သတပါးကိုယ်၌ စွဲကပ်သည်ကိုလည်း မအောင်မြင်

ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေစဉ်အခါ။ ဗိမ္မိသာရမင်းကြီး၏သားဖြစ်သော၊ အဇာတသတ်မင်းသားသည်။ ရှင်ဂေါတမ၏ယောက်ဖတော်ဖြစ်သော၊ ဒေ၀ဒတ်၏စကားကိုနားထောင်၍ ဖမည်းတော်ကိုနန်းကချပြီးလျှင်၊ ခြေဖ၀ါးတော်ကို ဓါးဖြင့်မွန်းပြီးလျှင်။ ဆားလူးမီးကင်စေ ဟုထောင်မှုးတို့အားပြုလုပ်စေပြီးသည်။ ထိုအခါ၊ ဗိမ္မိသာရမင်းကြီးသည်၊ အလွန်ပြင်းထန်စွာခံစား၊ နာကျဉ်ပါသောကြောင့်။ ရှင်ဂေါတမသည် တန်ခိုးတော်အားဖြင့် ကယ်မနိုင်လိမ့်မည်ဟုအထင်ဖြင့် အားကိုးအားထားပြု၍။ ကျယ်သောအသံဖြင့် ကယ်တော်မူပါဟူ၍ အော်ဟစ်သောအခါ၊ ရှင်တော်ဂေါတမ တပည့်တို့သည်ကြားလျှင်၊ ညီတော်အာနန္ဒာအားလျှောက်ထားစေသောအခါ၊ ရှင်တော်ဂေါတမကပြန်၍မိန့်တော်မူလေသည်မှာ။ ငါလည်းအိုခြင်း၊ နာခြင်း၊ သေခြင်း၊ စသည့်တရားတို့ကို မလွန်သာနိုင်သောကြောင့်၊ ထိုဓမ္မတာတရားလမ်းသို့ဝင်ရဦးမည်ဟု၊ ညီတော် အာနန္ဒာအားပြန်မိန့်တိုလေသည်။ ထို့ကြောင့် ရှင်တော်ဂေါတမသည် သူတပါး၏အပြင်ခန္ဓာမာရ်ကိုမအောင်ကြောင်းသိရလေသည်။ ။