ဖျက်ဆီးသောသူ

ဘုရားသာသနာတော်မြတ်ကို ဖျက်ဆီးသောသူတို့အား ရွေးချယ်၍ပြဆိုခြင်း။

ဘုရားသခင်၏ သာသနာတော်မြတ်ကို၊ အဘယ်သူတို့သည် ဖျက်ဆီးတတ်ပါသနည်းဆိုလျှင်။
သင်္ဃန်းကို ၀တ်ရုံကုန်သော ဦးပြည်းခေါင်းတုံး ရိတ်သော ရဟန်းတို့သာလျှင်ဖျက်တတ်သည်ဟူ၍၊ ဗုဒ္ဓဃောသ သုပ္ပတ္တိကျမ်းတွင်ပြဆိုသည်။
၎င်း ပြဆိုသော ပါဠိမှာ။ ။ ယထာဟိမိဂိန္ဒဿ၊ သီဟဿ မိဂရာဇိနော၊ နတဿ မံသံခါဒန္တိ၊ သိင်္ဂါလသုနက္ခာဇမ္မော။ ။သရိယေသု သမုပ္ပန္နာကိမိယော၊ မံသဘောဇနာ သီဟမံသာနိ၊ ခါဒန္တိနအညေသာမဒမိဂါ။ ။တထေ၀ ဗုဒ္ဓဿသာနနေ၊ နဒူသရန္တိ၊ သဒ္ဓမ္မံဣဒ္ဓိ၊ ပတ္တာအပတိဌိယာ၊ ဣဒေဝေ ပါပဘိက္ခုယေ၊ မုဏ္ဍသံဃာဋိပါရုတာ၊ တေဒူသရန္တိ၊ သဒ္ဓမ္မံ၊ သမ္မာသမ္ဗုဒ္ဓဒေသိတံ။ ။ဟူ၍ ပါဠိလာရှိသည်နှင့်အညီ၊...........

မြန်မာလို ဘာသာပြန်ဆိုရလျှင်ကား။ ။

  • ယထာဟိ၊ အကြယ်ချဲ့၍ ပြဆိုရပေအံ့။
  • မိဂိန္ဒဿ၊ သားကောင် အပေါင်းတို့ကို အစိုးရသော ၊
  • မိဂရာဇိနော၊ သားကောင်တကာတို့၏ မင်းလည်းဖြစ်သော။
  • သီဟဿ၊ ခြင်္သေ့မင်း၏။
  • မံသံ၊ အသားကို။
  • ဇမ္မော၊ ယုတ်မာကုန်သော၊
  • သိင်္ဂါလသုနက္ခာ၊ မြေခွေးတို့သည်။
  • နခါဒန္တိ၊ မစားဝံ့ကုန်။
  • တဿသီဟဿ၊  ခြင်္သေ့မင်း၏။
  • သရိယေသု၊ ကိုယ်၌။
  • သမုပ္ပန္နာ၊ ဖြစ်ကုန်သော။
  • ကိမိယော၊ အလှေးတို့သည်။
  • ခါဒန္တိ၊ စားကုန်၏။
  • နအညေ၊ အလှေးမှတပါးဖြစ်ကုန်သော။
  • သာပဒမိဂါ၊ ခြေရှိခြေမဲ့ဖြစ်သော၊ သားကောင်အပေါင်းတို့သည်။
  • နခါဒန္တိ၊ မစားဝံ့ကုန်၊
  • တထေ၀၊ ထိုနည်းတူ။
  • ဗုဒ္ဓဿ၊ မြတ်စွာဘုရားသခင်၏။
  • သာသနံ၊ သာသနာတော်ကို။
  • သဒ္ဓမ္မဣဒ္ဓိ၊ ကောင်းသော တန်ခိုးနှင့်ပြည့်စုံသောသူတို့သည်၎င်း။
  • ပတ္တာပိ အပတိဌိယာ၊ တံခိုးမရှိသော သူတို့သည်ဘည်းကောင်း။
  • နဒူသရန္တိ၊ မဖျက်ဆီးဝံ့ကုန်သော။
  • ယေပါပဘိက္ခူ၊ အကြင်ယုတ်မာကုန်သော ရဟန်းတို့သည်။
  • သမ္မာသမ္ဗုဒ္ဓ ဒေသိတံ၊ ဘုရားသခင်၏ ဒေသနာတော်ဖြစ်သော သာသနာတော်မြတ်ကို။
  • ဒူသရန္တိ၊ ဖျက်ဆီးကုန်၏။ ။

