်၊ "သူမဟုတ်သူဝင်စား"မှာ ဝင်စားသူမှာ "သူမဟုတ်သူ" ဟူ၍ ဖြစ်သောကြောင့် "သူမဟုတ်သူ"မှာလည်း အများအပြား ရှိသည်။ ထို့ကြောင့် "သူမဟုတ်သူဝင်စား"သည် ဝင်စားသူ ဘယ်သူဖြစ်သနည်းဟုပြဿနာတက်သည်။  သေရွာသည် လူတို့မစဉ်းစားအပ်သောအရာ ဖြစ်သည်။ "သေ"-ဟူသောစကားသည်ပင် "လူ၏နိဂုံး" အဓိပ္ပါယ်ရှိသောစကား ဖြစ်သည်။ "သေ"-ဟူသောကြိယာသည် သေသူကတ္တားဖြစ်သောလူ၏ မရှိ၊ ကုန်ဆုံး၊ နိဂုံးချုပ်ခြင်း အနက်ဟောစကား ဖြစ်၍ သေပြီးနောက် သေရွာဖြစ်သော တစ်နေရာရောက်ဆိုသောအဖြစ်သည် ကတ္တားမရှိဘဲ၊ ဝါကျတစ်ခု တည်ဆောက်နေခြင်းဖြစ်၍ စိတ္တဇမျှဖြစ်သည်။ ထို့ကြောင့် သေရွာသည် လူတို့၏စိတ္တဇသာ ဖြစ်သည်။သေရွာပြန်ဇာတ်လမ်း၌ တပ်စွန်းမိလျင်လည်း စိတ္တဇအဝင်ခံရဖွယ် ရှိသည်။ စိတ္တဇအဝင်ခံရလျင် အမှန်မြင်မှုçတွေးမှု၊ လုပ်ကိုင်နေထိုင်မှုစသော သမ္မာတရားများနှင့် လွဲချော်ပြီး၊ ဆင်းရဲဒုက္ခထဲ အလျားမှောက် လဲကျမည်။ ထို့ကြောင့်သေရွာပြန်ဇာတ်လမ်းများနှင့်စပ်၍ ပြခဲ့ပြီးသည့်အတိုင်း မှန်ကန်စွာ တန်ဖိုးဖြတ်နိုင်ရန် လိုအပ်လှသည်။

အရှင်ဥာဏ

ဓ မ္မ ဝိ ဟာ ရီ

၂၀ -၁၂ -၂၀ဝ၂

ဤနေရာတွင် အဘယ်အရာသည် ပြဿနာဖြစ်ရခြင်း အရစ်အမြစ်မှန်ကား အဘယ်အရာနည်းဟူ၍ မေးပါက အဖြေသည်ကား အမှန်ရှင်းပါသည်။ ကျမ်းစကားဖြင့် ဆိုရပါက ဤလောကကို အစိုးရသောမင်းသည် ဧဝံဂေလိတရားတည်းဟူသော သတင်းတရား အကျွတ်လမ်းစဉ်ကို မမြင်မတွေ့စေလိုသောကြောင့် လောကသားများအား လှည့်စားထားခြင်း၊ သို့ အယောင်ဆောင်လုပ်ဆောင်ထားချက် သက်သက်သာဖြစ်ပါတော့သည်။ ထို့ကြောင့် နောင်ဘဝ နောင်ဘဝ ဆိုသော မက်လုံးကလေးကိုပေးထားခြင်းအားဖြင့် လူတို့သည် ဖာသိဖာသာဖြင့် ရတောင့်ရခဲလှသော လူ့ဘဝကြီးကို အကျိုးမဲ့ကုန်လွန်စေခြင်းကာ ဘုရား အဖြစ်တော်ကိုပင် ဟန့်တား နှောင့်ယှက်နေသော မာရ်နတ်ဆိုး၏ အကြံသက်သက်သာဖြစ်ပါကြောင်း။

