မဖြေနိုင်ဟုမေးသောမေးခွန်း အဖြေ ( ၃ )






၂၁။ ထာဝရဘုရား၏ ရုပ်ပုံလွှာတွင် ဆံပင်မွေးညှင်းသည် ဖြူဖွေးသောနှင်းပွင့်နှင့်တူ၏။ မျက်လုံး ၇ လုံးပါရှိ၏။ ဦးချို ၇ ချောင်းရှိ၏။ ပါးစပ်တွင် အသွားနှစ်ဖက်ပါသော ဓါးရှည်တစ်ချောင်းပါပြီး၊ ခြေထောက်တော်နှင့် လက်တော်တို့တွင် မီးဖုတ်ထားသော ကြေးဝါရောင်ရှိသည်။ ကျမ်းစာတို့တွင် အတိအကျဖေါ်ပြထားပါလျှက် အဘယ့်ကြောင့် တရားဟောရာတွင် တည့်မပြောဘဲ ဝိညာဉ်တော်ဟူ၍ ဖုံးကွယ်ထားသည်ကို ရှင်းပြပါ။ ဤကဲ့သို့သော ခန္ဓာဖွဲ့စည်းပုံတို့ဖြင့် ကြည်ညိုဖွယ်ဟူ၍ ဘယ်လိုခံစားဆက်စပ်ကြည်နူးစွာကြည်ညိုပါသနည်း။

အသင်၏ မေးခွန်းအတိုင်း ဦးစွာမေးခွန်းထုတ်လိုက်သည်ကို ကြည့်ပါ။ အမှန်အကန် ထိုကျမ်းဂန်က ဤသို့ ဆိုလိုပါသလော သို့မဟုတ် တင်စားဖွဲ့နွဲ့ခြင်းလောဆိုသည်ကို ကြည့်၍ဖြေလိုက်ပါ ထိုသို့ဆိုက အဆွေလိုသော အမေးပုစ္ဆာသည် ရှင်းလင်းသွားပါလိမ့်မည်။

             ဂေါတမ၏ ရုပ်တော်စင်စစ်။

                     ၁။ တပြေးညီသော ခြေဖဝါးရှိသူ။
                     ၂။ ခြေထောက်တွင် အကွက်အပြောက် စသော အမှတ်အသားများရှိသူ။
                     ၃။ ဧဏီသတ္တဝါသလုံးခေါင်းရှိသည်။
                     ၄။ ဆင်ကဲ့သို့ လိင်တန်ဆာရှိသူ။
                     ၅။ ရပ်နေစဉ် လက်နှစ်ဖက်သည် ဒူးထိအောင်ရှိသော လက်ရှည်သူ။
                     ၆။ ခြေ၊ လက်၊ ပခုံး၊ လည်ကုတ်တို့တွင် အသားပြည့်ဖေါင်းနေသူ။
                     ၇။ ခြင်္သေရင်အုပ်ရှိသူ။
                     ၈။ ပျဉ်ချပ်အမျိုးအစား ကျောပြင်ရှိသူ။
                     ၉။ ခြင်္သေ့မေးရှိသူ။
                   ၁၀။ အရောက်တလက်လက်တောက်သော အစွယ်လေးချောင်းရှိသူ။
                   ၁၁။ နွားသူငယ် မျက်မွေးရှိသူ။
                   ၁၂။ နဖူး၌ အသားပိုပြား ကပ်နေသောသူ။
                   ၁၃။ လုံးသော လည်ပင်းရှိသူ။
                   ၁၄။ ကရဝိတ်ငှက် အသံမည်သူ။
                   ၁၅။ မြင့်သော၊ ညွတ်သော၊ ရှည်သော၊ နီသော လက်သည်းရှိသူ။
                   ၁၆။ ခြေဆယ်ချောင်း တညီတည်း တုံးတိတိ ရှိနေသူ။
                   ၁၇။ ခြင်္သေ့၊ ဆင်၊ ဟင်္သာ၊ နွားများကဲ့သို့ သွားလာတတ်သူ။
                    ၁၈။ ပြိုးပြိုးပြက်ပြက်အရောင်ထွက်နေသောသူ။
                   ၁၉။  ကုဋေ ၁၀ဝ၀ သော ဆင်ကဲ့သိုသော အားကောင်းမောင်းသန်ဖြစ်သူ။
                   ၂၀။ ဆင်နှာမောင်း ပေါင်ရှိသူ။
                   ၂၁။ အလွန် နီမြန်းသော နှုတ်ခမ်း၊ သွားဖုံး၊ လျှာ ရှိသူ။
                   ၂၂။ ခံတွင်း နက်နက်ရှိသူ။
                   ၂၃။ ပါးစောင်း ဖေါင်းနေသူ။
                   ၂၄။ သူသူငါငါကဲ့သို့ အကြောများ မမြင်ရသူ။
                   ၂၅။ ထီးခေါင်းရှိသူ။
                   ၂၆။ ချွန်းကဲ့သို့နှာခေါင်းရှိသူ။
                  ၂၇။  ကိုယ်ခန္ဒာဝိုင်းနေသူ။
                  ၂၈။  ဆံပင်သည် တူညီသော အနေအထားတွင် ရှိနေသူ။
                  ၂၉။ အေးခဲနေသော ကိုယ်ကောင်ရှိသူ။
                  ၃၀။ အရောင်တောက်နေသော ကိုယ်ကောင်ရှိသူ။
                  ၃၁။ ဦးခေါင်းထက်မှ အမြဲ အငွှေ့ တထောင်းထောင်းထနေသော
ထိုကဲ့သို့သော ပုဂ္ဂိုလ်အား အဘယ်သို့သော စိတ်ဓါတ်ဖြင့် ကြည်ညိုစရာ အဖြစ်မြင်နေသည်ကို ကျွန်ုပ် ဘယ်လိုမှ စဉ်းစား၍ မရ၊ နားမလည်နိုင် ဖြစ်ရပေသည်။ ထိုကဲ့သို့သော သူကို တွေ့ပါက အဘယ်သူမဆို မေ့မျောကာတက်၍ သတိလက်လွတ် ဖြစ်သွားကြပေမည်။ အမျိုးသမီးများမှာမူကား သွေးတက်၍ အသက်ပင် ပါသွားနိုင်ပေသည်။

