ဟောကြားချက်ပြည့်စုံပြီ

ဗုဒ္ဓမြတ်စွာဘုရား ဟောကြားချက်ပြည့်စုံပြီ

  1. ဗုဒ္ဓမြတ်စွာဘုရားသည် နှစ်ပေါင်း ၂၅၆၀၊ ဘီစီ ၅၆၀ မှာ နိပေါနိုင်ငံမှာ ဖွားတော်မူခဲ့ပါသည်။
  2. ဗုဒ္ဓမြတ်စွာဘုရားဖွားပြီး အနှစ် (၅၀ဝ) ပြည့်တဲ့အချိန်မှာ အမြင်ပေါက်ပြီး ငါ့နောက်မှာ ဘုရားတစ်ဆူပွင့်မယ်။
  3. နောက်ဘုရားမပွင့် တော့ဘူး၊ သူသည် လောကရဲ့ကယ်တင်ရှင်ဖြစ်မယ်။
  4. သူ့ကိုလူမျိုးအပေါင်းတို့ သည် ကိုးကွယ်မည်။
  5. အပျိုကညာမှ ပဋိသန္ဓေစွဲယူ၍ သားဖွားပြီး သူသည် "အရိမေတ္တယျဖြစ်မယ်"အရိမေတ္တယျသည် မြန်မာလူတွေရဲ့ပါဠိစကားဖြစ်ပါ သည်။
  6. အိန္ဒိယနိုင်ငံမှာ ပါဠိစကားနဲ့ မေတရိယလို့ပြောတယ်။
  7. သီရလင်္ကာ နိုင်ငံမှာ ပါဠိစကား မေထရိယလို့ပြောတယ်။
  8. တရုတ်နိုင်ငံမှာ ပါဠိစကားနဲ့ မေထရီယလို့ပြောတယ်။
  9. ကိုရီးယားလူမျိုး တွေက "မင်းနုန်း"လို့ပြောတယ်။

            ထို့နောက် အရှေ့အလယ်ပိုင်းများကတော့ "မေရှိယ" စသဖြင့် အသံထွက်မာဆတ်ဆတ်နဲ့ သွားကွဲနေတယ်။ အနောက်နိုင်ငံမှာကတော့ "ယေရှု" လို့ခေါ်ပါတယ်။ လောကမှာ လူသားအားလုံးစကားမတူသောကြောင့် ပြောချင်သောအရများတူပေမဲ့ အသံထွက်မတူသောကြောင့် ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာ ဘုရားဟာ မြန်မာနိုင်ငံကို ဘုရားတစ်ဆူပွင့်မည်ဟု သယ်ဆောင် သောသူဖြစ်ပါ သည်။

            အရှေ့အလယ်ပိုင်းမှာ ဟေရှာယ၊ ၇း၁၄ "သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောကျာ်းကိုဖွားမြင်လတံ့၊ ထိုသားတော်သည် ဧမာနွေလ အမည် ဖြင့်မှည့်၍ ထိုသူသည် မကောင်းသော အရာကို ပယ်၍၊ ကောင်းသော အရာကို ရွေးယူတတ်သည်။ ဧမာနွေလသည် ဘုရားသခင်ငါတို့၌ ရှိသည်ဟု အဓိပ္ပာယ်ပေါ်ပေါက်ပါသည်။ ထို့နောက်မြန်မာနိုင်ငံမှာ အနောက်နိုင်ငံသားဆရာ ယုဒသန်သည် မြန်မာနိုင်ငံကို ကယ်တင်ရှင်အရိမေတ္တယျကို ယေရှုလိုသယ် ဆောင်ထားသောကြောင့် လက်မခံကြဘူး။ ယေရှုဘုရားသည် မဟုတ်ဘူး။ အရိမေတ္တယျ  ဘုရားပွင့်မယ်ဟု  ဗုဒ္ဓမြတ်စွာဘုရားဟောကြားထား ပါသည်။ အရိမေတ္တယျဘုရား ပွင့်မည်ဟု မျှော်လင့်ကြပါသည်။ တချို့လူသည် သဘော ပေါက်ပြီး ယေရှုဘုရား သည် ကယ်တင်ရှင်ဖြစ်ကြောင်း ယုံကြည်ကြပါသည်။ တစ်ချို့သည် လက်မခံကြဘူး၊ အမြင်နှင့်အကြား မတူသောကြောင့် ဖြစ်ပါသည်။

            ယေရှုဘုရားသခင်၏နာမသည် ခေါ်သံများပါသည်။ အရိမေတ္တယျ၊ မေထရီယ၊ မေရှိယ၊ ဧမာနွေလ၊ ယေရှုဟုခေါ်ကြပါသည်။ ဒါပေမယ့် အဓိပ္ပာယ် အတူတူဖြစ်ပါသည်။ ယေရှုဘုရားသည် သားတော်၊ ခမည်းတော်၊ ဝိညာဉ်တော် ပေါင်းပြီး တစ်ဆူဖြစ်ပါသည်။ သားတော်ဟာ ယေရှုကို သားတော်ဟုခေါ်ပါသည်။ ခမည်းတော်သည် ထာဝရဘုရားသခင်ကို ခမည်းတော်ဖြစ်ပါသည်။ ဝိညာဉ်တော်၊ သန့်ရှင်းခြင်းပြည့်စုံသောဝိညာဉ်တော်ဖြစ်ပါသည်။ သုံးပါးတစ်ဆူ ဖြစ်ပါသည်။