ခရစ်ယာန် ဘာသာတွင် နောက်ဘဝရှိပါသည် သို့သော်လည်း ထိုနောက်ဘဝသည် အဆွေထင်မှတ်ထားသလို သံသရာတွင် ယောင်လည်လည်ဖြင့် နေရသော ဘဝမျိုးကား မဟုတ် အသက်တော်ထင်ရှား သဗ္ဗညုမြတ်စွားဘုရား အရှင် သခင်ခရစ်တော်ကို ယုံကြည်ကိုးစားခြင်းအားဖြင့် ထိုလည်နေသည်ဆိုသော သံသရာ ဝဲဩဂ၏ တဖက်ကမ်းသို့ ကူးမြောက်၍ အို၊ နာ၊ သေခြင်း ကင်းရာ နန်းအမတ စခန်းကို ကူးမြောက်ခြင်းပင်ဖြစ်သည်။

သမ္မာကျမ်းစာတွင်ကြည့်ပါကလည်း။ ထိုကာလ၌ မြေမှုန့်သည် နေရင်းမြေသို့၎င်း၊ ဝိညာဉ်သည် အရင်ပေးတော်မူသော ဘုရားသခင်ထံသို့၎င်း ပြန်သွားရလိမ့်မည် ဆိုသော ဘုရားမြတ်ရှင်၏ အမိန့်တော် အတိုင် ဘုရားဖက်ကာ ထာဝရ အသက်တာကို ပိုင်ဆိုင်းရပေမည်ကား ဖြူဖြူ၊ မဲမဲ၊  ဧကောဗုဒ္ဓေါ အရှင်ကို ယုံကြည်သူ လူမျိုးတိုင်း ထိုထာဝရ ဘုံဗိမာန်တွင် ရောက်သွားရခြင်းကား ကျွန်ုပ်တို့အတွက် နောင်ဘဝ ပါပေ။ သမ္မာကျမ်းစာတွင်ကား ယနေ့ကျွန်ုပ်တို့ မြန်မာ လူမျိုးတိုင်း တောင့်တနေသောအို၊ နာ၊ သေခြင်း၊ ပူပင် သောက ကင်းရှင်းသော ဘဝ မရှိတော့ပေ။

၅။ ခရစ်ယာန်ဘာသာဝင်တို့၏ ပန်းတိုင်ဖြစ်သော ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်သွားဖူးသော မိသားစုနှင့် လူပုဂ္ဂိုလ်တို့၏၊ အမည်နှင့် လိပ်စာရှိခဲ့ဖူးပါသလား။ ယခုရောရှိနေပါလျှင် လိပ်စာနှင့် နာမည် အတိအကျ သက်သေဖေါ်ပြပါ။

ယနေ့ အထက်ပါမေးခွန်းတွင် စာရေးကာ လုပ်ကြံမေးထားသော မေးခွန်း၏ အဖြေများကို အဘယ်ရှုထောင့်ဖြင့် ကြားနာ၊ ခံယူလိုသနည်း ဆိုသော အပေါ်တွင် မူတည်နေပါသည်။

ထို့ကြောင့် တိတိကျကျ မရှိသော ထိုမေးခွန်း အတွက် ဦးစွာမေးခွန်းမေးရင်း ဖြေကြားပါရစေ။ ယနေ့ ဗုဒ္ဓဘာသာ၏ အဓိကပန်းတိုင်ဖြစ်သော နိဗ္ဗာန်သည်ကား ရောက်ဘူးသူကို မဆိုထားနှင့်ဦး နိဗ္ဗာန်၏ သဘောသဘာဝကိုပင် ကောင်းကောင်း သိရှိသောသူ ယနေ့မရှိသေးသည်ကို ဦးစွာ သတိပြုမိပါလျှင်။ စာမေးသူ၏ အမေးကို အတော်အတင့်တွေးကြည့်ပါကအားလုံး သိနိုင်သည်မှာ။ ဘာသာတရားကို ယိုးမယ်ဖွဲ့၍၊ တရားကို ကျင့်လိုသူမဟုတ် ၊ ဘုရားကိုလည်း ကိုးကွယ်လိုသူမဟုတ်ပဲ၊ သာသာနာကို နှောင့်ယှက်ဖျက်ဆီးခြင်းငှါသာ အားထုတ်ကြိုးပမ်းနေသော မဟာ့အမှောင့်တကာ့တို့တွင် သရဖူဆောင်းနေသူပင်ဖြစ်တော့လေသည်။

