ဗြဟ္မဏ့ ၏အမည်ကြို့ပခြင်းအကြောင်း


၎င်းတို့မှာ အထူးအထွေ ရောယှက်ပေါင်းထည့်ထားသော ကျမ်းစာများပင်ဖြစ်လေတော့သည်။
  • ကဏ္ဍပေါင်း ၁၀၁၇ ခဏ်း၊ ဂါထာပေါင်း ၁၀၅၈၀ ရှိသော ဣသျှဗေဒင်ကျမ်း၊

  • သောမဂြိုလ် နတ်ဘုရားကို ပူဇော်သောအခမ်းအနား ပြသောဗေဒင်ကျမ်း၊

  • ယဇုကျမ်း၊ ယဇုအသိုကျမ်း၊

  • အရည်တင် ဓူတင်ကျင့်စဉ် အခမ်းအနားကိုပြသော ဥပနိသျှကျမ်း၊

  • ဗြဟ္မဏတို့ ကျင့်စဉ်တရားကိုပြသောကျမ်း၊ ကြားခြင်းအနက်ကို ဟောသောသုတိကျမ်း၊

  • မုချသာရအနက စကားပိုဒ်များပြုလုပ်ရန်၊ ပညာတ် ဥပဒေသကို ပြသောသုတ္တံကျမ်း။

  • အလွန်ရှည်ကြာသော ရှေးဟောင်း စကားတို့ ကိုအဆက်မပြတ် အနက်ပေးသော ပေါရာဏကျမ်း။ ။ပါဏိနိသဒ္ဒါကျမ်း။ ။

  • အတတ်ပညာကို ထင်စေရန် စိတ်ကူးခြင်း ပုံကိုပြသော စိန္တာမယိကျမ်း ။ ။

  • ဂြိုလ် နက္ခတ် တာရာတို့ကို ပြသော အာကာသျှတ္တရငါးကျမ်း။ ။

  • လူတို့ပဋိသန္ဓေ တည်ပုံကိုပြသော မဟာဘဂ၀င်ကျမ်း။ ။သုဿုတဆေးကျမ်း။ ။

  • ရသေ့ ဆရာအစဉ်အဆင့် ကိုပြသော ပူရာဏိ ၁၈ကျမ်း။ ။

  • ဒေ၀ီပူရာဏီကျမ်း။ ။ဗြဟ္မဏပူရာဏီကျမ်း။ ။အဘိဓါန်ကျမ်း။ ။

  • အက္ခရာအစဉ်ကိုပြသောကျမ်း။ ။

  • အိပ်မက်ဟောကျမ်း။ ။

  • နိမိတ္တကျမ်း။ ။

  • ဆန်းအစရှိသော ဗေဒင်သုံးပုံ၏ အစိတ်ခြောက်ကျမ်း။ ။ စသည်ဖြင့် တွေ့ရလေသည်။

စကားဆက်ပြောသောကျမ်း။ ။သာဝက္ကကျမ်း။ ။မိဂပတ္တကျမ်း။ ။အန္တရစက္ကကျမ်း။ ။မိဿကကျမ်း။ ။ဘာဝပ္ပကာသဆေးကျမ်း။ ။သာရပ္ပသင်္ဂဟဆေးကျမ်း။ ။ဓာနွန္ဒရိကျမ်း။ ။မဟာဘာရာသ၀တ္ထု။ ။ကုမာရသမ္ပ၀ကျမ်း။

တူရိယာ အမျိုးမျိုးနှင့် ကချေသည် သဘင်ပြုလုပ်ရန် ကာလီဒါသ ဆရာရေးသော၊ သကုဏ္ဍလပြဇာတ်။ ။မြိစ္ဆာကဋီပြဇာတ်။ ။တိရိစ္ဆာန်ပုံပြင်ဝတ္ထု။ ။နာဂတဇာတ် အမျိုးမျိုး၊ ရတုရကန် အမျိုးမျိုးဖြစ်ကုန်၏။

၎င်းပြခဲ့သောကျမ်းသောကျမ်းတို့သည်၊ ရှင်တော်ဂေါတမ၊ မပေါ်ထွန်းမှီ၊ နှစ်ပေါင်း ၃၇၀ အထက်လောက်က၊ ဗြဟ္မဏဆရာ ရသေ့တို့ စီကုံး ရေးသားထားသော ကျမ်းစုဖြစ်သည်။၎င်းပြဆိုခဲ့သော ကျမ်းစာထဲက၊ အချို့ သောကျမ်းစကားကို ရှင်တော်ဂေါတမ အဟောလုပ်၍ ပိဋကတ်ထဲသို့ သွင်းထားလေသည်၊ အချို သောပုံဝတ္ထုတို့ကို၊ ရှင်တော်ဂေါတမ အဖြစ်တော်ပေါင်းလုပ်၍ သွင်းထားလေ၏၊ ၎င်းသွင်းထားသောအရာများကို ခွဲ၍ပြပါမည်။

  1. ၀ကျဆရာ။ ။

  2. ၀ဂ္ဂဆရာ။

  3. ဟရိတဆရာ။

  4. ဂေါတမဆရာ။

  5. ယ၀နဆရာ။။

  6. ၀ဟာရမိတိရဆရာ။

  7. ဗျာသဆရာ။

  8. ဟာရိတဆရာ။

  9. ယနာမိပတိဆရာ။

  10. ဘဂုရိဆရာ။

  11. ဂီရိဒိသဆရာ။

  12. ပ၀နေရသဆရာ။

  13. ဗာရာသနဆရာ။

  14. သကျဆရာ။

  15. ဇီဝဆရာ။

  16. ဘဂုဇဆရာ။

  17. သမိတဆရာ။

  18. အဌကဆရာ။

  19. ၀ါမကိဆရာ။

  20. ၀ါမဒေ၀ဆရာ။

  21. ဝေသာမိတ္တဆရာ။

  22. ၀ါမဒေ၀ဆရာ။

  23. ယမတဂ္ဂိဆရာ။

  24. အင်္ဂီရသဆရာ။

  25. ဘာရဒွါဇဆရာ။

  26. ၀ါသေဌာဆရာ။

  27. ကဿဖဆရာ။

  28. ဘရဂုဆရာစသည်တို့ သည်၊ ရှင်တော်ဂေါတမ မပေါ်ထွန်းမှီ အထက်ကပြခဲ့သောကျမ်းတို့ ကို ရေးသားသော ရသေ့ ဆရာတို့  ဖြစ်လေကုန်ကြလေသည်။