အဘိဓမ္မာနည်းအားဖြင့်။
ရူပနှင့် အရူပကို၊ ဘဝ၌သွင်း၍ ဣသာနှင့် မစ္ဆရိယာကိုသွင်း၍ ရေတွက်သည်။
ခရစ်ယာန်။ ။ သမ္မာကျမ်းစာ၌၊ လူအစ ဘုရားသခင်က ဖြစ်ကြောင်း။ ဘုရားသခင်သည်၊ က ၁း၂၆၊၂း၇၌ မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ လူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။ လူကိုဘုရားသခင် ဖန်ဆင်းတော်မူကြောင်း။ ဖန်ဆင်းစကတည်းကပင်၊ လူသည် ဇာတိအားဖြင့်၊ ရုပ်၊ နာမ် နှစ်ပါးရှိသော သတ္တဝါဖြစ်ကြောင်း။ နာမ်သည်၊ ဘုရားသခင်ထံတော်မှ လာ၍ ရုပ်သည် မြေကဖြစ်ပါကြောင်း။ ဇာတိနှစ်ပါးရှိသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ကျမ်းသက်သေတို့ကား မဿဲ ၁၀း၂၀။ မာ ၁၄း၃၈။လု ၁၂း၂၂။တမန်တော် ၂း၂၇။ ရောမ ၂း၂၈-၂၉။ ၁ ကော ၅း၃-၅၊၆း၁၆၊ ၇း၃၄။ ၂ ကော ၇း၁။ ကောလောသဲ ၂း၅။ ဟေရှာယ ၁၂း၉။ ယာ ၂း၂၆။ ၁ ပေတရု ၂း၁၁၊၃း၁၈၊၄း၁၉ တို့တွင်ကြည့်ပါလေ။