အမေးရှိက ဖြေအပ်လှ ဆိုသော စကားအတိုင်း အဖြေကိုကား ပေးရပေလိမ့်မည်။

           ၁။ ဧနောက်သည် ဘုရားသခင်နှင့်အတူသွားလာ၍၊ သူသည် သိမ်းယူခြင်းကို ခံတော်မူ၏( ကမ္ဘာဦး ၅း၂၄)။

           ၂။ ဧလိယသည်လည်း မီးရထားဖြင့် ကောင်းကင်ဘုံသို့ တက်လေသည် ( ၄ ရာ ၂း၁၁)။

           ၃။ ယေရှုခရစ်တော် ဘုရားသခင်သည်ကား ကောင်းကင်ဘုံမြွှကလာ၍၊ လူတို့အား သမ္မာတရား၊ အကျွတ်တရား နှုတ်ကပါတ်တော် ရေကြည်စစ်ကို တိုက်ကြွေးတော်မူခဲ့လေသည်။ ( ယောဟန် ၁၆း၂၈)။

ထို့အတူ သခင်ခရစ်တော် ဘုရားဤလောကတွင် သာသနာအတွက် ကြွလာစဉ်အခါက"မောရှေနှင့် အတူ ဧလိယ"တို့သည် ခရစ်တော် ဘုရားရှင်နှင့် အတူနေခဲ့ကြောင်းကို မြင်တွေ့နိုင်ပါသည်။

ယခု အသင်စာမေးသူ၏ ဗုဒ္ဓဘာသာဘက်သို့လှည့်ကြပါစို့……

တလက်စတည်း စကားဆိုရပါက၊ ပြင်သစ်ပညာရှင် ပူဆင်၏ အဆိုက  ဗုဒ္ဓဘာသာဝင် များတို့သည် နိဗ္ဗာန်ကို "ဘာဝ" ( အရှိ) သဘောလည်း မဟုတ်၊ "သဘာဝ" ( မရှိသဘောလည်းမဟုတ်) "ပပဉ္စ" ( သံသရာအချဲ့ တရားများကို လွန်မြောက်သွားခြင်းဖြစ်သည်ဟု ခံယူသည်။ သို့ပါသော်လည်း နိဗ္ဗာန်ကို အမတ ( မသေရာ) ယောဂက္ခေမာ ( ယောဂကုန်ရာ) အစ္စူတ ( မရွှေ့လျောရာ) ဟု အဘယ့်ကြောင့် ဆိုကြပြန်သည်ကို နားလည်ရန် ခဲယှဉ်းလှပေသည် ဟုဆိုလေသည်။တဖန် ဆရာတော် ဦးအာစက္ခဏက "နိဗ္ဗာန်ဟူသည် အဘယ်နည်းဆိုသည့်မေးခွန်းပုစ္ဆာကို ဗုဒ္ဓရှင်လက်ထက်တော်ကစ၍ ပင် ယခုမျက်မှောက်ခေတ်တိုင်အောင် ဖြေခဲ့သော အဖြေပေါင်းကား များလှလေပြီ။ သို့ရာတွင် အမေးပုစ္ဆာပေါင်းမဆုံးတော့ပြီ။ အဖြေဝိသဇ္ဇနာပေါင်းလည်း မဆုံးချေ။ ဆိုလိုရင်းကား ( မေးလို့လည်းမကုတ်၊ ဖြေလို့လည်း မဆုံးနိုင်သော) အချက်ကြီးပင်ဖြစ်လေတော့သည်။