ဤနေရာတွင် ခရစ်ယာန်များကို ကြိုက်သလို ချိုးဖဲ့ရေးသာ နေသော မိတ်ဆွေများအား အသင်တို့၏ ဘုရားသည်ကား ထပ်၍ ကျမ်းဂန်အရှိအတိုင်း ရေးရမည်ဆိုချေက ရေး၍ မကုန်၊ ပြော၍ မကုန်ရှိနေသော်လည်း မရေးပါက ခရစ်ယာန်တို့သည် အ၊ န၊ ထုံထိုင်းသောသူများဟူ၍ မြင်ကာ ထင်တိုင်းကြဲနေကြသောကြောင့် မရေးသားလို၍ မရေးသားပဲနေကြသည်ကို သိမြင်စေလိုသောကြောင့် ထိုမျလောက်ရေးသားရင်း တင်ပြအပ်ပါသည်။

ဤနေရာတွင် လူသားစင်စစ် ပညာတတ်ဖြစ်ပါက၄င်း၊ အကယ်စင်စစ် ဗဟုသုတ ရှိသူဖြစ်ပါက၄င်း အထက်ပါကျမ်းချက်သည် အဆွေထင်မှတ် ကောက်ချက်ချသကဲ့သို့ ဆိုထားသည် မထားသည်ကို ဦးစွာဆင့်ခြင်တွေးဆသင့်ပါသည်။ ဘုရားရှင်မြတ်တော်၏ ဖြူစင်ခြင်းဂုဏ်တော်၊ အနန္တတန်ခိုးတော်အရှင်ဖြစ်၍ ဘယ်လူသားမှ ဘုရားမြတ်ရှေ့တော်တွင် ဖုံးကွယ်၍ မရကြောင်းကို၎င်း၊ ( ထိုအချိန်ကာလ၌) အသင်းတော် ခုနှစ်ပါးတို့၏ ဦးခေါင်းဖြစ်တော်မူသည်ကို၎င်း၊ သမ္မာတရားဟူသည် နှစ်ဖက်သွားကဲ့သို့ဖြစ်သည့်နည်းတူ၊ ထာဝရဘုရားသည် စကားတော်အရာ၌ ဒါကတော့ မင့်တို့လူသားနှင့် ဆိုင်သည် ငါနှင့်တောဖြင့်မဆိုင်ဆို၍ ပြောသောဘုရားမဟုတ်ပါသည်ကို၎င်း၊ ဝိညာဏ် ဟူသည် မြန်မာ အရပ်စကားဖြင့်ဆိုရပါက ယနေ့ သုံးဆယ့်တစ်ဘုံလောကတွင် ရုပ်သက်ရှိသော သတ္တဝါ၊ ရုပ်သက်မဲ့သော အရူပဗြဟ္မာတို့သည် ဧကန်စင်စစ် သတ္တဝါဖြစ်သော်လည်း ရုပ်မရှိပါဟု အဆွေတို့နှုတ်၌ သွင်သွင်ဆိုနေကြသော်လည်း လက်တွေ့တွင် သမ္မာတရားဖြင့် ပိုင်းခြားသိမြင်ခြင်းငှါ အဘယ့်သို့သော အစွဲဒိဌိတရားတွေကာ  ဘုရားကို ဘုရားဟု မမြင်နိုင်၊ တရားကို တရားသို့မမြင်နိုင်အောင်ဖြစ်နေရသည်ကို ခေတ္တမျ အချိန်ယူခြင်းဖြင့် ဧကောဗုဒ္ဓေါ တစ်ဆူတည်းသော ဘုရားရှင်မြတ်ထံကို လှည့်ကာလာ၍ အကျွတ်တရားလမ်းကို အရယူပါရန် အချိန်မနှောင်းခင် သတိပေးနှိုးဆော်လိုက်ရပေသည်။

