ညှိနှိုင်းစရာ ကျမ်းဂန်မဟာ

ပိဋကတ်ကျမ်းတို့တွင်ပြဆိုသည့်အတိုင်း။ ဟုတ်သည်၊ မဟုတ်သည်ကိုဆင်ခြင်စဥးစားရန်အကြောင်းမှာ။

၎င်းဘဒ္ဒကမ္ဘာက ၀ိဝဋ္ဋဌာရီလူတည်ရှိသောကပ်သို့ မရောက်မှီ။ မီး။ ရေ။ လေတို့ဖြင့် ဖျက်ဆီးခြင်းကိုခံရသောသံဝဋ္ဋကပ်။ သံဝဋ္ဋဌာရီကပ်။ ၀ိဝဋ္ဋကပ်ဟုဆိုအပ်သော။ ၎င်းကပ်ကြီးကာလတို့တွင်။ နိယတဗျာဒိတ်ကိုခံယူပြီးသော ရှင်တော်ဂေါတမအလောင်းသည်။ အဘယ်အရပ်ဌာနမှာနေသည်ဟု။ တွေးတောဆင်ခြင်ရန်တကြောင်း။ သို့မဟုတ်ပျက်ဆီး၍နေသောကပ်ကြီးသုံးကပ်ကာလဆွင်။ ရှင်တော်ဂေါတမအလောင်းသည်။ ဗြဟ္မာပါရိသစ္စာ။ ဗြဟ္မာပုရောဟိတာ။ ဗြဟ္မာပရိတ္တာဘာ။ အပ္ပနာဘာ။ အဘသာရ။ အပ္ပမာနာသုဘာ။ သုဘကိဏှာဟုဆိုအပ်သော။ ဗြဟ္မာကိုးဘုံတို့တွင်ဖြစ်နေသည်ဆိုရခြေက။ ၎င်းဘုံတို့သည်လည်း မီး။ ရေ။ လေဖျက်ရာပါသွားသောဘုံစုဖြစ်သောကြောင့်မဖြစ်နိုင်ချေ။ ။

ကြွင်းကျန်သောဘုံတို့တွင်ဖြစ်နေသည်ဆိုရခြေကလည်း။ ပိဋကတ်သုံးဘုံတွင်မပြမဆို။ ဤကဲ့သို့မပြမဆိုသော်လည်း။ ဇွတ်တရွက်ငြင်းခုံလိုသောသူတို့က။ ကြွင်းကျန်သောဘုံတို့တွင်ဖြစ်သည်ဆိုပါက။ ၎င်းဝေဟပ္ဖိုလ်ဘုံဗြဟ္မာတို့၏ အသက်တမ်းမှာကား။ ကမ္ဘာငါးရာအသက်ရှည်သည်ဟူ၍ ပြဆိုသောကြောင့်။ ဝေဟပ္ဖိုလ်ဘုံဗြဟ္မာတွင်ထိုအချိန်ကာလက။ ရှင်တော်ဂေါတမအလောင်း ဗြဟ္မာဖြစ်၍နေလျှင်။ ယခုဘဒ္ဒကမ္ဘာမှာ ဘုရားလာဖြစ်ရန်အခွင့်မရှိသောသောကြောင့်ဆင်ခြင်စဉ်းစားဘို့ရန်ဖြစ်သောကြောင့်။စဉ်းစားကြည့်ပါလေ။ ။

သိုတည်းမဟုတ်။ မီးလွတ်ရာတပါးပါးတွင်။ စကြာဝဠာဖြစ်၍နေသည်ဟူ၍ဆိုပါက။ နိယတဗျာဒိတ်ကိုခံယူပြီးသောဘုရားအလောင်းသည်။
ဤစကြာဝဠာမှတပါး အခြားစကြ၀ဠာတွင် မဖြစ်ရဟုဆိုသောကြောင့်တကြောင်း။ သုဒ္ဓါဝာသဗြဟ္မာ။ အရူပဗြဟ္မာဘုံတို့တွင်လည်းမဖြစ်သောကြောင့်။ ဆင်ခြင်စဉ်းစားဘို့ရန်အကြောင်းမှာ။ နောက်ပြဆိုခဲ့ပြီးသည့်အတိုင်း။ ၎င်းပြဆိုခဲ့သောယခုဘဒ္ဒကပ်ကမ္ဘာတွင်ကပ်ဦးအစတွင်ရှင်ဂေါတမအလောင်းသည် ။ မဟာတမတသင်္ခစကြာမင်းကြီးလာ၍ဖြစ်သောကြောင့်၎င်း။ ထိုအဖြစ်ကိုပြသောကြောင့်လည်း တချက်။ ထို့ကြောင့်အဘယ်အရပ်ကလာ၍ဖြစ်လာပါသနည်းဟုစဉ်းစားဘို့ရန်ရှိသည်လည်းတကြောင်း။

သို့ဖြစ်၍ ပြဆိုခဲ့သောအရာတို့တွင်။ နိယတဗျာဒိတ်ခံယူသည်ကို ပြသောကြောင့် ......

ထိုကျမ်းစကားကိုအတည်ယူပါက။ ကမ္ဘာတည်ဘုံ။ ပျက်ပုံတို့ကိုပြသောကျမ်းတို့သည်အမှားဖြစ်မည်။

၎င်းကျမ်းတို့ကိုအမှန်ယူလျှင်။ နိယတဗျာဒိတ်ခံသည်ကိုပြသောကျမ်းသည်အမှာဖြစ်မည်။
ယခုဘဒ္ဒကမ္ဘာကပ်ဦးအစတွင်၊ မဟာသမတသင်္ခစကြာမင်းကြီး ရှေးဦးစွာဖြစ်သည်ဟု ပြသောကြောင့်၎င်း ကျမ်းတို့သည်လည်းအမှာဖြစ်မည်။ ၎င်းပြဆိုခဲ့သောကျမ်းတို့သည်။ ဗုဒ္ဓဘာသာဝင်ရဟန်း။ ရှင်လူတို့သည် အမြတ်တနိုး။ အားကိုးအားထားအခြေပြု၍။ အလှုအိမ်။ မသာအိမ်တို့၌ အဟောအပြောအငြင်း အခုံပြုလုပ်ကြသော သင်္ဃာရတနာတင်ပိဋကတ်တိုက်ဝင်ကျမ်းစုပင်ဖြစ်သည်။ ။