နားမလည်၊ နားမရှင်းကြသော သတ္တဝါတို့ကား အသင်္ချေ၊ အနန္တများလှကုန်၏။  ထို့ကြောင့် ထိုသတ္တဝါတို့နားလည်အောင် ဖြေရှင်းပေးနိုင်ဖို့ရန်အတွက် ဗုဒ္ဓရှင်ပေါင်းများစွာတို့ပွင့်ပေါ်ကာ ဖြေရှင်းပေးရဦးမည်ကား မလွဲချေ။ ထိုမျ မက ခက်ခက်ခဲခဲနက်နဲလှသော ပြဿနာတို့၏ အဖြေမှန်ကို သင်တို့အား ယခုငါဖြေကြားပေးနိုင်ပါသည်ဟု ကြုံးဝါးဖြေရှင်းရန်မှာ ကျွန်ုပ်တို့ လူသားများအတွက် လွယ်ကူသော ကိစ္စမဟုတ်ပါလေ။ ဗုဒ္ဓရှင်တော်၏ လက်ထက်မှစ၍ ပညာချွန်သောအရှင်ဖြစ်တော်မူသော သာရိပုတ္တရာအရှင်မြတ်သည်ပင် ထိုပြဿနာကို တိုက်ရိုက်မဖြေရှင်းပေးနိုင်ဘဲ၊ သွယ်ဝိုက်ကာပြုသော နည်းဖြင့်သာ ဖြေရှင်းတော်မူခဲရလေသည်"ဟူ၍ ဆိုခဲ့လေသည်ကို ပြန်ပြောင်းကာ သတိရတတ်ပါစေ။

( ဆရာတော် ဦးအာစက္ခဏ၊ အဗျာကတ၊ နိဗ္ဗာန်၊ မြတ်နိဗ္ဗာန်)။

အခြားအခြားသော မေးခွန်းဖြင့် ပြန်မေးရန်ရှိသော်လည်း မမေးလိုတော့ပါ သို့သော် ဤ ဂါထာအား အဘယ်သို့ဖြေရှင်းမည်ကို စဉ်းစားပေကြည့်ပါလေ။ " ပရိနိဗ္ဗူတော ပုဂ္ဂလော ဂဟနေ အတ္ထီတိ ဥစ္စေဒေါ၊ပရိနိဗ္ဗူတော ပုဂ္ဂလော ဂဟနေ နတ္ထိတီ သတ္တဒေါ" ဤကား ပရိနိဗ္ဗာန သုတ်တွင်ပါသောကျမ်းပင်ဖြစ်ပါသည်။ နိဗ္ဗာန်နှင့်စပ်လျှဉ်း၍ကား ရောက်ဖူးသူကို မဆိုထားနှင့် ဘာဘာညာဘာ ဂဃနဏ သိရန်ပြုပြီးမှသာလျှင် "ဝရှိမှ ဝိလုပ်သင့်ပေသည်" အမေးကိုထုတ်ရန် ဆင်ခြင်သတိပြုပါလေ။

၆။ ထာဝရဘုရားသည် ကမ္ဘာကိုဖန်ဆင်းသည်ဟု ဆိုရာတွင် ဘယ်အကျိုးကိုမျှော်ကိုး၍ ဖန်ဆင်းပါသနည်း။

၇။ ချမ်းသာစေလိုသည်ဟုဆိုပါက ယခုခန္ဓာရှိသူတိုင်းသည် ဆင်းရဲခြင်း အမျိုးမျိုးတွေ့ကြုံနေကြသည်။

ဘုရားသခင်ဖြစ်စေလိုသည့်ချမ်းသာမဖြစ်သည်မှာ အနန္တတန်ခိုးတော် မရှိ၍ ဘာမှအစွမ်းမရှိ၍ ဖြစ်ရသည်ဆိုက ဘယ်လိုပြန်လည်ဖြေပေးနိုင်ပါသနည်း။

