ရှင်ဂေါတမသည်၊ သာဝတ္ထိပြည်။ ဇေတ၀န်ကျောင်း၌နေစဉ်အခါ။ ကိသာဂေါတမီအမည်ရှိသောမိန်းမတရောက်သည်၊ မိမိ၌ရှိသောသားကလေးသေဆုံး၍၊ ထိုသားငယ်ကိုအလွန်ချစ်သောကြောင့်။ မိမိသားငယ်၏ခန္ဓာရုပ်ကျွန်းအားပိုက်ချီပြီးလျှင်၊
ငိုကြွေးမြည်တမ်းလျှက် ရှင်ဂေါတမသည်
သေသောသူကိုရှင်အောင်တတ်နိုင်လိမ့်မည်အထင်ဖြင့်၊
ရှင်ဂေါတမရှိရာ၊ ဇေတ၀န်ကျောင်းသို့ယူလာလေသည်၊
ထိုအကြောင်းအရာကိုရှင်တော်ဂေါတမသိလျှင်၊ သေသောသူကိုငါရှင်အောင်တတ်နိုင်သည်ဟုရုတ်တရက်မပြောဆိုဘဲ၊
သေသောသူကိုရှင်အောင်တတ်နိုင်လေဟန်ဖြင့်၊
ရှင်သောဆေးကိုပေးမည်၊
ယုံချို၊
လိပ်မွေး၊
ပုဇွန်သွေး၊
ခွေးလှေးတင်ပါးငါးကျပ်သားကိုရအောင်သာရှာပါလေဟု၊
ဆေးမှော်ရူးသွေးဝင်သူတို့ကိုခိုင်းနှိုင်းသောဥပမာကဲ့သို့။ ပရိယာယ်ညာဏ်ဖြင့်၊ ကိသာဂေါတမီအားပြောသည်မှာ၊ သင်၏သားငယ်ကိုရှင်စေလိုလျှင်။ သ၀တ္ထိပြည်တွင်းသို့သွား၍ လူမသေဘူးသော အိမ်မှ၊မုန့်ညှင်းစေ့တဆုပ်ရအောင်ရှာပါလေဟုခိုင်းသောအခါ၊ ကိသာဂေါတမီသည်လည်းသားငယ်ဇောဖြင့်၊ ရှင်စေလိုသောဆန္ဒကြောင့်၊ မိခင်မေတ္တာအားကြီးစွာဖြင့်၊ ရှင်ဂေါတမပြောသော စကားကိုမစဉ်းစား မဆင်ခြင်ဘဲဝမ်းသာအားရနှင့်၊ မြို့ တွင်းကိုးကုဋေ၊ မြို့ ပြင်ကိုးကုဋေ၊ အိမ်ခြေလူနေရှိသောသာဝတ္ထိပြည်ကြီးအတွင်းသို့ သွား၍၊ မုန့်ညှင်းစေ့တဆုပ်ကိုရှာလေ၏။ မသေသောသူ၏အိမ်မှ မုန့်ညှင်းတစေ့ကိုမျှမရသည့် အပြင်၊ သားသေသည့်အတွက်စိတ်ဒုက္ခဝေဒနာပေါ်မှာ၊ မုန့်ညှင်းစေ့ရှာရသည့်အတွက်၊ ကိုယ်ကယာပင်ပန်းခြင်းကိုသာထပ်၍ကြုံရလေသည်။ ရှင်ဂေါတမရှိရာ ဇေတ၀န်ကျောင်းသို့ပြန်ရောက်၍ လျှောက်ထားသောအခါ ရှင်ဂေါတမ တရားပြသည်မှာ။
ဤလောက၌၊ ဘုံအားလုံးတွင် မြင်မြင်သမျှ အနိစ္စမို့၊
မရဏာဓူဝံ ငါသော်မှ မလွန်ဆန်နိုင်ဟူသောအခါ။
ကိသာဂေါတမီသည်လည်း။ သားငယ်အသေကောင်ကိုပစ်ထားလျှက်။ စိတ်နှစ်လုံးကိုယ်ကာယပင်ပန်းစွာဖြင့်သွားရလေသည်။ ၎င်းပြဆိုခဲ့သောအကြောင်းအရာတို့သည်။ ဓမ္မပဒ၀တ္ထုကျမ်းထွက်ဖြစ်၏။ ၎င်းဝတ္ထုကိုထောက်၍သူတပါး၏သေခြင်းတည်းဟူသော မစ္ဈုမာရ်ကိုမအောင်ကြောင်းရှင်းလင်းစွာသိရလေသည်။ ။