အချို့သော ပုံပြင် ၀တ္ထုတို့ ကို ရှင်တော်ဂေါတမ အဖြစ်တော်ပေါင်းလုပ်၍၊
မိမိတို့ညာဏ် ဖြင့်များစွာသော ကျမ်းတို့ကိုစီရင်ပြီးမှ၊ သက္ကသ ဘာသာဖြင့် ပေထက်အက္ခရာ တင်ထားလေ၏။
၎င်းမှတဖန် ၀ဋ္ဋဂါမဏီမင်းလက်ထက်၊ အနုရာဒမြို့ တောင်မလာ ဇနပုဒ်၊ အာသောကလှိုင်၌ သွင်းထားလေ၏၊ ဤကား သီဟိုဠ်ကျွန်း၌ ရှေးဦးစွာ ပေထက်အက္ခရာ တင်ထားခြင်းဖြစ်သတည်း။ ၎င်းအချိန်တွင်ပိဋကတ် ၃ ပုံဟူ၍ အမည်နာမ မရှိသေးချေ၊ ဓမ္မခန္ဓာဟူ၍သာ အမည်တွင်လျှက်ရှိသည်၊ ၎င်းဓမ္မခန္ဓာဆိုသော စကား၏အဓိပ္ပါယ်မှာ၊ ဓမ္မ=တရား၊ ခန္ဓာ=အစု၊ တရားအစုဟူ၍ဆိုသည်။၎င်းပေထက်အက္ခရာ တင်ထားသောကျမ်းတို့ကို၊ မည်သည့်ကျမ်းတို့ကို မည်သည့်ဆရာရေးသည်ဟူ၍ မြန်မာလို ပဌမရေးထားသော မဟာဝင်ကျမ်း၊ စူဠ၀င်ကျမ်းတို့ ၌ မဘော်ပြသောကြောင့် မသိရချေ။ ။