၂၂။ သတ္တဝါတို့သည် ဘယ်တရား၏ သဘောကို ခံယူနေကြပါသနည်း။ အို၊နာ၊ သေ ခန္ဓာဒုက္ခအကြောင်း သတ္တဝါလောက၏ ဘုံဘဝတို့ကို ဆင်းရဲကြောင်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ ( ပဋိစ္စသမုပ္ပါဒံ) စက်ဝိုင်းကို ဘယ်သူဟောကြားခဲ့ပါသနည်း။

မေးသည့်အတိုင်းဖြေရပါက လူသည်အပြစ်တရားတည်းဟူသော အကျိုးတရားများဝင်ရောက်လာသောနောက်တွင် ၄င်းဆိုးတရားများရောက်ရှိလာပါသည်။ ဤအရာသည်ကား အဆန်းတကြယ်လုပ်၍ ပြောရန်မဟုတ်ပေ။ အကြောင်းမှာ ထိုတရားများသည် ကမ္ဘာဦးအပြစ်ကျဆင်းပြီးနောက် တည်ရှိနေသော တရားကို ဂေါတမသာမက ( အဆွေတို့၏ ကျမ်းအရ) အခြားအခြားသော လူဘုရားများကလည်း ဟောခဲ့သည်၊ ကျမ်းစာကလည်းဟောဖေါ်ပြခဲ့လေပြီ။ ထို့ကြောင့် မေးခွန်းအတိုင်း တိုက်ရိုက်မသွယ်မဝှိက်ဘဲ တည့်တိုးဖြေရပါက အနိစ္စ၊ ဒုက္ခ၊ အနတ္တ ( ပဋိစ္စသမုပ္ပါဒါ) စက်ဝိုင်းကို ဘယ်သူဟောကြားခဲ့ပါသနည်း။ အဖြေကား အနိစ္စဘုရား၊ ဒုက္ခဘုရား၊ အနတ္တဘုရား က အထူးအဆန်းလုပ်၍ ဟောကြားတော်မူခဲ့ပါသည်။

                       ဦးရွှေငုံစဉ်းစားခန်း။
မောင်နော၊ မောင်ပြား၊ မောင်သာလှတို့သည် ဘာသာပြောင်း၍ မင်္ဂလာကိုခံယူသည် ဆရာယုဒဿန်အား ပါဠိဘာသာသင်ပေးသော ပရမတ်ဆရာ၊ ပိဋကတ်တတ် ဦးရွှေငုံသည် တွေ့ရသောအခါ ဤသူတို့သည် သာမန်မျဖြစ်ကြသော်လည်း ခုသူတို့ပြောင်းရသော ဘာသာအတွက် အသက်နှင့်ပင်လဲရသောသူများဖြစ်၏။ ငါလဲ ဆရာယုဒဿန်နှင့် နေ့တိုင်းဆွေးနွေး၊ နေ့တိုင်းစာသင်ပေးနေသဖြင့် ဆရာပြောသမျှစကားများသည် ဟုတ်မှန်လှပေ၏။ ဆရာယုဒဿန်ရေးသော ရွှေချိန်ခွင်စာကလေးမှာလဲ ငါသင်ပေးသော ပိဋကတ်အတိုင်းပင်ဖြစ်ချေသည်။ ဘုရားနှင့်ဓမ္မတာ၊ ဘုရားနှင့်ကမ္ဘာ၊ ဘုရားနှင့်လူသတ္တဝါ၊ ဤသည်များကို စဉ်းစာသော် ဘုရားကားအကြောင်း၊ ဓမ္မတာ၊ ကမ္ဘာ၊ လူသတ္တဝါက အကျိုးတရား၊ အကြောင်းရှိမှ အကျိုးရှိရာသည်။ ငါတို့၏ အကြောင်းအကျိုးဖေါ်ပြသော ပဋိစ္စသမုပ္ပါဒ် တရားတွင်လည်း အဝိဇ္ဇာအကြောင်းခံ၍ သင်္ခါရဖြစ်ရသည်။ ဤအဝိဇ္ဇာကား အဘယ်ကစ၍ အဝိဇ္ဇာဖြစ်ပေါ်လာရသနည်းဆိုပြန်သော်။ အာသဝသမာဒယော၊ အဝိဇ္ဇာသမုဒယော၊ အာသဝသမုဒယော၊ အာသဝေါတရားလေးပါးကြောင့် အဝိဇ္ဇာသမုဒယော၊ အဝိဇ္ဇာဖြစ်ပေါ်လာရခြင်းအကြောင်းသည်ဖြစ်၏။ ထို့ကြောင့် အဝိဇ္ဇာ၏အကြောင်းအရင်းကား အာသဝဟု သေသေချာချာမှတ်အပ်၏။ အဲ့သည်တော့ကား အဝိဇ္ဇာကို အကြောင်းအရင်းထားရမှာကလည်းခက်၊ အာသဝက အကြောင်းထားပြန်ရင်လည်း တဏှာပစ္စယာ၊ ဥပါဒန ဟုလာပြန်သည်။ ဥပါဒန်လေးပါးမှာလည်း အာသဝလေးပါးနှင့် သညာသာကွဲ၍ တရားကိုယ်မကွဲပြန်တော့ ပြန်၍ရှုတ်ပြန်သည်။ သို့အတွက် ပဋိစ္စသမုပ္ပါနတရားလည်းခက်၍ မသိကအစ၊ မရှိမှာဆုံး၊ အဝိဇ္ဇာမှစ၍၊ ဥမယာသမှာ ဆုံးသောတရားကြီးပါတကား၊ ဩခက်စွ၊ ခက်စွဟု တစ်ယောက်တည်းညည်းညူးလျှက်ရှိလေတော့သတည်း။

