အရိုးတော်များအကြောင်း

ဂေါတမသည် လူဖြစ်သော်လည်း လူတို့ကဲ့သို့ ကိုယ်ခန္ဓာဖွဲ့စည်းပုံ မတူပါတဲ့။ ရိုးရှင်းစွာ ဆိုရပါက အရိုးတော်တို့သည် ကွင်းဆက်များဖြစ်သည်ဟူ၏။ အကယ်၍ ဝေသာလီပြည်ကို ကြည့်လိုပါက လည်ပင်းလှည့်၍ ကြည်မရပါ သောကြောင့် ဆင်ကဲ့သို့ တကိုယ်လုံး လှည့်ကြည့်ရပေမည်ဖြစ်သောကြောင့် ထိုဝေသာလီပြည်ကသာ မဟာပထ၀ီမြေကြီးက အိုးထိန်းစက်သဖွယ် လှည့်ပေးခြင်းဖြင့် ဂေါတမရှေ့တော်သို့ ရောက်ရ ပေတော့သည်ဟူ၍ ဆိုထားလေ၏။ ဤသို့ဆိုက ဝေသာလီပြည်ကြီး လှည့်နေချိန်တွင် ဂေါတမသည် အဘယ်အရာပေါ်တွင် ရပ်နေပါသနည်း( အကြောင်းမှာ မြေကြီးနှင့် အတူမလယ်သွားသောကြောင့်ပါ) ။ အကြောင်းရှာတော့ ခေါင်းမှာ ချာချာလည် တခုပဲသိတယ် ဒါကတော့ သဘာဝယုတ္တိ၊ အာဂမယုတ္တိ နှင့်မညီသော စာပေများပင်ဖြစ်လေသည်။ ယေရှုခရစ်တော်ကိုကား ငါတို့ဘုရားက လူထဲကလူဟူ၍ ပြောကာ သမုတ်ကြသော်လည်း လူထဲကလူဖြစ်ပေမဲ့ တင်စားမှုတွေက လွန်လွန်သွားတော့ စဉ်းစားစရာပင်ဖြစ်ပေတော့သည်။

မဟာပရိနိဗ္ဗာနသုတ်နှင့် အဌကထာ တွေအရဆိုရပါက အကျဉ်းမှတ်ရန်မှာ။

၁။ ဘုရားရှင်တို့၏ အရိုးတော်တိုကား ကွင်းဆက်။

၂။ ပစ္စေကဗုဒ္ဓါတို့၏ အရိုးတော်တို့ကား ချွန်းချိတ်။

၃။ ရဟန္တာတွေနှင့် လူအားလုံးတွေရဲ့ အရိုးတွေကတော့ တေ့ဆက်များဖြစ်ပါတယ်တဲ့ခင်ဗျာ။

သာမန်လူထဲက ကျင့်လို့ဘုရားဖြစ်သွားပါတယ်ဆိုကြသော သူများအတွက် ဤအရာများအား အဘယ့်ကြောင့် ဆေးပညာအရ၊ လက်တွေ့ကျမကျ မစဉ်းစားမိပေကြလေရော့သလားဆိုတာ ကျွန်တော် မစဉ်းစားတတ်တော့ပါ။

ဒီလိုထူးခြားချက်တွေကြောင့်လည်း ဂေါတမက ပကတိဆင်တို့ရဲ့ ကုဋေတစ်ထောင် ပဏာမ အားနဲ့ညီမျသော အားတော်ရှိတယ်လို့ဆိုကြလေရဲ့။