၁။ မေထုန်မှီဝဲခြင်း။ မဂ်သုံးပါး၌၄င်း၊ တိရိစ္ဆာန်၌၄င်း မမှီဝဲအပ်။
၂။ ဥစ္စာကို ခိုးယူခြင်း။ ရွှေစင်တမတ် ငွေ ၅ိတန် ပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ရမည်။
၃။ အသက်သတ်ခြင်းကိုရှောင်ကျဉ်ရန်။
၎။ မုသာပြောခြင်း။ ငါသည် ဈာန်မဂ်ဖိုလ် ရပြီ ယခုဘဝတွင်ပင် နိဗ္ဗာန်ရောက်မည် အစရှိသော စကားကို မပြောရ၊ ထိုလေးပါးတို့ကို ပါရာဇိက လေးပါးခေါ်သည်။ ထိုလေးပါးကို ကျုးသော ရဟန်းသည် ပါရာဇိက ကျသောရဟန်းဖြစ်သည်။ ဤကား သိမ်ထဲက သိက္ခာတင်လိုက်သော တရားဖြစ်သည်။
မှတ်ရန်။ ။ ယခုကာလတွင်ကား ပဌမ ဆောင်အပ်သော အရာလေးပါးတို့ကို ဆောင်သော ရဟန်းကာ ဘယ်မျှလောက် နည်းပါးလိမ့်မည်နည်း စဉ်းစားတော်မူကြပါကုန်လော့။