၂၃။ ဓမ္မဟောင်းကို မည်သူဟော၍၊ ဓမ္မသစ်ကို မည်သူဟောပြောပါသနည်း။ ၄င်းပုဂ္ဂိုလ်နှစ်ဦး၏ ဟောပြောချက် အဘယ့်ကြောင့် ဆန့်ကျင်နေပါသနည်း။

ဥပသကာကြီး ပေါလုက "ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်း( မူဟောင်း၌ဗျာဒိတ်ပေး) တော်မူသောအားဖြင့်ဖြစ်ကြောင်း " ( ၂ တိ ၃း၁၆)နှင့် ဥပသကာကြီးပေတရုကထပ်လောင်း၍ သက်သေခံရာတွင် "အနာဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဘူးသည်မဟုတ်၊ ဘုရားသခင်၏ သန့်ရှင်းသောသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းခံရ၍ ဟောပြောကြကြောင်း" နှင့် ( ၂ ပေ ၁း၂၁) "သူတို့အထဲ၌ရှိသော ခရစ်တော်၏ ဝိညာဉ်" က ညွန်ပြသည့်အတိုင်း၊ မိမိတို့ခံယူ၍ သက်သေခံဟောပြောကြ၏ ( ၁ ပေ ၁း၁)။
ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းတို့သည် ဆန့်ကျင်ဘက်မဖြစ်ကြောင်းကို ခရစ်တော်ဘုရားကိုယ်တော်တိုင် မိန့်ဆိုထားသည်မှာ "ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည့်ဟု မထင်ကြနှင့်၊ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်၊ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။ ငါအမှန်ဆိုသည်ကား ကောင်းကင်နှင့်မြေကြီး မပျက်စီးမှီတိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတလုံးမျှပြည့်စုံခြင်းသို့ မရောက်မှီ မပျက်စီးရ" ( မ ၅း၁၇-၁၈)။
သမ္မာကျမ်းစာသည် အဘယ့်ကြောင့် တမူထူးကဲသောစာအုပ်ဖြစ်ရသနည်းဆိုသော်…………
သမ္မာကျမ်းစာသည် ဘုရားသခင်နှင့် လူသားတို့ပေါင်းစပ်ဖွဲ့ဆိုခဲ့သောကြောင့် တမူထူးကဲသော စာအုပ်တစ်အုပ်စြဖ်သည်ဟု ဆိုရပေမည်။ အဘယ့်ကြောင့် ဆိုသော် သမ္မာကျမ်းစာဆိုသည့် စာအုပ်တစ်အုပ်အတွက် ရေးသားခဲ့ရသော