            မဿဲ၊ ၁း ၂၃ "ဗျာဒိတ်တော်အချက်ဟူမူကား၊ ကြည့်ရှုလော့။ သတို့သ မီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောကျာ်းကို ဖွားမြင်လိမ့်မည်။ ထိုသားကို  ဧမာနွေလအမည်ဖြင့် မှည့်ရလတ္တံ့ဟု လာသတည်း။ ဧမာနွေလအနက်ကား၊ ငါတို့နှင့် အတူရှိတော်မူသော ဘုရားသခင်ဟုဆိုလိုသည်။ ယောသပ်သည် နိုးလာ တဲ့အခါမှာ အိပ်ပျော်နေတဲ့အခါ ကောင်းကင်တမန် မှာထားသည့်အတိုင်းပြု၍၊ မိမိခင်ပွန်းကို ထိန်းသိမ်းလေ၏။ ထိုသားကိုလည်း ယေရှုဟူသောအမည်ဖြင့်မှည့် ရမည်ဟု ပြောသလို ယေရှုအမည်ဖြင့်မှည့်၏။ ယေရှုဘုရားသည် ယုဒပြည်၊ဗက် လင်မြို့မှ (ဗှီု) အေဒီတစ်နှစ်မှာ ဘွားမြင်တော်မူသည်။ ယေရှုသည် ကယ်တင် ရှင်ဖြစ်ပါသည်။

            ဗုဒ္ဓမြတ်စွာဘုရားက ကယ်တင်ရှင်အရိမေတ္တယျဘုရားပွင့်မည်ဟု ပြော တဲ့အခါမှာ သူ့ရဲ့ညီရှင်အာနန္ဒာ၊ ရှင်မောဂ္ဂလန်တို့ကနေပြီးတော့ ဘယ်တော့ ပွင့်လာမလဲလို့မေးလျှောက်တဲ့အခါမှာ ဗုဒ္ဓမြတ်စွာဘုရားက ကမ္ဘာလေးင်္ချေတစ် သိန်းကြာမယ် ပြောလိုက်ပါသည်။ ကမ္ဘာလေးင်္ချေတစ်သိန်းကြာပြီး စောင့်ရမယ်။ ငါကိုယ်တိုင်လည်းဘဲ လေးင်္ချေတစ်သိန်းကျင့်စဉ်ကို (၄၅)နှစ်နဲ့ ရအောင်ကျင့်  မယ်။ သင်တို့လည်း ကမ္ဘာလေးင်္ချေတစ်သိန်းစောင့်ရမည်။ မစောင့်ရင်သက်တမ်း တိုအောင်ကျင့်ပါ။ အနှစ်(၅၀ဝ)လည်း ကြာနိုင်တယ်။ နှစ်ပေါင်း (၂၅၀ဝ)လည်း ကြာနိုင်တယ်။ ကမ္ဘာလေးင်္ချေ တစ်သိန်းလည်းကြာနိုင်တယ်ဟု ဗုဒ္ဓမြတ်စွာဘုရား ကြော်ငြာခဲ့ပါသည်။ သီရိလင်္ကာဘက်သွားတဲ့ သမိုင်းပညာရှင်တွေ၊ သံဃာတော် တွေက နှစ်ပေါင်း(၅၀ဝ)ကြာမယ်လို့ သယ်သွားကြတယ် ဒါကိုနောက်တွင် ရှင်ပြပါလိမ့်မည် ။

  • တရုတ်ပြည်ဘက်မှာ သယ်တဲ့ သံဃာတော်တွေ၊ ပညာရှင်တွေက နှစ်ပေါင်း(၂၅၀ဝ) ကြာမယ်လို့သယ် သွားကြပါသည်။ ယခုယုဒပြည်ဟာ သီရိလင်္ကာနိုင်ဖြစ်ပါသည်။ နှစ်ပေါင်း(၅၀ဝ) မှာသီရိလင်္ကာနိုင်ငံ ယုဒပြည်ဘက်လင်မြို့မှာ အရှင်ကယ်တင်ရှင် အရိမေတ္တယျ ဘုရား (ခေါ်) ယေရှုဘုရားသည် တကယ်ပွင့်တော်မူခဲ့ပါသည်။

