ဆင့်ကမ်းပေးနိုင်ကြရေးအတွက်



ချစ်စွာသော သူငယ်ချင်းတို့ရေ၊ အခြားသူက လုပ်ထားပြီးသားကို ကျွန်တော်က အလွယ်တကူ ယူသုံးလိုက်ပေမဲ့။ သူမတော်လို့ မတတ်လို့ဆိုသော စိတ်ဓါတ်မျိုးနှင့် မဟုတ်ရပါဘူးနော်၊ နောက်ပြီး အားလုံးကလည်း မေးလ်ကလေးတွေကနေပြီး တဆင့်တဆင့် ပို့လို့ရအောင် ဖန်တီးချင်တာလည်း ပါတဲ့အတွက် ဒါကို ပေးပိုရန် ဖြည့်စွက် လုပ်ကိုင်ရခြင်းသက်သက်ရယ်ပါ။ ထို့အတွက် အရှင်နန္ဒနှင့် အပေါင်းအပါတွေကလည်း ကျွန်တော့်ကို ခွင့်လွတ်နိုင်မယ်လို့မျှော်လင့်သလို အားလုံးသော သူများကလည်း ဒီအရာအားဖြင့် ဆင့်ကဲပေးပို့ရန် Mail နေရာမှ လက်ဆင့်ကမ်းရန်ဖြစ်ပါသည်။ စာအိပ်ပုံပါ နေရာမှ မျဉ်းအနီကလေးနေရာပြထားသည့်အတိုင်း ဆက်သွားခြင်းအားဖြင့် မိမိပို့လိုသော လိပ်စာကို ရေးကာပို့လိုက်ပါ။

အခုတော့ ဘာပဲဖြစ်ဖြစ် သူ့တစ်ဦးတည်း မဟုတ် ကျွန်တော်တို့ကပါ သူ၏ လုပ်ဆောင်မှုများကို အစဉ်အားပေး စောင့်ကြည့်နေ၍ ဆင့်ကမ်းသွားသည်ကို သိပါက၊ သူလည်းပျော်မည်ဖြစ်ကြောင်း ကျွန်တော် ကောင်း ကောင်းကြီး ကြိုတင်သိနေပါသည်။ ချစ်သော မိတ်ဆွေများလည်း သူ၏ ဆန္ဒအတိုင်း ဆင့်ကမ်း ပေးနိုင်ရန် အထူးသဖြင့် မြန်မာပြည်ရှိ မိဘ ပြည်သူများ ကောင်းစွာ ဖတ်နိုင်ရေး ဒီအမည်ဖြင့် လုပ်လိုက်ရပါကြောင်း အရှင်နန္ဒနှင့် အပေါင်းအပါအားလုံးကို လေးစား ကျေးဇူးတင်လျှက် ဤနေရာတွင် ရပ်နား အသိပေးရင်း အကြောင်းကြား တောင်းပန်လိုက်ပါသည်။