ရှင်တော်ဂေါတမ သည်အသက် ၂၉ နှစ် ရှိသောအခါ၊ ယသော်ဒယာမင်းသ္မီးနှင့်၊ သားရာဟုလာကို စွန့်ပစ်၍၊ ဗြဟ္မဏတို့၏ ကျင့်စဉ်အတိုင်း တောထွက်၍၊ ဆရားကိုကျင့်လေ၏ အသက်၃၅ နှစ် ပြည့်သောအခါတွင် ဗြဟ္မဏတို့  ဘာသာတရားလမ်းကိုစွန့်၍၊ အသစ်သော တရားလမ်းကို မိမိဥာဏ်အားဖြင့် လူအပေါင်းတို့ကို ဟောလေ၏။ ထိုအခါ အများသောသူတို့သည်၊ သူ၏ဘက်သို့ ပါသွားလေတော့သည်၊ ထို့ကြောင့် သောဠသ ပြည်အနှံ့ အပြားဖြစ်၍၊ သူ၏ သာသနာသည် တည်ထွန်းလေ၏။၎င်းအချိုန်တွင်၊ သာဝတ္ထိပြည်၊ ပသေနဒီ ကောသလမင်းကြီးသား ၀ိဋဒူပနှင့်၊ ကပ္ပိလ၀တ်ပြည် ရှင်တော်ဂေါတမအမျိုး၊ မဟာနာမ်မင်းတို့သည် စစ်ဖြစ်ကြသောအခါ၊ စစ်ရှံး၍ သာကီဝင် အမျိုးအပေါင်းတို့ ကို၊ ၀ိဋဒူပသည်၊ ရက်စက်စွာ နှိုပ်စက် ညှင်းဆဲ သောကြောင့်၊ ပါတဠိပုတ် ပြည်မှစ၍၊ သီဟိုဠ်ကျွန်းးတိုင်
အောင်၊ တိမ်းရှောင် ထွက်ပြေးကြရလေသည်။ သို့သော်လည်း ဤနေရာတွင် ရှင်းရှင်းလင်းလင်း သေချာစေရန် အကြောင်းအရင်းကို ပြဆိုလိုသည်မှာ ရှင်တော်ဂေါတမသည် ကာမ ရာဂ သည် ယောင်္ကျား ယုတ်တို့၏ အကျင့်တရားဟု့ ဟောပြောသော်လည်း သူကိုယ်တိုင်ကား ဤ ကိလေသာမာရန်ကို မအောင်မြင်ခဲ့သည့်နည်းတူ သားသမီး အများအပြားပင် ရခဲ့လေသည်..
မှတ်ရန်။ ။ ( ၅ ) ယသောဓရာ အမှုးရှိသော မယားများ။
ယသောဓရာ အမှုးရှိသော မင်းသမီးအပေါင်းတွင်၊ ထင်ရှားသော မိဖုရားခေါင်ကြီး ၅ ပါးနှင့် သားတော် ငါးပါးတို့ကို ဟံသာဝတီတိုက်ထုတ်၊ ဗုဒ္ဓဝင်ဝတ္ထု၊ စာမျက်နှာ ၁၅၅ တွင် ဖေါ်ပြထားသည်မှာ အောက်ပါအတိုင်းပင်ဖြစ်လေသည်ကို ပြည်သူအများသိစေရန် ရေးသာတင်ပြလိုက်ပါသည်။
၁။ ယသောဓရာ နှင့် သားတော် ရာဟုလာ။
၂။ သုမိတ္တာ နှင့် သားတော် ပုတ္တ။
၃။ ကဉ္စန နှင့်သားတော် ဥပရောဂ။
၎။ မင်္ဂလ နှင့် သားတော် သင်္ဃာဝရ။
၅။ မလ္လိကာ နှင့် သားတော် ဇာတိဝရ။
၎င်းတို့ကို ဗုဒ္ဓဝင် အကျဉ်းချုပ်နှင့်ဒီဃနိကာယ် ကျမ်းတွင် ပါကြောင်း လမ်းညွန်ပြထားလေသည်။