မေးခွန်း ၆ နှင့် ၇ အတွက် အဖြေ။

ထိုနေရာတွင် ဦးဆုံးမေးရန်မှာ သင်နှင့် ကျွန်ုပ်တို့၏ ဘဝအား အကောင်းအဆိုးကိုတွေး၍ ဘုရားရှင်အား အပြစ်တင်ဝေဖန်ခြင်းထက် ရခဲလှသော လူ့ဘဝကို အကျိုးရှိရှိအသုံးချ အသက်ရှင်သန်ခြင်းကား သာ၍လျှော်ကန် သင့်မြတ်သည်ဟု ဦးစွာ အကြံပေးလိုက်ပါရစေ….

ယနေ့ ကျွန်ုပ်တို့သည် အလိုအလျှောက် ဤလောကသို့ ဝင်ရောက်လာကြသောသူများဖြစ်ပါက။ အဘယ့်ကြောင့် ဟိုမှာဘက်ကမ်းတွင် ရင်ဆိုင်ရဦးမည့်ဘေးအား ကြောက်ရွံ့နေရန်လိုပါသနည်။ ထို့ကြောင့် လူသည် ကမ္ဘာအတွင်းသို့ အလိုလိုဝင်ရောက်လာခြင်း၊ ဖန်ဆင်းရှင်မရှိ သဘာဝမဟုတ်သော သဘာဝ အတိုင်းဖြစ်ပေါ်သည်ဟု ခံယူထားသည့်အတိုင်း ဦးစွာ အပြစ်တင်ခြင်းစကားကို စတင်ဆွေးနွေးကြပါဦးစို့။

               ၁။ သင့်အား လူ့လောကသို့ လူသားတဦးဖြစ်ရန် ကျွေးမွေးပြုစုခဲ့ကြသော မိဘနှစ်ပါးအား အပြစ်တင်ခြင်းသည် ကုသိုလ်တရားလား၊ သို့တည်းမဟုတ် အကုသိုလ် တရားလားဟူ၍ ဦးစွာဖြေကြားပေးပါရန် တောင်းဆိုပါရစေ။

               ၂။ မိဘများအား အဘယ့်ကြောင့် ကမြင်းကျောထကာ ကျွန်ုပ်ကို မွေးသနည်းဆိုပါက။ မွေးသမိခင်သည် ဝမ်းမြောက်နိုင်ပါမည်လော။

                ၃။ ထိုသို့မေးခြင်းသည် မြန်မာ့ ယဉ်ကျေးမှုအရသော်လည်းကောင်း၊ ဘာသာရေး ရှု့ထောင့်အရသော်လည်းကောင်း၊ လူမှုရေး ရှု့ထောင့်အရသော်လည်းကောင်း သားကောင်းသမီးကောင်း တဦးအနေဖြင့်မေးသင့်သော မေးခွန်းဖြစ်ပါသလား ဆိုသည်ကို စဉ်းစားဆင်ခြင်ခြင်းအားဖြင့် သတိချပ်စေရန်မေးခွန်းမေးချင်ပါသည်။

"ငါ၏ သားသမီးတည်းဟူသော၊ ငါ့နာမဖြင့် သမုတ်သောသူ၊ ငါ၏ဘုန်းအသရေဖို့ ငါဖန်ဆင်းပြုပြင်၍ ဧကန်စင်စစ် လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော" ဟူ၍နှုတ်ကပါတ်တော်၌ မိန့်ြွမတ်တော်မူသည့်အတိုင်း ဘုရားရှင်သည် လူသား အပါအဝင် ဩကာသ လောက၊ သတ္တလောက၊ ထာဝရလောက ဆိုသော လောက သုံးပါးကို ဖန်ဆင်းတော်မူခဲ့ပါသည်။