  • တကဲ့ပွင့်တဲ့အခါမှာ သူဟာ နိဗ္ဗာန်၏ သား၊ ထာဝရအသက်ရှင်ဘုရား၏ သားတော်၊ အမွန်မြတ်ဆုံး၊ ယုဒရှင်ဘုရင်ဘုရား၊ အရိမေတ္တယျဘုရားပွင့်မည်ဟု ပရောဖက်အမျိုးမျိုးတို့သည် ကြော်ငြာသော သီရိလင်္ကာနိုင်ငံတစ်ဝိုင်းလုံး အုပ်ချုပ်သော ယုဒရှင်ဘုရင်သည် သံကို ကြားတဲ့အခါ ငါ့ထက်ကြီးမြတ်သော ဘယ်သူပွင့်မလဲ ပွင့်ရင်သတ်မည်ဟု အကြံရှိသောကြောင့် ယုဒပြည်ဟေရုဒ်မင်းကြီး အကြံအစည် ထာဝရဘုရား သိတော်မူသောကြောင့် ယုဒပြည်ဗက်လင်မြို့နွားတင်းကုပ်မှာ "အေဒီ ၁"နှစ်မှာ ပွင့်တော်မူပါသည်။

  • အေဒီနှစ်ပြန်ကြည့်တဲ့အခါ ဗုဒ္ဓမြတ်စွာဘုရားကြော်ငြာချက် ဟာ တကယ်မှန်သွားတယ်။ ဗုဒ္ဓမြတ်စွာဘုရားသည် ဘုရားအများကြီးပွင့်မယ် မပြောဘူး။ ဘုရားတစ်ဆူပွင့်မယ်ဟု ကြော်ငြာထားတဲ့အတိုင်း အနှစ်(၅၀ဝ)တိတိ မှာ သီရိလင်္ကာနိုင်ငံ ယုဒပြည်ဗက်လင်မြို့မှာ အရိမေတ္တယျဘုရားကယ်တင်ရှင် (ခေါ်) ယေရှုဘုရားပွင့်တော်မူခဲ့ပါသည်။      

  • ထို့ကြောင့်အရိမေတ္တယျကယ်တင်ရှင် (ခေါ်) ယေရှုခရစ်တော်၏ နာမ တော်သည် ဗုဒ္ဓမြတ်စွာဘုရားပြောသလို အနှစ်(၂၅၀ဝ)ကြာမှာ တရုတ်နိုင်ငံမှာ အချို့တို့သည် လက်ခံယုံကြည်ကြပါသည်။ ကယ်တင်ရှင်ယေရှုဘုရားနာမည်ကို လက်ခံယုံကြည်နှစ်မှာစ၍ တရုတ်နိုင်ငံမှာရှိတဲ့ ယုံကြည်သူများ ဆုတောင်းသံကို ကြားသောကြောင့်၊ တဘက်ဘက်မှာ တရုတ်နိုင်ငံသည် တိုးတက်လာတာကို တွေ့ရပါသည်။ ယခုတရုတ်နိုင်ငံဟာ ယေရှုဘုရားယုံကြည်သူ သိန်းပေါင်းများ စွာရှိပါသည်။ အရိမေတ္တယျဘုရား (ခေါ်) ယေရှုဘုရားသည် လောကမှာရှိသော လူသားအပေါင်းတို့သည် ယုံကြည်ပြီး ကိုးကွယ်နေကြပါသည်။ ယေရှုဘုရားသည် သေခြင်းတရားကို အောင်မြင်ပြီးရှင်ပြန်ထမြောက်သော ဘုရားဖြစ်ပါသည်။

ယေ ရမိ၊ ၁၀း ၁၁ သာသနာပလူတို့အား ပြောရသောစကားမူကား၊ ကောင်းကင်  နှင့် မြေကြီးကို မဖန်ဆင်းသော ဘုရားတို့သည်၊ ဤကောင်းကင်အောက်၊ မြေ ကြီးပြင်မှာ ကွယ်ပျောက်ကြလိမ့်မယ်။ ထာဝရဘုရားသည် တန်ခိုးတော်အားဖြင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားဟောပြောသော အရိမေတ္တယျဘုရားသည် ဘုရားတကာထက်ဘုရား သူ့လိုလောကကယ်တင်ရှင် တပါးမှမရှိဘူး။

သူသည် လူသားအားလုံး ဖန်ဆင်းရှင်ဖြစ်ပါသည်။ ကမ္ဘာဦးကျမ်း၊ ၁း ၁ "အစအဦး၌ ဘုရားသည်၊ ကောင်ကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏" ဘုရားသခင်သည် အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြား၍ ခွဲထားတော်မူ၏။ အ လင်းကို နေ့ဟု၊ အမှောင်မိုက်ကို ညဟု ပေး၍ ည+နေ့ဟု ပေါ်ပေါက်လာလေသည်။ ပထမဖန်ဆင်း၏။

            ဘုရားသခင်သည် အစအဦး၌ရှိ၍ နှုတ်ကပတ်တော်၌ အတူရှိ၏။ ထို နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်း တော်မူခြင်းနှင့် ကင်းလွတ်လျက် ဖြစ်သောအရာတစ်စုံတစ်ခုမျှမရှိ။ ထိုနှုတ်က ပတ်တော်သည် အသက်ရှိ၏ ယောဟန်၊ ၁း ၁ မှ ၄ ပြောထားပါသည်။