မကြံစည်အပ်သော ဘုရားရှင်


အတုမရှိသောဘုရားသခင်ကို၎င်း၊ ဘုရားသခင်ဖန်ဆင်းတော်မူသောလေကဓါတ်ကို၎င်း ၊ မကြံစည်အပ်သည်ကို ပိဋကတ်ကပြခြင်း။ ။


လောကေ ၊ လောကကို ၊
နစိန္ဆိယံ ၊ မကြံစည်အပ်သည်ကို ၊  စိန္တာယံဿ ၊ ကြံစည်သောသူသည်ကား ၊
  • ဥမ္မာတဿ ၊ သူရူးနှင့်လည်းတူ၏ ၊
  • အ၀ိဂတဿစိတ်ဖေါက်ပြန်သောသူနှင့်လည်းဆူ၏ ၊

ဗုဒ္ဓဿ ၊ အတုမရှိသောမြတ်စွာဘုရားသခင်ကိုလည်း ၊
နစိန္တိယံ ၊ မကြံစည်အပ်သည်ကို ၊
စိန္တာယဿ ၊ ကြံစည်သောသူအားလည်း ၊
  • ဥမ္မာတဿ ၊ သူရူးနှင့်လည်းတူ၏ ၊
  • အ၀ိဂတဿ ၊ စိတ်ဖေါက်ပြန်သောသူနှင့်လည်းတူ၏ ။ ။


ဤသို့ပိဋကတ် လောကဒီပကာသာရ ကျမ်းကပြဆိုပါလျှက်နှင့် ။ မြန်မာရဟန်း ၊ ရှင်လူတို့သည် ၊ ဘုရားသခင်၏ဇာတိတော် ၊ တဂိုရ်တော်ကိုကြံစည်ယုံသာမက ၊ မိမိတို့ကိုယ်ကိုပင်ဘုရားဖြစ်ဖို့ရာ ၊ အ၀ိညာဏ အသက်မရှိသော အနေကဇာတင်ရုပ်တု့ရှေ့မှာပင်ဘုရားဖြစ်ရန်အရေးဆုတောင်းသောသူလည်းအများရှိ၏ ။ဘုရားသခင်၏ဇာတ်တော်ကို၎င်း ၊ နဂိုရ်တော်ကို၎င်း ၊ ကြံစည်ဖို့ရာမဆိုထားပါလေနှင့်ဦး ဘုရားသခင် ဖန်ဆင်းထားတော်မူသော ပန်းတပွင့်၏ အဖြစ်ကိုပင် ဆုံးခန်းတိုင်အောင် သိနိုင်အောင်ပင်ကြံစည်ပါလေဦး ။ မီးခြစ်ဆံတချောင်းကိုမျ လုပ်နိုင်သောဉာဏ်မရှိပါဘဲလျှက် ဘုရားဖြစ်ဖို့ရာကြံစည်ခြင်းမှာ အဘယ်မှာလျှင်ဖြစ်နိုင်ပါအံ့နည်း အိုဘယ့်အဆွေ ။ ။