၎င်းပြဆိုသော ကျမ်းဂါန်ပါဠိသဘောကို သာ၍သိသာထင်ရှားအောင်၊ အဓိပ္ပါတယ်ဖွင့်ပြလျှင် သားကောင်အပေါင်းတို့၏ မင်းဖြစ်သော ခြင်္သေ့၏ အသားကို အခြားသော တိရိစ္ဆာန်တို့သည် မစားဝံ့ကုန်။ ခြင်္သေ့၏ အသားကို စာကုန်သောသူတို့သည်ကား ခြင်္သေ့ကိုယ်ကို အမှီပြု၍ ဖြစ်ကုန်သော အလှေးတို့မူကား၊ ခြင်္သေ့၏ အသားကိုစားကုန်သကဲ့သို့၊ ထိုနည်းတူစွာ၊ မြတ်စွာဘုရားသခင်၏ နိယာမငါးပါး၊ ယထာဓမ္မတရားသာသနာတော်မြတ်ကို၊ ကောင်းသောအသိညာဏ်ပညာတန်ခိုးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်တို့သည် မဖျက်ဆီးကုန်၊ ထိုမှတပါးလည်း၊ တန်ခိုးမရှိ ဒိဌိဘာဝ ကာမဂုဏ်ငါးပါးကို လိုက်စားပျော်မွှေ့လျှက် ပျော်ပါးနေသော သူတို့သည်လည်း မဖျက်ဆီးဝံ့ကုန်၊ ခြင်္သေ့၏ ကိုယ်ကိုအမှီပြု၍ ဖြစ်ကုန်သော အလှေးတို့ကဲ့သို့ ဦးပြည်းခေါင်းတုံးရိတ်၍ သင်္ဃန်းကို ၀တ်ရုံပြီးလျှင်။

သူတော်ကောင်းရောင်ဆောင်နေသော၊ ရဟန်းခေါင်းတုံးတို့သာလျှင်၊ ဘုရားသခင်၏ သာသာနာတော်မြတ်ကို၊ ဖျက်ဆီးကုန်သည်ဟူ၍ပြဆိုထားလေသည်။ ။

ဤကား ပိဋကတ်မှာ တွေ့ရှိသည့်အတိုင်း ပြဆိုလိုက်သည်။ ၎င်းပြဆိုခဲ့သော နိယာမတရား ငါးပါးယထာဓမ္မ သာသနာတော်မြတ်ကို၊ ဘုရားသခင်၏ ဖန်ဆင်းခြင်း ပြုပြင်ခြင်း၊ စီရင်တော်မူပြီးလျှင်၊ ယခုတိုင် ကမ္မနိယာမအမှုဖြင့် အစဉ်ပြုလုပ်တော်မူလျှက် နောတော်မူသည်ကို၊ မိမိတို့ပိဋကတ်ကိုမှ၊ သေချာစွာ မတတ်မြောက်သော ရဟန်း၊ရှင်လူအချို့က၊ ဘုရားသခင်၏ ကျေးဇူးတော်ကို၊ နာရီ၊ မီးနစ်မလပ်ခံစားစံစား၍နေလျှက်ပင်၊ ဤကမ္ဘာမိုးမြေနှင့် ခပ်သိမ်းသောအရာတို့သည်။ အလိုလိုဖြစ်သည်ဟု ယူခြင်း၊ ဟောပြောခြင်းအရာများသည်၊ ဘုရားသခင်၏ ယထာဓမ္မ သာသနာတော်မြတ်ကို ဖျက်ဆီးသည်၍၊ ပိဋကတ်ကပြဆိုသည်အတိုင်း မှတ်ရမည်။ ။

