ရှင်တော်ဂေါတမအတ္ထုပ္ပတ္တိကိုအကျဉ်းပြခြင်းအကြောင်း

ရှင်တော်ဂေါတမ သည်အသက် ၂၉ နှစ် ရှိသောအခါ၊ 

  • ယသော်ဒယာမင်းသ္မီးနှင့်၊

  • သားရာဟုလာကို စွန့်ပစ်၍၊

  •  ဗြဟ္မဏတို့၏ ကျင့်စဉ်အတိုင်း တောထွက်၍၊ တရားကိုကျင့်လေ၏ အသက်၃၅ နှစ် ပြည့်သောအခါတွင် ဗြဟ္မဏတို့  ဘာသာတရားလမ်းကိုစွန့်၍၊ အသစ်သော တရားလမ်းကို မိမိဥာဏ်အားဖြင့် လူအပေါင်းတို့ကို ဟောလေ၏။ ထိုအခါ အများသောသူတို့သည်၊ သူ၏ဘက်သို့ ပါသွားလေတော့သည်၊ ထို့ကြောင့် သောဠသ ပြည်အနှံ့ အပြားဖြစ်၍၊ သူ၏ သာသနာသည် တည်ထွန်း လေ၏ ။ ၎င်းအချိုန်တွင်၊ သာဝတ္ထိပြည်၊ ပသေနဒီ ကောသလမင်းကြီးသား ၀ိဋဒူပနှင့်၊ ကပ္ပိလ၀တ်ပြည် ရှင်တော်ဂေါတမအမျိုး၊ မဟာနာမ်မင်းတို့သည် စစ်ဖြစ်ကြသောအခါ၊ စစ်ရှံး၍ သာကီဝင် အမျိုးအပေါင်းတို့ ကို၊ ၀ိဋဒူပသည်၊ ရက်စက်စွာ နှိုပ်စက် ညှင်းဆဲ သောကြောင့်၊ ပါတဠိပုတ် ပြည်မှစ၍၊ သီဟိုဠ်ကျွန်းးတိုင်အောင်၊ တိမ်းရှောင် ထွက်ပြေးကြရလေသည်။ရှင်ဂေါတမသည်လည်း၊ အသက် ၈၀ ပြည့်သောအခါ၊ ကုသိန္ဒာရုံပြည် မလ္လာမင်းတို့ ၏ အင်ကြင်းတော၌ ကွယ်လွန်လေသည်၊ ၎င်းအချိန်၌၊ ရှင်တော်ဂေါတမ ဟောသောတရားတို့ကို၊ စာအက္ခရာ ဖြင့်ရေးသားထားသော ကျမ်းစာမရှိသေးချေ။ ။