စာရေးသူ၏ အမြင်သဘောထား


ကျွန်တော်သည် မြန်မာလူမျိုး ( ဗမာ) စစ်စစ်ဖြစ်ပါသည်။

သို့တိုင်အောင် မျိုးရိုးလိုက်သည် ဆိုလေမလား။ ကြီးပြင်းလာရာ ပါတ်ဝန်းကျင်အတိုင်း အကျွတ်တရားလမ်းစဉ်ကို လွန်စွာလိုလား တောင့်တကာ အကျွတ်တရား ရရှိနိုင်ရေး ကို အပြင်းအထန်းကြိုးပမ်းကာ နေ့ညမနား လုံးလ ကြိုးကုတ်အားထုတ်ပါသော်လည်း အကျွတ်တရားကို ရရန်လမ်းစမရှိ အဆုံးတွင် သတ္တ၀ါတစ်ခု ကံတစ်ခုဟု ရိုးမယ်ဖွဲ့သော ဘ၀တွင် မနေလိုသောကြောင့် ပရိယတ္တိစာပေကို သင်အံ့လေ့လာခဲ့သည်မှာ မူလတန်း၊ ပထမငယ်၊ ပထမကြီး စသော အတန်းရောက်သည်အထိ ကြိုးစားသင်အံ့လေ့လာရာတွင် သိလိုက်ရသည်ကား

"တရားသိလို၍ တရားနာတရားနာတော့ တရားကိုသိ၊ တရားကိုသိလေ အပြစ်ကိုသိလေအပြစ်ကိုသိလေ ဘုရားကို သာ၍ ကိုးကွယ်ရာအဖြစ်မြင်လေ" ဆိုသော စကားနှင့်အညီ လူသည် ဘုရားသာ အဓိကကျကြောင်း တဖြည်းဖြည်းနှင့် သဘောပေါက်လာသောနောက်တွင်မူကား "လောကတွင် ဘုရားမှတပါး အားကိုးရာမရှိ" ကိုကောင်းစွာ သဘောပေါက်လာသောကြောင့် နီပေါသို့ ပညာတော်သင်အဖြစ်သွားရောက်ကာ ပရိယတ္တိ၊ ပရိပတ္တအရေးကို ထိထိရောက်ရောက်လေ့လာသောအခါတွင် "ဘာသာသည်၎င်း၊ လူမျိုးသးည်၎င်း၊ အဖွဲ့အစည်းအသိုင်းအ၀န်းသည်၎င်း" တမလွန်အတွက် လုံးဝ ကိုးစားရာမဖြစ်သည်သာမက ဗုဒ္ဓ၏ စကားတော်အတိုင်း အစွဲအလမ်း အတ္တများသာဖြစ်ပြီး လွတ်မြောက်ရာလမ်းကား "အဇ္ဇတဂ္ဂေပါဏုပေတံ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ" အသက်ထက်ဆုံး ဘုရားရှင်အား မိမိ၏ အသက်သခင် ကယ်တင်ရှင်အဖြစ် လုံးဝ ကိုးစား ၀ကွက်အပ်ကာ တမလွန်အရေးကို တွေးတော ချိန်ဆနေစဉ်ကာလ၌ မြန်မာပြည်မှ နီပေါသို့ ရောက်ရှိနေသော ဓမ္မအမှုတော်ဆောင်များနှင့်တွေ့ကာ ဘ၀အတွက် လွတ်မြောက်ရာလမ်းဖြစ်သော "ဧကောဗုဒ္ဓေါ" တစ်ဆူတည်းသော အရှင်ကို လက်ခံယုံကြည်ခဲ့ပြီး ထိုအရှင်၏ အမှုတော်မြတ်တွင် "အဇ္ဇတဂ္ဂေပါဏုပေတံ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ" ဆိုသည့်အတိုင်း ဆက်ကပ်ခဲ့ပါသည်။ အကြောင်းအားလျှော်စွာ အမှုတော်မြတ်တွင် ပါဝင်နေသောအခါသမယာ၌ မြန်မာပြည်ဖွား အသိမိတ်ဆွေများအား "ဗဟုဗုဒ္ဓေါ" အစား "ဧကောဗုဒ္ဓေါ" ကို ကိုးကွယ်ရန် ဝေငှသက်သေခံသောအခါတွင်၊ အကြောင်းအားလျှော်စွာ အခက်အခဲများကြုံတွေ့ရလေသည်။

