ဗုဒ္ဓဘာသာမြန်မာတို့သည်အထင်အမြင်မှားသည်ကိုပြခြင်းအကြောင်း။ ။
ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည်၊ အချို့ သော၊ ရဟန်း၊ ရှင်လူတို့က ဘာသာစကားဖြစ်သော၊ မိမိတို့နားမလည်သည့်စကားဖြင့်ပောပါက ....
- မာဂဓဘာသာပါဠိကိုရွက်ဖတ်နိုင်လျှင်၊ ပြောနိုင်လျှင်၊ ထိုပုဂ္ဂိုလ်ကိုပညာရှိဟူ၍ထင်မှတ်အယူမှားကြလေသည်။
- အမေး၊ ပုစ္ဆာပြဿနာစကားများကို ဖြေဆိုနိုင်လျှင်လည်းကျမ်းတတ်၊ စကားတတ်သည်ဟုထင်မှတ်ကြလေသည်။
- ဆွမ်း၊ သင်္ကန်း၊ ကျောင်းအစရှိသောဗဟိဒ္ဓဒါနအလှုတို့ကိုလည်း၊ ဒါနအလှုစစ်ဟူ၍ထင်မြင်မှတ်မှား၊ မှတ်သားကြလေသည့်အတိုင်း။
ပိဋကတ်ကျမ်းတို့ကပြဆိုသည်မဟုတ်ချေ။ ပိဋကတ်ကျမ်းတို့ကထွက်ဆိုသည်ကိုပြဦးမည်။ ။
ဇိနောဇယန္တော၊ ပိဋကတ္တရမ္ပိနပဏ္ဍိတောသဟဿဝါစာနစရိယောအယုတ္တဒါနေနဒါနံ၊ ပဉ္စိန္ဒြိယာနိသံဝရောဘိက္ခဝေသစ္စ၀ါဒိဓမ္မံစရေယ ။ ပရိသုဒ္ဓဓမ္မဒါနံ ။ သုတ်မဟာဝါပါဠိတော်ဖြစ်သည်။ ။
အနက်ဆိုရလျှင်။
။ယော၊ အကြင်သူသည်၊
ဇိနော၊ ရန်ကို၊
ဇယန္တော၊ အောင်ပါများသော်လည်း၊
နသရော၊ သူရဲကောင်းမဟုတ်၊
ပိဋကတ္တရမဉိ၊ ပိဋကတ်သုံးပုံကိုအာဂုံဆောင်တတ်ငြားလည်း၊
နပဏ္ဍိတော၊ ပညာရှိမဟုတ်၊
သဟဿဝါစာ၊ တသောင်းသော အမေးပုစ္ဆာ ပြဿနာများကို ဖြေဆိုနိုင်သော်လည်း၊
နစရိယော၊ စကားတတ်မဟုတ်၊
အယုတ္တဒါနေ၊ ဆွမ်း၊ သင်္ကန်း၊ ကျောင်းဟုဆိုအပ်သောဗဟိဒ္ဒ၀တ္ထုပစ္စည်းတို့ကိုပေးလှုခြင်းသည်၊
ဒါနံ၊ ဒါနမဟုတ်၊
ဘိက္ခဝေ၊ ရဟန်းတို့၊
ပဉ္စိန္ဒြိယာနိ၊ ငါးပါးသောဣနြေ္ဒတို့ကို၊
သံဝရော၊ စောင့်ရှောက်ခြင်းသည်၊
သူရော၊ သူရဲကောင်းမည်၏ ။
သစ္စပါဒီ၊ ဟုတ်မှန်သောစကားကိုပြောဆိုသောသူသည်၊
ခိရာ၊ စကားတတ်မည်၏ ၊
ဓမ္မံ၊ တရားကို၊
စရေ၊ စောင့်ရှောက်ခြင်းသည်၊
ပဏ္ဍိတော၊ ပညာရှိမည်၏၊
ပရိသုဒ္ဓိဓမ္မံ၊ ကိုယ်တွင်း၌စင်ကြယ်အောင်၊
ဒုသီလစေတနာကိုစွန့် ခြင်းသည်၊
ဒါနံ၊ ဒါနမည်၏၊
ဣတိ၊ ဤသို့၊
ဝုတ္တံ၊ မိန့်ဆိုအပ်၏ ။ ။
ထို့ကြောင့်အထင်မှား၊ အမြင်မှားမဖြစ်စေခြင်းငှာ၊ ရွေးချယ်၍ပြလိုက်သည် ။ မုချဒါနစစ်စစ်မှာကား၊ ဒုသီလစေတနာကိုစွန့်လွတ်ခြင်း၊ ၎င်းကိုသတ်ဖြတ်ခြင်းသာဒါနအစစ်ဖြစ်ကြောင်းကိုပိဋကတ်ကပြဆိုလေသည်။ ။၎င်းစကားကိုပိဋကတ်မှပြဦးမည် ။ တရတေဒ၀ါတိသင်္ခတံဒုသီလစေတနာဒန္တေတိလုနာတီတိဒါနံ။ ။ယံဓမ္မဇာတံ၊ အကြင်တရားသဘောသည်၊ တရတေဒ၀ါတိသင်္ခတံ၊ တထောင့်ငါးရာကိလေသာတို့၏ တည်ရာ ဖြစ်သော၊ ဒုသီလစေတနာကို၊ ဒန္တေတိ၊ လူနာကိုရိတ်သတ်တတ်၏၊ ဣတိတသ္မာ၊ ထို့ကြောင့် ။ ရိတ်သတ်တတ်သောသတ္တိကြောင့်၊ ဒါနံ ၊ ဒါနမည်၏၊ ပါဏာတိပါတ၊ မုသာဝါဒ၊ သူရာမေရယ အစရှိသော ဒုစရိုတ် အမှုတို့ကို ပြုလုပ်ခြင်းသည် ။ မနောဒုစရိုတ်စေတနာကသာပြုသောကြောင့်၎င်းဒုစရိုတ်စိတ်ကိုနှုတ်မှပါယ်သတ်မှသာလျှင်သုသီလပုဂ္ဂိုလ်ဖြစ်ချေမည်။ ဆွမ်း၊ သင်္ကန်း၊ ကျောင်းစေရှိသောဗဟိဒ္ဓ၀ုတ္တုပစ္စည်းတို့က ဒုစရိတ်အမှုကိုရိတ်သတ်တတ်သည်မဟုတ်ချေ။ ထို့ကြောင့်ရှင်ဂေါတမကိုယ်တိုင်က ဗဟိဒ္ဓ၀တ္ထုပစ္စည်းဖြစ်သော အာမိဿအလှုတို့သည်အကျိုးမရှိဟူ၍ဟောကြောင်းကိုဝိသုဒ္ဓိမာဂ်ကျမ်းတွင်သက်သေခံလေသည်။ ၎င်းမှာ။ အာမဿပူဇယ၊ ဗဟုကမ္ပိပူဇိယမာနော၊ ပူဇိတောနာမဟောတိ ။ ။
အာမိဿပူဇာယဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးလေးပါးသောပစ္စည်းအနည်းနည်းတို့ဖြင့်အစရှိကုန်သော၊
လူဘုံ၊ နတ်ရပ်ကိုတက်၍လှုအပ်သောအထူးထူးသောဝတ္ထုတို့ဖြင့် ၊
ဗဟုကမ္ပိ၊ များစွာသောအရာကိုလှုမူလည်း၊
ပူဇိမယာနော၊ ပူဇော်ပါသည်ရှိသော်၊
ပူဇိရကောနာမ၊ ပူဇော်ရာမည်သည် ၊
နဟောတိ၊ မဖြစ်၊ ထိုကဲ့သို့ဗဟိဒ္ဓ၀တ္ထုပစ္စည်းဖြစ်သောအာမိဿအရာတို့ကိုလှုသော၊ ဒါယကာ၊ ဒါယကာမတို့အားသာအကျိုးမရှိဟူ၍ ပိဋကတ်ကပြဆိုသည်သာမက၊ အလှုခံပုဂ္ဂိုလ်များလည်းအကျိုးမရှိကြောင်း ပြယုံသာမကသူတော်ကောင်းမဟုတ်ကြောင်းပြလေသည်၊ ပါဠိ ၊
ဝတ္ထုပရိယေသနာယ ၊ ဥတုကောဗာလောနထေရောတွေဝသင်္ချာဂစ္ဆတိ၊ ဟူ၍ဒုကအင်္ဂုတ္ထိုလ်ပါဠိဖြစ်သည်၊ အနက်ကား၊
- ယောဘိုက္ခူ ၊ အကြင်ရဟန်းသည်၊
- န၀ုက္ကောဋိ၊ အသက်ကိုးဆယ် ၊ တရာရှိသော်လည်း ၊
- ၀တ္ထုပရိယေသနာယ ၊ ပရိက္ခရာအသုံးအဆောင်အစရှိသောလှုဖွယ်ဝတ္ထုပစ္စည်းတို့ကိုသိုမှီးသိမ်းဆည်းခြင်း၌ ၊ လုံ့လကြိုးစားအားထုတ်၏ ၊
- သောဘိက္ခော၊ ထိုရဟန်းအသက်ကြီးသည်။
- လေရေတွေဝ ၊ ထေရ်ကြီးပုဂ္ဂိုလ်ဟူ၍သာလျှင် ၊
- သင်္ချံ ၊ ခေါ်ဝေါ်ရေတွက်သမုတ်အပ်သည်၏အဖြစ်သို့ ၊
- နဂစ္ဆန္တိ ၊မရောက်ကုန် ၊
- ဗာလေတွေဝ ၊ သာသနာပျက်ရဟန်းမိုက်ကလေးဟူ၍သာလျှင် ၊
- သင်္ချံ ၊ ခေါ်ဝေါ်ရေတွက်သမုတ်အပ်ခြင်းအဖြစ်သို့ ၊
- ဂစ္ဆန္ဆိ ၊ ရောက်ကုန်၏ ၊ ဤကးပိဋကတ်ကျမ်းတို့၌ လာသည့်အတိုင်းပြဆိုလိုက်သည် ၊ ယခုဗုဒ္ဓဘာသာဟူ၍ခေါ်ဝေါ်ခံကုန်သော ရဟန်း ၊ ရှင်လူတို့သည် အလုပ်နှင့် ၊ ပိဋကတ်ပြဆိုသည်တို့မှာ ၊ နာမည်သာခံရုံရှိပြီး ၊ အလုပ်မှာမူကား ဗုဒ္ဓဘာသာဝင်မဟုတ်ပါချေ။ ။