နှစ်ပေါင်းသည် အနည်းဆုံးနှစ်ပေါင်း "၁၅၀ဝ"ကြာမြင့်ခဲ့သောကြောင့်ဖြစ်ပါသည်။ ထိုနှစ်ပေါင်း ၁၅၀ဝ အတွင်းတွင် ပါဝင်ရေးသားသူ စာရေးဆရာနှစ်ဦးသုံးဦးခန့်သာ ခေတ်ပြိုင်လူသားများဖြစ်ကြပြီး၊ ကျန်လူများသည် တစ်ဦးနှင့် တစ်ဦး မည်သူမည်ဝါမှန်းမသိခဲ့ကြပေ။ သိခွင့်လည်း မကြုံခဲ့ပေ။ ထိုသူတို့ စုပေါင်းရေးသားလိုက်သော သက်တမ်းပေါင်းနှစ်ပေါင်း ၁၅၀ဝ ရှည်လျှားသောအချိန်ကာလ၏ နောက်ပိုင်းတွင် ပေါ်ထွက်လာခဲ့သော ဤသမ္မာကျမ်းစာအုပ်သည် ရင်သက်ရှုမောဘွယ်ရာကောင်းလောက်အောင် မှားယွင်းတိမ်းချော်အလျှဉ်းမရှိ၊ ပကတိ ညှိနှိုင်းရေးသားသကဲ့သို့ ညီညွတ်နေသည်ကို တွေ့ကြရသည်။
သမ္မာကျမ်းစာသည် ဘုရားသခင်၏ စာအုပ်ဖြစ်သည်ဟု ဆိုနိုင်သော ဧကဝါစာ အဖြစ်တင်ရှားသည့်အမှတ်အသား တစ်ခုလည်းဖြစ်သည်။ ၄င်းမှာ သမ္မာကျမ်းစာထဲ့တွင် " ထာဝရ ဘုရားမိန့်တော်မူသည်ကား" ဟူသော စကားကို အကြိမ်ပေါင်း ၂၅၀ဝ ကျော်မျှတွေ့မြင်နိုင်ပေသည်။ ဟုတ်ပေသည် သမ္မာကျမ်းစာသည် ဧကောဗုဒ္ဓေါ တစ်ဆူတည်းသောဘုရားမြတ်၏ ဧကာဝါစာ စကားတော်များဖြစ်သည့်အတွက် ခေတ်အဆက်ဆက်က အမှောင့်ဒိဌိတို့က ဖျက်စီးခြင်းငှါ ရှာကြံကြသော်လည်း ထားရှိသောစကားတော်ကို ခေတ်အဆက်ဆက်၌ တည်တန့်စေရန် စောင့်ထိန်းတော်မူသော သူမှာ ထိုဘုရားစင်စစ်ပင်ဖြစ်သောကြောင့် ၊ တရားရှာကိုယ်မှာတွေ့ ( မိမိအခြေအနေကို အမှန်အတိုင်းမြင်ခြင်း) ၍၊ ဘုရားကိုကား ထားရှိသော စကားတော်များအားဖြင့် ( အသိမှ အရှိ) အထံတော်သို့ချဉ်းကပ်ရန် အခွင့်ထူးကို ဖွင့်ပေးတော်မူသော ထိုဘုရားမြတ်၏ နာမတော်သည် ကမ္ဘာ အဆက်ဆက် ဘုန်းကြီး၍ မင်္ဂလာရှိပါစေသော်။

၂၄။ ထာဝရ ဘုရားဆိုတာ ဘယ်သူပါလဲ၊ ဘာ့ကြောင့် ကိုယ်စားလှယ်တော် သားတော်လွတ်ရသနည်း၊ အဘယ့်ကြောင့် လောကအတွင်းသို့ မဆင်းသက်ပါသလဲ။