စဉ်းစားစရာဘို့ရာကား အဓိပ္ပါယ်နှင့်တကွ ရှင်းရလျှင်။ ။

  • ဤကမ္ဘာမိုးမြေနှင့် ခပ်သိမ်းသောအရာတို့သည်၊ အလိုလိုဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်ကို စဉ်းစားဘို့ရာ အကြောင်းဆိုလျှင်၊ သစ်ပင်ပေါ်တွင် အသိုက်တစ်ခုကိုမြင်လျှင်၊ ၎င်းအသိုက်သည် အလိုလိုဖြစ်သည်ဟု ပြောလျှင်၊ မည်သူတစ်စုံတစ်ဦးတစ်ယောက်ကမျှ မယုံနိုင်။ ၎င်းအသိုက်ကို လုပ်သော ငှက်ကိုမမြင်ရသော်လည်း ငှက်လုပ်သည်ဟု လူတိုင်းဝန်ခံရပေမည်။ ၎င်းအပြင် လူနေသော အိမ်တစ်လုံးကို မြင်ပြန်လျှင်လည်း၊ အလိုလိုဖြစ်သည်သည်ဟု၊ မည်သူတစ်ဦးတစ်ယောက်ကမျှမယုံနိုင်။

  • ဆောက်လုပ်သော လက်သမားဆရာကို မမြင်ရသော်လည်း။ လူလုပ်သည်ဟု ၀န်ခံရပေမည်။ ၎င်းလူလုပ်သောအိမ်ကို ငှက်လုပ်သည်ဟု ပြောသော်လည်း၊ မည်သူကမှ ယုံမည်မဟုတ်၊ ၎င်းဥပမာအတိုင်း ကောင်းကင်နှင့်မြေကြီးကို၎င်း၊ ကောင်းကင်မှာရှိသော နေတစ်လုံးကို၊ လူနတ်ဗြဟ္မာ သတ္တ၀ါတစ်စုံတစ်ယောက်မျှ မလုပ်နိုင် လူလုပ်သောအရာကို၊ တိရိစ္ဆာန်မလုပ်နိုင်သကဲ့သို့ဖြစ်သတည်း။

  • ၎င်းကောင်းကင်မှာရှိသောနေကို လုပ်သောအရှင်မရှိပဲ၊ အလိုလိုဖြစ်သည်ဟုဆိုချေက၊ ယုံနိုင်ဘွယ်ရာမရှိ။ အဘယ့်ကြောင့်ဆိုသော်၊ လူတိုင်းဆောက်လုပ်နိုင်သောအိမ်ကိုသော်လည်းကောင်း၊ လုပ်သောအရှင်ရှိသည်မှန်လျှင်၊ ဘာမျှမဟုတ်သော အသိုက်အတွက်၊ အိမ်တို့ထက်မက၊ အလွန်ထူးဆန်းအံ့သြဘွယ်ရာကောင်းသော၊ နေကိုပြုပြင်စီရင်သောအရှင်မရှိဟု ဆိုသော်လည်း ယုံကြည်ဘွယ်ရာမရှိ။

  • ထိုကြောင့် အအေး၊ အပူ၊ ဥတု၊ ရတုဓါတ်လေးပါး အစုစုတို့မှအစပြု၍၊ ကမ္ဘာမိုးမြေ ခပ်သိမ်းသော အရာတို့သည် အလိုလိုမဖြစ်နိုင်၊ အလိုလိုဆိုသော စကား၏ အဓိပ္ပါယ်မှာ၊ အလကားဟူ၍ ဆိုလိုသည်။

  • အဘယ်အရာတစ်စုံတစ်ခုမျှ အလကား မဖြစ်နိုင်ချေ၊ မီးရထားသည်၊ မီး၊ရေ၊ လေ၊ သတ္တိ အစွမ်းအားဖြင့်သာ သွား၏။ သို့သော်လည်း မီး၊ ရေ၊ လေတို့သည် အချင်းချင်းတိုင်ပင်စီမံ၍၊ အလိုအလျှောက် မီး၊ ရေ၊ လေတို့ပေါင်းစီးကာ မီးရထားတွဲတို့ကို ဆွဲယူသွားကြသည်မဟုတ်။ မီးရထားသွားဘို့၊ ရပ်ဘို့တို့ကို စက်ဗိုလ်၏ ဥာဏ်ပြုပြင်စီရင်ခြင်းအားဖြင့်သာလျှင်၊ ရပ်ရ၊ သွားရသည်။

