ကမ္ဘာပျက်သောအခါ သတ္တဝါမပါ။


လောကဗြူဟာ နတ်တို့ကြွေးကြော်သံကြောင့်၊ လူတို့တရားအားထုတ်၍အဆင့်ဆင့် အထက်နတ်ပြည် မီးလွတ်ရာဘုံ၌ဖြစ်၏။အပါယ်လေးဘုံသားတို့လည်း၊ အပရာပရိယကံကြောင့်၊ အပါယ်မှလွတ်၍၊
ဗြဟ္မာ့ဘုံသို့ရောက်ကုန်၏။ (

မိစ္ဆတ္ထအရိယာ ကျွတ်ပုံ) ပဌာန်း ပါဠိတော်။အာပါရိကော၊ ကပ္ပဌောသံဃတေကော စူလဝါပါဠိတော်၊ ဣတိဝုတ်ပါဠိတော်လာသံဃာသင်းခွဲသောသူ ငရဲကပ်တကပ် ခံရ၏။ တိရိစ္ဆာန်တို့မှအစ အားလုံးသောသူများပင် ထိုအချိန်တွင် ငရဲမှ ကင်းရာ ဘုံသို့ရောက်၍၊ အချို့တို့သည်လည်းအခြားကမ္ဘာသို့ရောက်ကုန်၏ ဟုဆိုပါသည်ခင်များ...........

ခရစ်ယာန်။ ။ ကမ္ဘာကို ရေအားဖြင့် ဖျက်ကြောင်း၊ နောင် ဤကမ္ဘာကို မီးအားဖြင့်ဖျက်ဦးမည့်အကြောင်း။ ၂ ပေ ၃း၆၊၇ တို့တွင် ဖေါ်ပြထားပြီး ဖြစ်ဘူးသောလောကဓါတ်ကို၊ ထိုသို့အားဖြင့် ရေနှင့်လွှမ်းမြုတ်၍ ဖျက်ဆီးကြောင်းကို၊ထိုသူတို့သည် မှတ်မိချင်သော စိတ်မရှိကြ။ ယခုရှိသော မိုးကောင်းကင်နှင့်မြေကြီးမူကား၊ တရားဆုံးဖြတ်ရာကာလ၌၊ အဓမ္မလူတို့ကို ဖျက်ဆီးသောနေ့ရက်တိုင်အောင်၊ ထိုနှုတ်ကပါတ်တော်အားဖြင့် သိုထားလျှက်ရှိ၍၊မီးရှို့ခြင်းအဘို့ငှါ နေရစ်သတည်း။