ထိုအခါ ``ကိုယ်တော်တိုင် ထိုးထွင်းသိမြင်အပ်သော တရားတော်ကိုပင် မှီခိုအားထားရာ ဆရာတစ်ဆူ ပြု၍ အကြိမ်ကြိမ် အထပ်ထပ် မပြတ်မှီဝဲ ပူဇော်နေရတော့မည်´´ဟုကြံတော်မူကာ တရားတော်ကိုသာ အရိုအသေ အလေးအမြတ် ပြု၍ ပူဇော်နေတော်မူခဲ့သည်ကို မြင်တော်မူ၏။ ( သံ၊ ၁။ ၁၄၀။ အံ၊၁။၃၂၇။ ဗုဒ္ဓ၀င်၊ ဒု-တွဲ။ ၃၈၇။)
ဤနေရာတွင် ``ဘုရား ပြီးနောက် တရားသာ ကြားဘူးပါသည်´´ တရားပြီးမှ ဘုရားဟူ၍ တခြင်းကို မကြားဘူးပါလေ၊ ထို့ကြောင့် ``ဧကော ဗုဒ္ဓေါ´´ တစ်ဆူသော ဘုရားကို ပယ်နိုင်ရေးအတွက် လုပ်ဇာတ် ဆင်သော်လည်း ၊ ထိုလီဆယ်မှုတို့သည် ``ပုတ်၍ပေါ်၊ ဟုတ်၍ကြော်´´ အမှန်သည်ကား ပေါ်လာရခြင်းပင်ဖြစ်လေတော့သည်တကား။
ရှင်ကြီး ဂေါတမပင် တရားကို ထိုမျအားကိုးနေရပါက ယနေ့ ကိုရွှေ ကြောင်သူတော်တို့သည်ကား ၊ ထိုတရားကို အားကိုးသောသူကို ပင်တရားရှင်အဖြစ် ခံယူကာ ကိုးကွယ်ဆည်းကပ်ကိုးကွယ်ကာ တောင်းလျှောက် နေကြခြင်းက၊ ရှင်ကြီး ဂေါတမ၏ စကားထက် သူတို့၏ အတွေးအခေါ်တို့ကိုသာလျှင် အစားထိုးကာ ယုံကြည်မှုကိုတည်ထောင်နေကြသော သူများပင် ဖြစ်ကြပေတော့သည်။ အမှန်တကယ်ကား ``ဘုရား၊ တရား´´ ဆိုသော စကားသည် မှားနေသောကြောင့် ``တရား၊ ဘုရား´´ဟူ၍ တရပေတော့မည်။ ရှင်းသည်ကား ဘုရားပြီးမှ တရားလာသည်ကိုကား အားလုံးသိနိုင်ပေသည်။ မြန်မာလူမျိုး မပေါ်မှီတွင် မြန်မာစာ မပေါ်နိုင်၊ မရှိသကဲ့သို့။ ဘုရား နှင့် တရားတို့သည်ကား တရားထက် ဘုရားသည် ပဓါန ဖြစ်ကြောင်းကို အားလုံးသိနိုင်ကြပါစေရန် ရေးသားလိုက်ရပေတော့သည်။