နှုတ်ကပါတ်တော် အတိုင်းဆိုရပါက ဘုရားရှင်သည် လူသားနှင့် အတူတကွ မိတ်သဟာ ဖွဲ့ကာ ငြိမ်းချမ်းသော ဘဝကို ပိုင်ဆိုင်စေလိုသည့်အတိုင်း ကနဦး လူသားနှစ်ဦးအား ဧဒင် ဥယျာဉ် အရပ်တွင် ထားတော်မူခဲ့လေသည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့မြန်မာ စကားမှာ " ငါတို့သည်ကား နွယ်တော်သားပင် ဘုရားမျိုးပင်ဖြစ်ကြလေ၏ " ဆိုသောစကားအတိုင်၎င်း။ "အရိယာနွယ်ဝင်"ဟူ၍၄င်း စကားပုံထားရှိခဲ့လေသည်မဟုတ်ပါလား။ ထို့ကြောင့် ဘုရားရှင်သည် လူသားတို့အား ဖန်ဆင်းခြင်းသည် အဓိပ္ပါယ်ရှိပါသည်။ လွတ်လပ်သော အတွေးအခေါ်နှင့် ပေါင်းစပ်ထားသော လူသတဝါတို့နှင့်  ပေါင်းစည်း မိတ်သဟာယ ဖွဲ့လိုသော ဘုရားသခင်ဖြစ်ပါသည်၊ ဘုရားသခင်သည် စက်ရုပ်များ၊ ဥာဏ်မရှိသော ဆင်ခြင်တုံတရား မရှိသော အရာများကဲ့သို့ လူကို မဖန်ဆင်းခဲ့ခြင်းကို ပင်ကျေးဇူးတော် ဂုဏ်တော်ကို အခါခါအောက့်မေ့၍ ဘဝနာ တရားပွားကာ သာ၍ကြည်ညိုကိုးကွယ် ဆည်းကပ်သင့်လှပေသည်။

ကျမ်စာတော်မြတ်တွင်ကြည့်ပါက လူအား သတ္တဝါအားလုံးထက် ထူးကဲစွာ တမူထူးခြား ဖန်ဆင်းတော် မူခဲ့သည်ကို မြင်နိုင်ပါသည။ ဘုရားသခင်အား မယုံကြည် အတ္တဝါဒီ၊ မိစ္ဆာဝါဒီများက ဝေဖန်ရှုတ်ချခြင်း၊ ဖျက်လိုဖျက်ဆီး ကြံဆောင်ခြင်းစသည့် အတွေးအခေါ်များနှင့် လုံးခြာလိုက်နေသော ဤကမ္ဘာလောကကြီးတွင်၊ လူဖြစ်ကျိုးနပ်သော အမွန်မြတ်ဆုံးသော လူသားတဦး၏ လုပ်ငန်းဆောင်တာမှာ "ဘုရားဖက်ခြင်းပင်" ဖြစ်သည်။ ဘုရားမဲ့လူ၊ ဒိဌိဟူတည်း ဆိုသော ဆိုရိုးစကားမှ အသက်ရှင်တော်မူသော " ဧကောဗုဒ္ဓေါ" အရှင်၏ "ဧကောဓမ္မော" တခုတည်းသော တရားလမ်းကာ၊ မာရ်ငါးပါးကို အောင်မြင်တော်မူသော ယေရှုခရစ်တော် ဘုရားကို အကြွင်းမဲ့ ယုံကြည်လက်ခံခြင်းပင်ဖြစ်သည်။ ထိုသခင်ကို လက်ခံလိုက်ခြင်းသည်။ ယနေ့ပင် လူဖြစ်ကျိုးနပ်သော လူသားစင်စစ်ဖြစ်သွားခြင်းပင်ဖြစ်သည်။

