ကျမ်းရေးသူတို့စာရင်း

ပေါက္ကံမြို့သို့ပိဋကတ်ရောက်မှ၊ နောက်ရေးသားသော ကျမ်းအမည်နှင့် တကွ၊ ရေးသားသော ဆရာတို့ကိုပြဆိုရပါလျှင်၊
  • သုတ္တနိဒ္ဒေသကျမ်း၊ သင်္ခေပ၀ဏ္ဏနာကျမ်း၊ နာမစာရဒီပကကျမ်း၊ ၀ိနယဇလတ္ထကျမ်း၊ သိမာလင်္ကာရကျမ်း၊ ၎င်းငါးကျမ်းကို ပုသိမ်မြို့ပိုင်၊ ဖွားရင်းဇာတိစ္ဆဆပဒရွာသား ရှင်ဆပဒ ရေးသည်။
  • ဦသိကျမ်းကို ပုဂံမြို အလောင်းစည်သူမင်းလက်ထက်၊ ရှင်ဝိမလဗုဒ္ဓိရေးသည်။
  • ဆန်းဋီကာဟောင်းကို ၎င်းမင်းလက်ထက်၊ ရှင်ဝိမလပုဂ္ဂိုငယ်ရေးသည်။
  • ဆန်းဋီကာနှင့် ဆန္ဒောသာရ၀ိကာသနီကျမ်းတို့ကို ရှင်သဒ္ဓမညာဏရေးသည်။
  • ဆန်းဋီကာငယ် ၀ဇနတ္ထဇောတိကကျမ်းကို၊ ရှင်ဝေပုလ္လရေးသည်။ ဥာဏ်ကျမ်းအဖွင့်၊ သံပျင်ဋီကာကျမ်းကို၊ ရဟန်းလူထွက် သံပျင်အမတ်ကြီးရေးသည်။
  • ကာရိကမူလကျမ်း ။ ကာရိကဋီကာကျမ်း။ ၎င်းနှစ်ကျမ်းကို ပေါက္ကံမြို့ထီးလှိုင်ရှင် မင်းလက်ထက်တွင်ရေးသည်။
  • သဒ္ဒတ္တ ဘေဒစိန္တာ။ ဗျိဟဒ်ကျမ်းကို ရှင်သဒ္ဓမ္မသီရိရေးသည်။
  • တေကူရကောသလ္လကျမ်း ကို၎င်းမင်းလက်ထက်။ ရှင်သဒ္ဒမ္မကိတ္တိရေးသည်။
  • မုခမတ္တသာရကျမ်းကို ၎င်းမင်းလက်ထက်။ ရှင်သဒ္ဓမ္မကိတ္တိရေးသည်။
  • သဒ္ဒဗိန္ဓုကျမ်းကို။ ပရမတ္တဗိန္ဓုကျမ်းတို့ကို ၎င်းမင်းလက်ထက်တွင် ကျစွာအမတ်မင်းကြီးရေးသည်။
  • သဒ္ဒနီတိအတတ်ကျမ်း။ သဒ္ဒ၀ုတ္တိကျမ်းကို ရှင်သဒ္ဓမ္မဂုရုရေးသည်။
  • နာမစာရနကျမ်း။ ပဋိဝတကကျမ်း။ အဘိဓမ္မာဂမ္ဘီရကျမ်း။ သုတ္တနိဒ္ဒေသကျမ်း။ ၎င်းနှစ်ကျမ်းကို ။ ရှင်သဒ္ဓမ္မဇောတိပါလရေးသည်။
  • သဒ္ဒ၀ုတ္တိဋီကာကျမ်းကို ထီလှိုင်မင်းလက်ထက်တွင် ရှင်သာရိပုတ္တရာရေးသည်။
  • သမ္ဗန္ဓစိန္တာဋီကာကျမ်းကို ရှင်ဝါမိဿရေးသည်။ ဗာလာဝတာဋီကာကျမ်းကို ရှင်ဥတ္တမရေးသည်။
  • အဘိဓါန်ဋီကာကျမ်းကို စတုရင်္ဂဗလ အမတ်ကြီးရေးသည်။
  • လောကသာရကျမ်းကို မင်းကြီးစွာစော်ကဲလက်ထက်၊ ဓာသ၀တီမြို့သား၊ ရခိုင်ဘုန်းကြီးရေးသည်။
  • မဏီသာရမဇ္ဇျုကျမ်း။ မဏီဒီပဂန္ဓာကျမ်း။ မဟာန်သရကျမ်း။ ဇာတက၀ိသောဒနီကျမ်း။ ၎င်းလေးကျမ်းကို အင်းဝမြို့ ဒုတယမင်းခေါင်လက်ထက်တွင် ရှင်သီဝလံသရေးသည်။