သယမ္ဘုတံဖြင့် အလိုလိုတည်ရှိတော်မူသော ဧကောဗုဒ္ဓေါ ဘုရားမြတ်ဖြစ်တော်မူသောကြောင့်၊ အစိန္တေယျလေးပါးတွင်လည်း တပါးအပါတဝင်ဖြစ်တော်မူထသော ထိုမြတ်စွာဘုရားသည်၊ တပါးတည်းသော သားတော်ကို ဤလောကသို့စေလွတ်၍ ကိုယ်စားပြု ယတြာပေးချေရန် စေလွတ်မည့်အကြောင်းကို ကမ္ဘာဦး အစ တွင်ပင်တွေ့မြင်နိုင်သောကြောင့် ဤသည်ကား မေတ္တာရှေ့ထားသော ဘုရားမြတ်၏ ထူးမြတ်လှသော အကြံအစည်တော်မြတ်ပင်ဖြစ်ပါသည်။ ထို့ကြောင့် အထက်ပါအကြောင်းအရာများအား သမ္မာကျမ်းစာတွင်ကြည့်ပါက …….
             ၁။ လူ့ဇာတိခံယူရန်နေရာ။
             ၂။ အမိဖြစ်မည့်သူ၏အသက်အပိုင်းအခြား။
             ၃။ ခေတ်အခြေအနေ။
             ၄။ အရပ်ဒေသ။
              ၅။ အမျိုးအနွယ်။
              ၆။ အမှုတော်စတင်ရန် အချိန်ကာလ။
              ၇။ နောက်လိုက်နောက်ပါ တပည့်သာဝကများအတွက်။
              ၈။ ရှေ့တော်ပြေး။
              ၉။ ကားတိုင်ထက်တွင် ကိုယ်စားပြုခံယူရန်။
            ၁၀။ အဝတ်တော်ကို မဲ့ချခြင်း။
            ၁၁။ မမှန်သက်သေပြုခြင်း။
            ၁၂။ သေခြင်းမစ္ဈုမာန်ကိုအောင်တော်မူရန်။
            ၁၃။ ဒေဝပုတ္တမာန်ကိုအောင်မြင်အနိုင်ယူရန်။
            ၁၄။ ခန္ဓာမာန်ကိုအောင်မြင်အနိုင်ယူရန်။
           ၁၅။ ကိလေသာမာန်ကို အောင်မြင်အနိုင်ယူရန်။
           ၁၆။ အဘိသင်္ခါရမာန်ကို အောင်မြင်အနိုင်ယူရန် ................စသော အချက်အလက်များကို အနာဂတ္တိ တဘောင့်စကားထားတော်မူသည့်အတိုင်း ပြည့်စုံစေတော်မူခဲ့သည်ကို ကြည့်ခြင်းအားဖြင့် မြင့်မြတ်လှသော ဘုရားမြတ်ရှင်၏ အနာဂတဿညာဏ်တော်၊ အနန္တတန်ခိုးတော်များကို မြင်တွေ့ကာ သာ၍ကြည်ညိုကိုးစား ခိုလှုံရန်အားထားရန် ထိုက်တန်တော်မူထသော ထိုအရှင်မြတ်ဘုရားသည် ကျွန်ုပ်တို့ ကြံစည်၍ မမှီနိုင်သော အစိန္တေယျ ဘုရားမြတ်ပင် မဟုတ်ပါလော။ ဤသို့ကြောင့် အမေး၏ အချုပ်မှာကား ဘုရားရှင်သည် စကားတော်ကို ပြည့်စုံစေတော်မူသောအရှင်၊ အကြံအစည်တော်အတိုင်း စီမံသည်ကို အထင်အရှားမြင်တွေ့နိုင်ပေသည်။

၂၅။ စာရေးဆရာ ဆန်းလွင်ရေးသားသော ရတနာ သုံးပါးကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက်အကြောင်းမှ ခရစ်ယာန် ဝါဒ၏ ကောက်နှုတ်ချက်များကို ဖြေရှင်းနိုင်ပါသလား။

စာရေးဆရာ ဆန်းလွင်သည် အမှန်အားဖြင့် သူ၏ ဘဝ၌ ဘုရား၊ တရားကို ရှာဖွေဆည်းကပ် ကိုးကွယ်ခဲ့သူမဟုတ်သည့်အပြင် ဘာသာတရားထက် အပျော်အပါးကို မက်မောသူဖြစ်ကြောင်း "ရတနာ သုံးပါးကို မှီဝဲကိုးကွယ် ဆည်းကပ်လာသူတစ်ယောက်အကြောင်း"  ဆိုသောစာအုပ်တွင် အရှင်းသား ရေးသားထားသည်ကို မြင်တွေ့ရသောကြောင့် သူသည် မိမိ၏ ဘာသာတရားကို ပင်အထွဋ်အမြတ်မထား ထင်ရာဆိုင်းသူဖြစ်ချေသောကြောင့် သူ၏ အမြင်သဘောထားသည် ကျောက်ကွင်းဘုန်းကြီး ဥက္ကဌ ထက်ပင် ကြည်ညိုလေးစားစရာ မရှိသောကြောင့် အဆွေ၏ အဖြေအတွက် ဆန်းလွင်သည်ကား သူတထူးနဲ့မတူသော "………….. "အဖြစ်  သေချာစေရန် အဆွေကိုယ်တိုင် ထိုစာအုပ်ကို ဝယ်၍ ဖတ်ကြည့်ပါရန် တောင်းဆိုရင်း နိဂုံးချုပ်လိုက်ပါသည်။