ပခုံးနှစ်ဖက်ကြားမှ ခေါင်းပေါက်သော်ငြားလည်း ဘုရားမသိပါက ထိုသူသည် "အဟိတ် တိရိစ္ဆာန်" နှင့်ထူးမခြားနားပါလေ။ သမ္မာကျမ်းစာတော်မြတ်၌ကား ဘုရားရှင်သည်"မိုးကောင်းကင်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသည် မြေကြီးကိုပြုပြင် ဖန်ဆင်း၍ အမြဲတည်စေတော်မူသောအရှင်၊ အချည်းနှီးဖန်ဆင်းသည် မဟုတ် သတ္တဝါတို့ နေစရာဘို့ ဖန်ဆင်းတော်မူ၏ " ( ဟေရှာယ ၄၅း၁၈ )။ ထို့ကြောင့် မျောက်မှ ဆင်းသက်လာသော လူသားများမဟုတ်သည့်အတွက် ထိုဘုရားရှင်အား ချီးမွမ်းပါလေ၊ အလိုလိုပေါ်ပေါက်လာ၍ အလိုလို ကယ်သူမဲ့ဖြင့် သံသရာ ဝဲဩဃမှာ အလိုလို အကြောင်းမရှိ၊ သက်သက်မဲ့ လည်ရမည့်သူမဟုတ်သောကြောင့်လည်း ထိုဖန်ဆင်းရှင်အား ကျွန်ုပ်ချီးမွမ်းပါ၏။

၈။လူသားတို့ ကြုံနေရတဲ့ ဒုက္ခဆင်းရဲ အမျိုးမျိုးတို့သည် သေချာလေ့လာကြည့်ပါက ခန္ဓရှိသူတိုင်း ဒုက္ခမကင်းကြောင်း သေချာလှပါသည်။ ဒါ့ကြောင့် လူသားတို့ကို ဖန်ဆင်းသောထာဝရ ဘုရားသည် ချမ်းသာပေးပါသလား၊ ဆင်းရဲပေးပါသလားဆိုတာ ဖြေပေးပါ။

ဤမေးခွန်းနှင့်စပ်လျှဉ်း၍ အဆွေဓမ္မစာရှုသူသည် အပြစ်တင်ရန် လွန်စွာစိတ်စောနေခြင်းဖြစ်သည်ကို သတိပြုစေချင်ပါသည်။ အကြောင်းအကျိုးကို သေသေချာချဂဃနဏ မသိဘဲ အပြစ်တင်ခြင်းသည် သူတော်တို့ ပြုအပ်သော အကျင့်တရားမဟုတ်ပါလေ။

ကျွန်တော် အထက်ပါ မေးခွန်းအဖြေများတို့တွင်ပင် အတော်အသင့်သိရှိလောက်ပေသည်။ အကြောင်းမှာ ဘုရားမြတ်စွာ အရှင်သည် ဤလောက စကြာဝဠာကြီးကို ဖန်ဆင်းပေးရာတွင် အပြစ်တရား လုံးဝ ပါဝင် ပတ်သက်ခြင်း မရှိခဲ့ပါ။ သို့ဆိုက အဘယ့်ကြောင့် ဤအရာများ ဖြစ်ပေါ်နေရသနည်းဟု သောအဆွေ၏ မေးခွန်းသည်။ အကျိုးဆက်ပင် ဖြစ်နေသောကြောင့် အကြောင်းတရားကို ဖြစ်စေသော သူမှာ မေတ္တာရှင်ဘုရား မဟုတ်ခဲ့သောကြောင့် အပြစ်တင်သားရှိ အပြစ်တင်လိုပါက။ နာခံခြင်းကင်းသော လူသားမျိုးနွယ်စု သင်နှင့် ကျွန်ုပ်တို့ပင်ဖြစ်ပေသည်။ ဘုရားရှင်၏ ဖန်ဆင်းခြင်းတွင် အားလုံး ကျွန်ုတော်တို့ကောင်းကျိုးများအတွက်သာလျှင် ဖြစ်သည်ကို သမ္မာကျမ်းစာတွင် အတိုင်းသား မြင်တွေ့နားလည်နိုင်ပါသည်။