  • စတုဓမ္မသာရပျို့။ သံဝရပျို့။ ဘူရိဒတ်ပျို့။ တံတားဦးတည်ပျို့။ ၎င်းလေးကျမ်းကို ရှင်ရဌသာရ ရေးသည်။
  • ဝေသန္တာရာပျို့။ အဌသာလိနီကျမ်း။ ပီသတိဝဏ္ဏာနာကျမ်း။ ရသ၀ဃန၀တ္ထု။ ၀ိနယလင်္ကာရကျမ်း။ သာလွန်မင်းတရားအရေးတော်ပုံအဖြေ။ ၎င်းကျမ်းစုကို တောင်ဖီလာဆရာတော်ကြီးရေးသည်။
  • ဇာတ်ကြီးဆယ်ဘွဲ့အစရှိသောဇာတ်တော်ပေါင်း တရာ့ငါးဆယ်။ ဇာတ်နိပါတ်နိသျှကျမ်းကို အင်းဝမြို့မင်းရဲကျော်လက်ထက်။ ချင်းတွင်းမြစ်နှင့် အနီး ကြံကူးရွာတွင် သီတင်းသုံးနေသော ရှင်အနောမဒသီရေးသည်။
  • မနီကုဏ္ဍလ၀တ္ထု။ သတ္တရာဇဓမ္မ၀တ္ထု။ ၎င်းကျမ်းတို့ကိုဥဇနာမင်းကြီးလက်ထက် တရွင်းချေဘုန်းကြီးရေးသည်။
  • သဒ္ဒါနိသျှည်း။ အဘိဓမ္မတ္တသင်္ဂြိုလ်နိသျှည်း။ အဘိဓမ္မတ္ထသင်္ဂြိုလ်မာတိကာ။ ဓာတုကထာ။ ယမိုက်။ ပဌာန်းအကောက်။ ရာဇ၀င်အချုပ်တို့ကို ပြည်မင်းလက်ထက်။ နန်းကျောင်းဘုန်းကြီးရေးသည်။
  • အဌသာလိနီအဖွင့်။ သမောဟ၀ိနောဒနီလက်သန်းဋီကာ။ ကင်္ခါဝိသရနီကျမ်း။ သင်္ခေပ၀ဏ္ဏာဝင်ကျမ်းစုတို့ကို။ မဟာသီဟသူမင်းလက်ထက်။ ရွှဦးမင်းဘုန်းကြီးရေးသည်။

ထိုမှတပါးမြန်မာရဟန်းရှင်လူတို့သည် မိမိတို့သဘောနှင့်မတွေ့၍။ မင်းတုန်းရှင်ဘုရင်လက်ထက်။ ပိဋကတ်တိုက်တော်သို့မသွင်း။ စာရင်းမတင် ပါယ်ရှင်းသောကျမ်းတို့သည်လည်း အများရှိသည်။ ယခုတိုင်လည်း  
`` တကျောင်းတဂါထာ အရွာတပုတ်ဆန်း´´ ဆိုသော စကားပုံအတိုင်း မိမိတို့အတ္တနှင့်အညီ့အယူဝါဒ နှင့်မြန်မာဘုန်းကြီးတို့သည်။ မြို တိုင်းရွာတိုင်းကပင်နေ၍ ကျမ်းပြုစုကြလေ၏။ယခုကျမ်းမည်နှင့်တကွ။ ဘော်ပြခဲ့သောကျမ်းတို့သည်။
  1. အချို့သောဗေဒင်ကျမ်းစကားတို့က အမှီပြု၍ရေးသည်။
  2. အချို့ ရှေးကပုံပြင်။ ၀တ္ထုတို့ကိုအမှီပြု ၍သော၎င်း။ သဘောရရာကိုရေးသည်။ အဆုံးမှာ ရှင်တော်ဂေါတမအဟောလုပ်၍ပြသကြသည်။ ။သို့သောကြောင့်ဗုဒ္ဓဘာသာပိဋကတ်တို့ကိုစစ်ဆေး၍ကြည့်လျှင် တခုမျှညီညွတ်ခြင်းမရှိကြောင်း သိရပေမည်။ သို့ကြောင့်ကျွန်ပ်သည်။ အမှားအမှန်ကိုသိဘို့ရန် ပိဋကတ်ကျမ်းဆိုအတိုင်း သိသာအောင်ရေးသားဘော်ပြပါမည်။ စဉ်စားသောဥာဏ်နှင့်ကြည့်ရှုကြပါလေဓမ္မအဆွေ။ ။