၂၆။ ဆိုးမိုက်၍ မလိမ္မာသော လူယုတ်မာများကို အဘယ့်ကြောင့် ဖန်ဆင်းထားပါသနည်း။ သူ့ဟာသူ ဆိုးမိုက် လာရသည်ဆိုပါက အနန္တတန်ခိုးတော်ဖြင့်ပြန်လည်ရုပ်သိမ်းလိုက်သင့်ပါသည်။ အဘယ့်ကြောင့် သူဖန်ဆင်းသော လူတွေကို သူမထိန်းသိမ်းနိုင်သနည်း။ ထာဝရဘုရား၏ တန်ခိုးတော်ကမည်သို့နည်း။

ဘုရားရှင်သည် ဆိုးမိုက်သော သူကို အခွင့်မပေး တစ်ပါတည်း ရုပ်သိမ်းရန် သူလိုငါလို ဆိုးညစ်သောစိတ်ရှိပါက ယခုအချိန်တွင် အသင်သည် ဤလောကမှ မဟာအဝစိငရဲသို့ ရောက်ရှိကာ နူးနပ်နေပေတော့မည်ကို သတိရလိုက်ပါ။
ဘုရားသခင်သည် ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းတော်မူပြီးလျှင် ဖြောင့်မတ်ခြင်းတရားနှင့်၎င်း၊ မေတ္တတရားနှင့်၎င်း၊ စောင့်မကြည့်ရှု၍ အုပ်စိုးတော်မူလျှက် နာမ်ဝိညာဉ်ဖြစ်တော်မူ၍၊ ပုဂ္ဂိုလ်လည်းဖြစ်တော်မူ၏။

ဘုရား၏ ဂုဏ်တော်အင်္ဂါရပ်များ။

၁။ နာမ်ဝိညာဉ်ဖြစ်တော်မူခြင်း။
            က။ အသက်အရင်းအမြစ်။
            ခ။ ပုဂ္ဂိုလ်စင်စစ်ဖြစ်တော်မူခြင်း။

၂။ အနန္တအဖြစ်တော်အရှင်။
            က။ သယမ္ဘုတံအရှင် အမှီတကဲမလိုဖြစ်တော်မူသောဘုရား။
            ခ။ ဧကောဗုဒ္ဓေါ ပြောင်းလဲခြင်းကင်းသောဘုရားမြတ်။
            ဂ။ အနှိုင်းမဲ့ တစ်ဆူတည်းသောဘုရား ( ဗဟုဗုဒ္ဓေါမဟုတ်)။

၃။  တန်ခိုးတော်အစုံ၊ ကံတော်၊ ညာဏ်တော်အနန္တနှင့် စုံလင်တော်မူသောဘုရားဖြစ်ခြင်း။
             က။ သမ္မာတရားအရှင်။ မဖေါက်မပြန်သောအရှင်။
             ခ။ မေတ္တာတော်အရှင်။
             ဂ။ သန့်ရှင်းမြင့်မြတ်သောအရှင်။
            ဃ။ ဣဒ္ဓိဝိဓ ဖန်ဆင်းအရှင်။
                   (၁) ကာလနှင့်ဆိုင်၍ ထာဝရဘုရား။
                   (၂) စကြာဝဠာနှင့်ဆိုင်၍ အနန္တမျက်မှောက်တော်ရှင်။
             င။ ခပ်သိမ်းသောအရာကိုသိမြင်သောအရှင်။
             စ။ အနန္တတန်ခိုးရှင်။

၎။ တရားသောအရှင်။
             က။ သစ္စာတရားတို့အရှင်။
             ခ။ သနားကရုဏာအရှင်။
             ဂ။ ဖြောင့်မတ်သောအရှင်။
            ဃ။ တရားသဖြင့် အကျိုးအပြစ်ကို ပေးဆပ်သောဘုရားဖြစ်ခြင်းတို့ပင်ဖြစ်လေသည်။