ထိုနည်းတူစွာ ကောင်းကင်မှာရှိသော၊ နေ၊ ကြယ်၊ နက္ခတ်၊ င်္ဂြိုဟ်၊ တာရာ အပေါင်းတို့နှင့်တကွ၊ ဥတု၊ ရတုတို့သည် အချင်းချင်းတိုင်ပင်၍ သွားလာနေကြသည်မဟုတ်ချေ၊ ဤကမ္ဘာကို ဖန်ဆင်း၍ ပြုပြင်ကာ အစဉ်အမြဲကြည့်ရှု စီရင်တော်မူသောအရှင်မရှိလျှင်၊၎င်းကမ္ဘာသည် အလိုအလျှောက်တည်နေနိုင်မည်မဟုတ်

ထို့ကြောင့် လူသည်၊ လူ၏သိတန်သလောက်ကို ပိုင်းခြား၍သိရမည်။ လူလုပ်သောအရာကိုမြင်လျှင်၊ လူလုပ်သောအရာဟု သိရမည်၊ တိရိစ္ဆာန်လုပ်သောအရာကိုမြင်လျှင်၊ တိရိစ္ဆာန်လုပ်သော အရာအဖြစ်သိရမည်။

ဘုရားလုပ်သောအရာကိုမြင်လျှင်၊ ဘုရားလုပ်သောအရာဟုသိရမည်။ ထို့ကြောင့်အဘယ်အရာ တစ်စုံတစ်ခုကိုမျှ အလကားဖြစ်သည်ဟူ၍ မယူကောင်းချေ။ အဘယ့်ကြောင့်ဆိုသော်၊ ယခုဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည်၊ ခံယူကြသည့်အတိုင်း၊ ဤကမ္ဘာမိုးမြေ၊ နေ၊ လ၊ ကြယ်၊င်္ဂြိုဟ်၊ တာရာ အပေါင်းတို့သည်၊ အလိုလို အလကားဖြစ်လာကြသည်ဟု ယူဆပါလျှင်၊ ရှင်တော်ဂေါတမသည်လည်း၊ ဤကမ္ဘာလောကမြေကြီးပေါ်တွင်၊ နေ၊ လ၊ ကြယ်နက္ခတ်၊ င်္ဂြိုဟ်တာရာအပေါင်းတို့၏ အောက်၌ မွေးဖွားလာသောပုဂ္ဂိုလ်ဖြစ်သောကြောင့်၊ အလကားဘုရားသာဖြစ်သည်။ အလကားဘုရားကို ကိုးကွယ်သောသူတို့သည်လည်း၊ အလကားလူတွေဖြစ်သည်။

  • ကျွန်ုပ်က နှိုမ်နှင်း၍ ဆိုလိုသည်မဟုတ်ပါ၊  အလကားဆိုသော အဓိပ္ပါယ်ကို ကုန်ဆုံးအောင် ကောက်ယူ၍ပြလိုက်ခြင်းသာဖြစ်သည်။ သို့သော်လည်း ရှင်တော်ဂေါတမမှစ၍ ပိဋကတ်ကို စီမံရေးသားထားကြသော ရှေးဆရာတို့သည်၊ ယခုရှင်လူ၊ ရဟန်းတို့ကဲ့သို့ အလကားဖြစ်သည်ဟူ၍ မယူဆကြပါ။ အဘယ်ကိုထောက်၍ သိရပါသနည်းဆိုသော်။ နောက်ကပြဆိုခဲ့သော ကျမ်းဂန်းပါဠိစကားတို့ကို ထောက်၍သိရလေသည်။

ဤကား ပိဋကတ်ကျမ်းဂန်ပြဆိုသည့် အတိုင်းအဓိပ္ပါယ်ကို ရှင်းလင်းစွာဖေါ်ပြလိုက်သည်။ဘုရားရှင်၏ ကျေးဇူးတော်အစုံ၊ ဂုဏ်တော်အန္တအားဖြင့်သာ အရာရာတို့သည် အချိန်မှန်မှန်သွားလာ နေခြင်းသည်။ ထာဝရဘုရားသခင်၏ ဥာဏ်တော်ပြုပြင်စီရင်ခြင်းဖြင့်သာလျှင် အချိန်မှန်မှန်သွားလာကြ၏။ နေ၊ လ၊ ကြယ်၊တို့သည် လောက လူသားတို့အကျိုးအလို့ငှါသာဖြစ်သတည်း။

1 comments:

Author
avatar

Baccarat - A Beginner's Guide to Poker - WORRione
The traditional 메리트 카지노 고객센터 game of choegocasino Baccarat is the game of the four 바카라 사이트 suits of playing. The highest, the lowest, the highest. The highest and the most

Reply