ဤသို့ဖြစ်သော်လည်း တရက်တွင် http://ashinnanda.blogspot.com

" ဆိုသော ဆိုဒ်ကို အသိမိတ်ဆွေ တစ်ဦးထံမှ ရလာသောအခါတွင် အထူးတလည်ပင် ၀မ်းသာအားဖြစ်မိပါသည်။ သို့တိုင်အောင် ထိုသူ၏ ကျေးဇူးတရားသည် ကျွန်တော့်အတွက် "ရေငတ်သူအတွက် ရေးတွင်းထဲ" ကျသူပမာ ဖြစ်ရသည်ကား အမှန်ဖြစ်ရငြားလည်း၊ အပြင်အဆင်တွင် အထူးသဖြင့် အကြောင်းအရာအား လုံးဝ အားလုံးတပြည်းညီ တင်ထားသောကြောင့် ကောင်းမွန်သော ဆိုဒ်တစ်ခု ကိုယ်တိုင်ပြုရန် စဉ်းစားမိခြင်းကြောင့် ဤသို့သော ဆိုဒ်ကို ပြုလုပ်ရခြင်းဖြစ်ပါသည်။

ဤနေရာတွင် အထူးသဖြင့် မန္တလေး မစိုးရိမ် စာသင်တိုက်တွင် ရှိနေစဉ်အခါက မိမိတို့၏ ခေတ်အဆက်ဆက်က လုပ်ကြံထားခဲ့ကြသော " ခရစ်တော်၏ ၁၈ နှစ်ပြဿနာ"

" ဗုဒ္ဓ၀ါဒ ပြဿနာများ" နှင့် " ကျောက်ကွင်းအရေးတော်ပုံ" တို့အား အကျွန်ုပ်ကိုယ်တိုင်ပင် အဟုတ်ကြီးထင်ကာ တိမ်သလ္လာတွင် အစွဲတွေတင်၍ အဟုတ်ကြီးမှတ်ကာ စဉ်းစားတွေးတောခဲ့ခြင်းမရှိ အားရ၀မ်းသာ နှစ်ထောင်းပီတီဖြစ်ခဲ့ရသော်လည်း ၄င်း မောင်နန္ဒ ၏ ဆိုဒ်ကြောင့် ယုတ္တိယုတ္တမတန် ယုံခဲ့မိဟန်ကိုလည်း အတော်ကလေးပင် "နှောင်တဖြစ်မဆုံး" ဖြစ်မိပါသည်။

ထို့ကြောင့် ဤနေရာမှနေ၍ မောင်နန္ဒအား၎င်း အထူးကျေးဇူးတင်ရှိသလို ဆက်လက်၍လည်း အခြားအခြားသောမြန်မာပြည်ရှိ ရိုးသားစွာ နေထိုင်နေကြသော ကျေးလက်၊ တောသူ၊ တောင်သား အများစုတို့၏ ရိုးသားမှုကို အခွင့်ကောင်းယူကာ အဆိပ်မှိုင်းတိုက်ခြင်းကို ခံနေကြသူ ရဟန်း၊ ရှင်လူ ၊ ပြည်သူ " ကလောင်အဆိပ်မိနေသူများ"အားလည်း ကျွန်ုပ်သည် တတ်စွမ်းနိုင်သ၍ လက်တွဲကာ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြေင်းနှင့် ဆထက်ထမ်းပိုး သာသနာအတွက် "သာသနာ့ မျိုးစေ့ အမှန်ကို စိုက်ပျိုးပေးရန်" တောင်းဆိုရင်း ဤဆိုဒ်တွင် ကူးယူတင်ပြခွင့်ပြုရန် တောင်းဆိုလိုက်ပါသည်။


အမှန်တွင်ကား လူသားတိုင်းတို့သည် "အတ္တတည်းဟူသော အစွဲ" ကိုပြုတ်ရန်လိုသည်ကို အမှန်သိသော်လည်း ၄င်းတို့တွင် " ငါ့လူမျိုး" "ငါ့ဘာသာ" "ငါ့အယူ" "ငါ့ဘုရား" စသော အစွဲမှားများ မပါဟုထင်မှတ်သော်လည်း၊ ဘုရား၏ တရားလမ်းစဉ်သည်ကား ၄င်းအစွဲအလမ်းတို့သည် အဓိက ပဓါန ကျလှပြီး "ငါအစွဲနှင့် နောင်တငမွဲသည်၊ အပါယ်ဆုံးထိ ခင်တွယ်ဦးမည်" ဆိုသည့်အတိုင်း ဘုရားဆိုသော "လူသားအားလုံး၏ ကိုးကွယ်ရာ" အား လူတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများဖြင့် ဘောင်ခြားသတ်မှတ်နေသ၍ " လူ့အဖြစ်ရခဲလှသည်ဆိုသော်လည်း လူဖြစ်ကျိုး ရှုံးကျရပေဦးမည်" ကား မတွေးတောဝံ့စရာပင်ဖြစ်သည်။