လူသားတို့အား ဖန်ဆင်းရှင်မှပေးသောကြီးမြတ်သည့်ဆုမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ပင်ဖြစ်ပေသည်။ "အသက်ရှင်ခြင်းနှင့်၊ သေခြင်း၊ ကောင်းကြီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့မှာ ငါထားသည်ဟု သင်တဘက်၌ ကောင်းကင်နှင့် မြေကြီးငါတိုင်တည်၏။ သို့ဖြစ်၍ သင်နှင့် သင်၏ အမျိုးအနွယ်သည် အသက်ရှည်မည်အကြောင်းနှင့်၎င်း၊ သင်၏ ဘုရားသခင်ထာဝရဘုရားကိုချစ်၍ စကားတော်ကို နားထောင်သဖြင့် အသက်ရှည်ခြင်းအကျိုး၊ အသက်တာရှည်ခြင်း အကျိုးကိုပေးတော်မူသော ကိုယ်တော်ကို ဆည်းကပ်ကိုးကွယ်မှီဝဲမည့်အကြောင်းနှင့် ထာဝရဘုရားသည် သင်၏ ဘိုးဘေး အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်၌ နေမည့်အကြောင်းနှင့် ယှဉ်သော အသက်တရားကို ရွေးယူလော့ဟု ဣသရေလ အမျိုးအား ဟောပြော၏" ဆိုသည့်စကားအတိုင်း  တရားဖက်တော့အမျက်ပြေ သလို ဘုရားဖက်လျှက် အကျွတ်တရားလမ်းသို့ရောက်၍ အို၊ နာ၊ သေခြင်းကင်းရာ နန်းအမတကို စံမြန်း ပိုင်ဆိုင်နိုင်ကြပါစေရန် ဆန္ဒပြုလျှက် ဤနေရာတွင် အမေးအဖြေကို ရပ်နားလိုက်ပါသည်။ဤနေရာတွင် ဘုရားကို ယိုးမယ်ဖွဲ့အပြစ်တင်ပါက ရှင်တော်ဂေါတမက အသင့်အား အဘယ်သို့ပြောမည်ကို သေသေချာချာ ကြည့်မှတ်လှည့်ပါ။ ထိုအရာကား သင်သည် ဧက ကရဏဒိဌိပင်ဖြစ်ပေတော့သည်တကား။

အပ္ပံကမ္မဝါပါကံ၊ ဗဟုတရံအဝသေသံ၊ တတ္တဗာလံ သမ္မံကမ္မဝါပါကံ ယေဝါတိ၊ အတိဓါဝန္တိ။ ။မိလိန္ဒပညှာပါဠိတော်။ ။

ဤအကြောင်းကို၊ ဟံသာဝတီတိုက်မှ ၁၉၀၂ ခုနှစ်မှထုတ်ဝေသည်၊ စာမျက်နှာ ၁၀၇-၁၂၇တို့တွင်ကြည့်နိုင်လေသည်။
ကမ္မဝိပါကံ၊ ကံ၏အကျိုးသည်။

အပ္ပံ၊ အနည်းငယ်သာတည်း။

အဝသေသံ၊ ကြွင်းသော ကံတပါးသော မလိမ္မာခြင်း အကြောင်းကြောင့်ဖြစ်သော၊

သုခ၊ ဒုက္ခ အမျိုးမျိုးကို၎င်း၊

ကောင်းကျိုး မကောင်းကျိုးကိုတို့သည်။

ဗဟုတရံ၊ အလွန်များ၏။

တတ္တ၊ ထိုသို့ဖြစ်ရာ။

ဗာလာ၊ လူပြိန်းတို့သည်။

သဗ္ဗံ၊ အလုံးစုံ ကောင်းကျိုး မကောင်းကျိုးဝေဒနာမျိုးတို့သည်။

ကမ္မဝိပါကံယေဝ၊ ကံ၏ အကျိုးတို့သာတည်း။

ဣတိ၊ ဤသို့။

အတိဓါဝန္တ၊ အမှန်သဘော ဘုရားဟောကို လွန်၍ပြောကုန်၏။ ။ မှန်ပေ၏၊ အနာရောဂါ ရှစ်မျိုးပြရာ၊ ကံကြောင့်တပါးသာပါ၏။ အသက်ရှင်ခြင်း အကြောင်းတရားလေးပါးပြရာ၊ ကံကြောင့် တပါးသာပါ၏။ ။ပဌာန်း ပါဠိတော်၌ အကြောင်းတရား ၂၄ ပစ္စည်းပြရာ၊ ကမ္မပစ္စည်း တပါးသာပါ၏။

ထို့ကြောင့်၊ ဝိသုဒ္ဓိမဂ် အဌကထာ၌ အနေကေဟိပနကာရေနေဟိ အနေကမေဝဟောတိ။

။ပပ၊ စင်စစ်သော်ကား။

အနေကေဟိ၊ များစွာသောအကြောင်းတို့ကြောင့်။

အနေကမေဝ၊ အကျိုးများသည်သာလျှင်။

ဟောတိ၊ဖြစ်၏။ ။လူမတန် ကံချ ဟူသကဲ့သို့၊ ကံကိုသာ ရိုးမနေနှင့် သို့မဟုတ်ပါက မျက်မှောက် ဘုရားတရားကို ရှိဖွေဆည်းကပ်ရန် အခွင့်ထူးကို ရရှိထားသော်လည်း ဘုရားနှင့်လွဲ၍ ဘဝနောင်ရေးလည်းမွဲကာ ဧကကရဏဒိဌိ အဖြစ်သို့ ရောက်ကုန်ပေလိမ့်မည် ဖြစ်ကြောင်း မေတ္တရှေ့ထား ရေးသားဖေါ်ပြလိုက်ရပေသည်။