၎င်းနောက်ရှင်တော်ဂေါတမ အလောင်းသိဒ္ဓတ္ထမင်းသားအလောင်းသည်၊ အသက်ဆယ့်ရှစ်နှစ်ပြည့်သောအခါ၊ ခမည်းတော်သုဒ္ဓေါဓနမင်းကြီးက၊ ဘုံငါးဆင့်ရှိသော ရမ္မပြဿာဒ်တဆောင်၊ ဘုံခုနှစ်ဆင့်ရှိသော သုရာမပြဿာဒ်တဆောင်၊ ဘုံကိုးဆင့်ရှိသော သုဘုပြဿာဒ်တဆောင်။ ၎င်းပြဿာဒ်သုံးဆောင်တို့ကို ဆောက်လုပ်ပြီးလျှင်၊ သုပ္ပဗုဒ္ဓမင်းကြီး၏၊ သမီးတော် ယသော်ဓယာမင်းသမီးကို၊ လေးတင်ပွဲပြုလုပ်၍၊ ထိမ်းမြားလက်ထပ်မင်္ဂလာ ပြုစေပြီးမှ၊ ယသော်ဓယာမင်းသမီးကို၊ အဂ္ဂမဟေသဒေ၀ီမိဖုရားခေါင်အရာ၍၊ တောင်ညာစံထားပြီးလျှင်၊ မောင်းမလေးသောင်းနှင့်တကွ၊ တဆယ့်သုံးနှစ်ပတ်လုံး၊ သားဆော်ရာဟုလာကို ဖွားမြင်သည့်တိုင်အောင်၊ ကာမစည်းစိမ်ကို၊ အကြိမ်ကြိမ်ခံစားစံစားပြီးလျှက် နေသည်ဟုဗုဒ္ဓ၀င်တို့တွင်ပြဆိုလေသည်။
ထိုအချန်တို့တွင်ကား၊ ဘုရားအလောင်းသိဒ္ဓတ္ထမင်းသားသည်၊ အများသောယောင်္ကျား တကာတို့ထက်၊ ယောင်္ကျားမြတ်ဖြစ်သည်၊ မဖြစ်သည်ကို ပိဋကတ်၌ဆိုသည့်အတိုင်းပြဦးမည်။
မာယာစေသောမရိစိဝသောတောရောဂေါဥပ္ပဒ္ဒဝေါ၊ ခရာစဗန္ဓနာစေသ၊ သောနရောဓမ္မော။ ။
အနက်ကား၊
သော ထိုမိန်းမတို့သည်၊
မာယာစ၊ လှည့်ဖြားတတ်သော မျက်လှည့်နှင့်လည်းတူ၏၊
မရိစိဝ၊ သားတကာတို့ အာသာငမ်းငမ်းရေဟုမှတ်၍ နွမ်းရိစေသောတံလျှပ်နှင့်လည်းတူ၏၊
သေကော၊ စိုးရိမ်ပူပန်ခြင်း၏ အကြောင်းလည်းမည်၏၊
ရောဂေါ၊ အနာရောဂါစွဲကပ်ခြင်းနှင့်လည်းတူ၏၊
ဥပ္ပဒ္ဒဝေါ၊ မင်း၊ ခိုးသူတို့၏နှုပ်စက်ခြင်း၏အကြောင်းလည်းမည်၏၊
ခရာစ၊ ကြမ်းတမ်းခက်ထန်စောင်းမံညိုထားပြက်ပျား စေသောအကြောင်းလည်းမည်၏၊
သော၊ ဤမိန်းမတို့မည်သည်ကား၊
ဗန္ဓနာစ၊ ကွန်အုပ်သောငှက်၊ မြုံးပိုက်ဝင်မိသောငါးကဲ့သို့မထွက်သွားနိုင်အောင်၊ ချည်နှောင်ဖွဲ့ရှက်တတ်၏၊
ထို့ကြောင့်၊ ပဏ္ဍိတော၊ ပညာရှိသောသူသည်၊
ဣတ္ထိ၊ ဤမိန်းမကို၊
နပတိသေဝေယျ၊ မမှီဝဲရာ၊
ယောနရော၊ အကြင်ယောင်္ကျားသည်၊
ပဋိသေဝေယျ၊ ပေါင်းဖေါ်ယှဉ်တွဲမှီဝဲငြားအံ့၊
သေနရော၊ ထိုသူသည်၊
နရေသု၊ ယောင်္ကျားတကာအပေါင်းတို့တွင်၊
နရေဓမ္မော၊ ယောင်္ကျားသူယုတ်ပေတည်း၊
ရှင်စူဠဗုဒ္ဓဃောသ ရေးသောနိဒါန၀ဂ္ဂသံရုတ်ကျမ်း၌ပြဆိုသောကြောင့်။ ယသော်ဓရာမင်းသမီးမှစ၍၊ လေးသောင်းသောမောင်းမမိဿံတို့နှင့်တကွ၊ တဆယ့်သုံးနှစ်ပါတ်လုံး၊ ကာမစည်းစိမ်ကိုအကြိမ်ကြိမ်ခံစား၍၊ ဘုရားအလောင်းရှင်သိဒ္ဒတ္ထမင်းသားနေတော်မူသည့်အခါတွင်၊ ဤနိဒါန၀ဂ္ဂသံယုတ်ပိဋကတ်ရွှေ ကျမ်းတော်အလိုအရဖြင့်၊ ရှင်ဂေါတမအလောင်းသိဒ္ဓတ္ထမင်းသားသည်၊ ယောင်္ကျားမြတ်မဟုတ်၊ ယောင်္ကျားတကာတို့တွင်သူတကာထက်အယုတ်ဖြစ်တော့သည်။ ။
၎င်းကျမ်းကိုရေးသားသော၊ ကျွန်ုပ်ဆရာက၊ နှိမ်နင်း၍ဆိုသည်မဟုတ်ပါ၊ ရှင်စူဠဗုဒ္ဓဃောသသည်၊ ငါတို့ရှင်ဂေါတမအလောင်းမယားအများနေသည်ကိုမဆို၊ အခြားသူများနေသည်ကိုသာဆိုသည်၊ ငါတို့ဘုရားမှာ မယားဘယ်လောက်များများ၊ ပစ္ဆိမပူရိသသားဖြစ်၍ ယူခြင်တိုင်းယူနိုင်သည်ဟုဆိုလျှင်လည်း၊ ဤနိဒါန၀ဂ္ဂသံယုတ်ကျမ်းသည်၊ သင်္ဃာရတနာတင်ကျမ်းမဟုတ်ဟူ၍၊ မသိသော ဒါယကာ၊ ဒါယိကယမ၊ တို့အားလှည့်ဖြား၍ပြောမည်လားမသိ၊ သို့သော်လည်း အမှားအမှန်ကိုပိုင်းခြားတတ်သောသူတို့က၊ ပိုင်းခြား၍နားလည်လိုသောသူတို့သည်၊ ပိဋကတ်ကိုစစ်ဆေး၍ကြည့်ပါလျှင်အမှန်သိပါလိမ့်မည်။ ။